ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လာ၏။ လုတ္တရမြို့တွင် တိမောသေဟု ခေါ်သော တပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူ ဂျူးအမျိုးသမီးဖြစ်ပြီး ဖခင်မှာ ဂရိအမျိုးသားဖြစ်၏။
ဖိလေမုန် 1:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်၏ သတင်းကောင်းကို ဟောပြောသဖြင့် အကျဉ်းချခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီအစ်ကို တိမောသေတို့က ကျွန်ုပ်တို့၏ ချစ်ခင်ရသောမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဖိလေမုန်နှင့် Common Language Bible ခရစ်တော်ယေရှု၏အမှုတော်ကိုထမ်းရွက် သည့်အတွက်ကြောင့် အကျဉ်းခံနေရသူငါ ပေါလုနှင့်ငါတို့၏ညီတိမောသေထံမှ ငါ တို့ချစ်သောလုပ်ဖော်ဆောင်ဘက်ဖိလေမုန်ထံ သို့လည်းကောင်း၊- Garrad Bible ခ ရစ် တော် ယေ ရှု၏ အ ကျဉ်း သား ဖြစ် သော ပေါ လု နှင့် ညီ အစ် ကို တိ မော သေ တို့ က ငါ တို့ ချစ် လှ သော လုပ် ဖော် ဆောင် ဘက် ဖြစ် သူ ဖိ လေ မုန် မှ စ၍၊ Judson Bible ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ငါတို့ချစ်သော လုပ်ဖော်ဆောင်ဖက်ချင်း ဖိလေမုန်၊- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ချစ်ရသောငါတို့၏လုပ်ဖော်ဆောင်ဖက် ဖိလေမုန်မှစ၍ |
ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လာ၏။ လုတ္တရမြို့တွင် တိမောသေဟု ခေါ်သော တပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူ ဂျူးအမျိုးသမီးဖြစ်ပြီး ဖခင်မှာ ဂရိအမျိုးသားဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းတွင် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်ဖြစ်ကြ၏။ ဘုရားသခင်၏ အဆောက်အအုံလည်း ဖြစ်ကြ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
ဤအကြောင်းကြောင့် လူမျိုးခြား သင်တို့အတွက် ယေရှုခရစ်တော်၏ အကျဉ်းသား ဖြစ်သော ကျွန်ုပ်ပေါလုသည် ဘုရားသခင်ထံ ဆုတောင်း၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
ကျွန်ုပ်သည် ထိုသတင်းကောင်းအတွက် အကျဉ်းချခံရသော သံတမန် ဖြစ်၏။ သို့သော်လည်း ကျွန်ုပ် ဟောပြောသင့်သည့်အတိုင်း ရဲဝံ့စွာ ဟောပြောနိုင်ရန် ဆုတောင်းကြလော့။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ယေရှုခရစ်တော်၏ အစေအပါးများဖြစ်ကြသော ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူးသဖြင့် အသင်းတော်ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များထံသို့ ပို့လိုက်သော စာဖြစ်၏။
သို့သော် ဤအတောအတွင်း ဧပဖြောဒိတ်ကို သင်တို့ထံသို့ ပြန်လည်စေလွှတ်သင့်သည်ဟု ကျွန်ုပ်ထင်မြင်ယူဆ၏။ သူသည် ကျွန်ုပ်၏လိုအပ်ချက်များကို ကူညီဖြည့်ဆည်းရန် သင်တို့စေလွှတ်လိုက်သော သင်တို့၏တမန်၊ ကျွန်ုပ်၏ညီ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်ဖြစ်၏။
ကျွန်ုပ်၏ စစ်မှန်သောလုပ်ဖော်ကိုင်ဖက်… ဤအမျိုးသမီးနှစ်ဦး သင့်မြတ်ရန် ကူညီပါလော့ ဟု သင့်ကို ကျွန်ုပ် တောင်းဆိုပါ၏။ သူတို့သည် အသက်စာစောင်တွင် အမည်ပါရှိသော ကလေမင်မှစ၍ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်တကွ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ လက်တွဲကြိုးပမ်းခဲ့ကြသူများ ဖြစ်၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က
ယုတ္တုခေါ် ယေရှုသည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆောင်ရွက်ကြသော ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များအနက် ဤသူတို့သာလျှင် ဂျူးလူမျိုးများ ဖြစ်ပြီး ကျွန်ုပ်ကို အမှန်တကယ် အကူအညီပေးသောသူများ ဖြစ်ကြ၏။
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်ပေါလု၊ သိလွာနုနှင့် တိမောသေတို့က ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ကို ယုံကြည်ကြသော သက်သာလောနိတ်မြို့သားတို့၏ အသင်းတော်ထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့၏ သခင်ဘုရားအကြောင်း သက်သေခံရန် မရှက်နှင့်။ သခင်ဘုရားအတွက်ကြောင့် အကျဉ်းချခံနေရသော ကျွန်ုပ်အတွက်လည်း မရှက်နှင့်။ ဘုရားသခင်၏ တန်ခိုးတော်ဖြင့် သတင်းကောင်းအတွက် ကျွန်ုပ်နှင့်အတူ ဒုက္ခခံလော့။
ယေရှုခရစ်တော်အတွက်ကြောင့် ကျွန်ုပ်နှင့်အတူ အကျဉ်းချခံရသော ဧပဖြသည် သင့်ကို နှုတ်ဆက်လိုက်ပါ၏။
ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည်လည်း သင့်ကို နှုတ်ဆက်လိုက်ပါ၏။
မေတ္တာဖြင့်သာ တောင်းပန်လို၏။ ယေရှုခရစ်တော်ကြောင့် အကျဉ်းချခံထားရသည့် အသက်ကြီးသူ ကျွန်ုပ်ပေါလုသည်