“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
မဿဲ 17:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။ Common Language Bible ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။ Garrad Bible ထို သို့ လျှောက် စဉ် ပင် တောက် ပ သော တိမ် တိုက် သည် လွှမ်း မိုး လျက် ဤ သူ ကား ငါ နှစ် သက် မြတ် နိုး ရာ ချစ် သား ပေ တည်း။ သူ့ အ မိန့် ကို နာ ခံ ကြ ဟု တိမ် တိုက် တဲ က ဗျာ ဒိတ် တော် သံ ရောက် လာ သည် ကို တ ပည့် တော် တို့ ကြား သော်၊ Judson Bible ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ပေတရုလျှောက်ထားစဉ် တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှအသံတော်က “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။ သူ့စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။ မြန်မာ ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။- |
“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
တပည့်တော်တို့သည် ထိုအသံတော်ကို ကြားသောအခါ အလွန်အမင်းကြောက်ရွံ့၍ မြေပေါ်တွင် ပျပ်ဝပ်ကြ၏။
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုအခါ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုစဉ် မိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ယေရှုအပေါ်ဆင်းသက်၍ နားတော်မူ၏။ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။
ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏။ သင်တို့သည် ခမည်းတော်၏ အသံတော်ကိုလည်း မည်သည့်အခါမျှမကြားကြ။ ပုံသဏ္ဌာန်တော်ကိုလည်း မမြင်ကြ။
ထိုသို့ မိန့်တော်မူပြီးနောက် တမန်တော်တို့သည် ကြည့်ရှုနေကြစဉ် သခင်ဘုရားသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့၏မြင်ကွင်းမှ ဖုံးကွယ်လေ၏။
ထိုမောရှေမှာ ‘ဘုရားသခင် ထာဝရဘုရားသည် သင်တို့၏အမျိုးထဲမှ ငါကဲ့သို့သော ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်းစေတော်မူလိမ့်မည်’ ဟု အစ္စရေးလူမျိုးတို့အား ပြောခဲ့သူဖြစ်၏။
ထို့ကြောင့် ချစ်တော်မူသော သားတော်အားဖြင့် ကျွန်ုပ်တို့ကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုန်းကြီးသောကျေးဇူးတော်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းကြရမည်ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှောင်၏ အုပ်စိုးမှုထဲမှ ကယ်တင်၍ မိမိချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်ကို လှံနှင့် ထိုးဖောက်ခဲ့သူများအပါအဝင် လူတိုင်းက မြင်ကြရလိမ့်မည်။ ကမ္ဘာလောကရှိ လူမျိုးအပေါင်းတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအရာသည် အမှန်ပင်ဖြစ်၏။ အာမင်။
တစ်ဖန် ကျွန်ုပ်ကြည့်လိုက်ရာ လူသားနှင့် တူသည့်သူတစ်ဦးသည် မိုးတိမ်ဖြူပေါ်တွင် ထိုင်နေသည်ကို မြင်ရ၏။ သူသည် ခေါင်းပေါ်တွင် ရွှေသရဖူကို ဆောင်းထားပြီး လက်ထဲ၌ ထက်သောတံစဉ်တစ်ခုကို ကိုင်ထား၏။