ပန်းတဉ်းဆရာ အလက်ဇန်းဒါးသည် ကျွန်ုပ်ကို အလွန်ဆိုးရွားစွာ ပြုခဲ့၏။ သူပြုခဲ့သည့် အပြုအမူများအတွက် သခင်ဘုရားစီရင်တော်မူလိမ့်မည်။
ဗျာဒိတ် 18:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတစ်ပါးကို သူပြုခဲ့သည့်အတိုင်း သူ့အား ပြန်၍ ပြုကြလော့။ သူပြုမူခဲ့သည့်အရာအတွက် နှစ်ဆတိုး၍ တုံ့ပြန်ကြလော့။ သူရောစပ်ပေးသည့် ခွက်၌ သူ့အတွက် နှစ်ဆတိုး၍ ရောစပ်ပေးကြလော့။ Common Language Bible သင်တို့အားသူပြုကျင့်သည့်အတိုင်း သူ့အားလက်စားချေကြလော့။ သူပြုကျင့်သည်ထက်နှစ်ဆလက်စားချေ ကြလော့။ သင်တို့အတွက်ဖလားတွင်သူရောစပ်ပေးသည့် သောက်သုံးစရာထက်နှစ်ဆပြင်းအောင်သူ့ အတွက် ရောစပ်ပေးကြလော့။ Garrad Bible ထို မြို့ စီ ရင် ခဲ့ သည့် အ တိုင်း ပင် စီ ရင် ခြင်း၊ အ ကျင့် အ ကြံ များ အ လိုက် နှစ် ဆ တုန့် ပြန် ခြင်း၊ ရော စပ် ခဲ့ သော ခွက်၌ နှစ် ဆ ရော စပ် ခြင်း၊ Judson Bible သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဖို့ နှစ်ဆတိုး၍ လောင်းကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သူပေးခဲ့သည့်အတိုင်း သူ့အားပြန်ပေးကြလော့။ သူပြုသောအမှုများအပေါ် နှစ်ဆတိုး၍တုံ့ပြန်ကြလော့။ သူရောစပ်ခဲ့သောခွက်၌ သူ့အတွက်နှစ်ဆရောစပ်ပေးကြလော့။ |
ပန်းတဉ်းဆရာ အလက်ဇန်းဒါးသည် ကျွန်ုပ်ကို အလွန်ဆိုးရွားစွာ ပြုခဲ့၏။ သူပြုခဲ့သည့် အပြုအမူများအတွက် သခင်ဘုရားစီရင်တော်မူလိမ့်မည်။
ထောင်ကျမည့် သူသည် ထောင်ချခံရလိမ့်မည်။ ဓားဖြင့် အသတ်ခံရမည့် သူသည်လည်း ဓားဖြင့် အသတ်ခံရလိမ့်မည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သည်းခံ၍ ယုံကြည်ရန် ဖြစ်၏။
ဘုရားသခင်၏အမျက်တော်ဖလား ထဲ၌ ပြည့်လျှံစွာ လောင်းထည့်ထားသည့် အမျက်တော်စပျစ်ဝိုင်ကို သောက်ရမည်။ ထိုသူတို့သည် သန့်ရှင်းသောကောင်းကင်တမန်များနှင့် သိုးသငယ်တော်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲ၌ ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
မြို့ကြီးသည် သုံးပိုင်းကွဲ၍ တိုင်းနိုင်ငံများ၏ မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဘေဘီလုံမြို့ကြီး၏ အပြစ်များကို သတိရတော်မူလျက် အမျက်တော်နှင့် ပြည့်နေသော စပျစ်ဝိုင်ကို ထိုမြို့အား တိုက်တော်မူ၏။
ဤလောကီ ဘုရင်တို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ထိုပြည့်တန်ဆာမကြီးနှင့် ကျူးလွန်ကြ၏။ ကမ္ဘာလောကတွင် နေထိုင်ကြသောသူအပေါင်းတို့သည်လည်း တရားနှင့်မညီသော မေထုန်ပြုခြင်းဟူသည့် သူ၏စပျစ်ဝိုင်ကို သောက်၍ ယစ်မူးကြပြီ” ဟု ပြော၏။
ထိုအမျိုးသမီးသည် ခရမ်းရောင်နှင့် အနီရောင်အဝတ်အစားများကို ဝတ်ဆင်ထား၏။ ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ကို ဆင်မြန်းထား၏။ သူ၏ လက်၌ စက်ဆုပ်ရွံရှာဖွယ်ရာများ၊ တရားနှင့်မညီသောမေထုန်မှု၏ညစ်ညမ်းဖွယ်ရာများနှင့် ပြည့်နေသောရွှေခွက်ကို ကိုင်ဆောင်ထား၏။
အို ကောင်းကင်ဘုံသားတို့… ထိုမြို့၏ပျက်စီးခြင်းအတွက် ဝမ်းမြောက်ကြလော့။ အို သန့်ရှင်းသောသူတို့၊ တမန်တော်တို့နှင့် ပရောဖက်တို့… ဝမ်းမြောက်ကြလော့။ သင်တို့အပေါ် ပြုခဲ့သည့်အမှုအတွက် ဘုရားသခင်သည် ထိုမြို့ကို တရားစီရင်တော်မူပြီ။