သို့သော် ထိုသူတို့ကို မကြောက်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ဖုံးကွယ်ထားသမျှသည် ဖော်ထုတ်ခံရပြီး လျှို့ဝှက်ထားသမျှတို့သည် ပေါ်လာမည်ဖြစ်သောကြောင့်ပင် ဖြစ်၏။
မဿဲ 10:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။ Common Language Bible ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။- Garrad Bible ကိုယ် ခ န္ဓာ ကို သတ် သော် လည်း အ သက် ဝိ ညာဉ် ကို မ သတ် နိုင် သော သူ တို့ ကို မ ကြောက် ကြ နှင့်။ င ရဲ မီး၌ အ သက် ဝိ ညာဉ် နှင့် ကိုယ် ခ န္ဓာ ပါ ဖျက် ဆီး နိုင် သော အ ရှင် ကို သာ ကြောက် ကြ လော့။ Judson Bible တစ်နည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။ မြန်မာ တစ်နည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။- |
သို့သော် ထိုသူတို့ကို မကြောက်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ဖုံးကွယ်ထားသမျှသည် ဖော်ထုတ်ခံရပြီး လျှို့ဝှက်ထားသမျှတို့သည် ပေါ်လာမည်ဖြစ်သောကြောင့်ပင် ဖြစ်၏။
ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
ကောင်းမှုပြုသောသူတို့သည် သေရာမှ ထမြောက်၍ ပြန်ရှင်လိမ့်မည်။ မကောင်းမှုပြုသောသူတို့သည် သေရာမှထမြောက်၍ အပြစ်စီရင်ခြင်းခံရလိမ့်မည်။
သို့ရာတွင် ပေါလုက “သင်တို့သည် ငိုကြွေးလျက် ကျွန်ုပ်စိတ်နှလုံးကို ပူဆွေးဝမ်းနည်းစေရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်သည် ဂျေရုဆလင်မြို့၌ ထောင်ကျခံရန်မျှသာမက သခင်ယေရှု၏အမည်နာမအတွက် အသေခံရန်ပင် အသင့်ရှိပါ၏” ဟု ပြန်ပြောလေ၏။
အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ရခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှ၏။
အချို့အမျိုးသမီးများသည် မိမိတို့၏ ဆွေမျိုးများ သေရာမှ ထမြောက်လာသောကြောင့် သူတို့ကို ပြန်လည်ရရှိကြ၏။ အချို့လူတို့သည် ပိုမိုမွန်မြတ်သောဘဝသို့ ထမြောက်လိုသဖြင့် လွတ်မြောက်ခွင့်ကို လက်မခံဘဲ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြ၏။
ပညတ်တရားကို ပေးတော်မူသောအရှင်၊ တရားစီရင်တော်မူသောအရှင် တစ်ပါးတည်းသာ ရှိ၏။ ထိုအရှင်သည် ကယ်တင်နိုင်စွမ်းနှင့် ဖျက်ဆီးနိုင်စွမ်း ရှိသောဘုရားသခင်ဖြစ်တော်မူ၏။ သို့သော် သင်သည် မည်သူဖြစ်၍ သူတစ်ပါးကို စီရင်ရသနည်း။
ဖြောင့်မတ်စွာ ပြုမူခြင်းအတွက် ဆင်းရဲဒုက္ခခံစားရလျှင်ပင် သင်တို့သည် မင်္ဂလာရှိကြ၏။ လူတို့၏ ခြိမ်းခြောက်မှုကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။