ထိုနေ့ရက်များတွင် သူသည် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွား၏။ လူတို့က သူ၏အလောင်းကို ဆေးကြောသန့်စင်ကာ အပေါ်ထပ်အခန်း၌ ထားကြ၏။
ဖိလိပ္ပိ 2:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် အမှန်တကယ် သေလုနီးပါး နာမကျန်းဖြစ်ခဲ့၏။ သို့သော် ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်ဘဲ ကျွန်ုပ်၌ တစ်ပူပေါ်နှစ်ပူဆင့် မဖြစ်ရလေအောင် ကျွန်ုပ်ကိုလည်း သနားတော်မူ၏။ Common Language Bible သူသည်အမှန်ပင်သေလုနီးပါးဖျားနာခဲ့၏။ သို့ရာတွင်ဘုရားသခင်သည်သူ့ကိုသနား တော်မူလေပြီ။ သူ့ကိုသာလျှင်သနားတော် မူသည်မဟုတ်။ ငါ့အားလည်းထပ်ဆင့်ဝမ်း နည်းမှုနှင့်မကြုံတွေ့စေရန်သနားတော်မူ၏။- Garrad Bible သေ လု အောင် နာ လျက် ရှိ နေ ခဲ့ သည် မှန် သော် လည်း ဘု ရား သ ခင် သည် သူ့ အ ပေါ် တွင် သာ မ ဟုတ်။ ငါ့ အ ပေါ် တွင် လည်း ထပ် ဆင့် ပူ ပန် ခြင်း မ ရှိ စေ ရန် က ရု ဏာ သက် တော် မူ ၏။ Judson Bible သူသည် သေလုအောင် နာသည်မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်။ ငါ၌ ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှာ၊ ငါ့ကိုလည်း သနားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် အမှန်ပင် သေလုနီးပါးနာမကျန်းဖြစ်ခဲ့၏။ သို့သော် ဘုရားသခင်သည် သူ့ကိုသနားတော်မူလေပြီ။ သူ့ကိုသာမဟုတ်ဘဲ ငါ၌ တစ်ပူပေါ်တစ်ပူဆင့်မဖြစ်ရလေအောင် ငါ့ကိုလည်း သနားတော်မူ၏။ |
ထိုနေ့ရက်များတွင် သူသည် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွား၏။ လူတို့က သူ၏အလောင်းကို ဆေးကြောသန့်စင်ကာ အပေါ်ထပ်အခန်း၌ ထားကြ၏။
သင်တို့ဘဝတွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများသည် အခြားသူများ ကြုံတွေ့ရသောစုံစမ်းနှောင့်ယှက်မှုများနှင့် မခြားနားပါ။ ဘုရားသခင်သည် သစ္စာရှိတော်မူသည်ဖြစ်၍ သင်တို့ ခံနိုင်သည်ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အား ခံစေတော်မူမည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့ကြုံတွေ့ရသောအခါ ဘုရားသခင်သည် သင်တို့ခံနိုင်ရန်အတွက် လွတ်မြောက်မည့်လမ်းကို ပြင်ဆင်ပေးတော်မူလိမ့်မည်။
ယခုအချိန်သည် သူ့ကို ခွင့်လွှတ်၍ နှစ်သိမ့်ရမည့်အချိန်ဖြစ်၏။ ထိုသို့မဟုတ်လျှင် သူသည် အလွန်အကျွံ ဝမ်းနည်းခြင်းထဲ၌ နစ်မြုပ်သွားလိမ့်မည်။
သူ့ကို ပြန်လည်စေလွှတ်သင့်သည့်အကြောင်းက သူနာမကျန်းဖြစ်သည်ကို သင်တို့ကြားသိကြောင်း သူသိသောအခါ စိတ်မကောင်းဖြစ်နေပြီး သူသည် သင်တို့အားလုံးကို လွမ်းဆွတ်နေသောကြောင့် ဖြစ်၏
ထို့ကြောင့် သင်တို့ထံသို့ သူ့ကိုပြန်လည်စေလွှတ်ရန် ကျွန်ုပ် ပို၍ စိတ်အားထက်သန်၏။ ဤသည်မှာ သင်တို့သည် သူ့ကို ပြန်လည်တွေ့မြင်ရသောအခါ ဝမ်းမြောက်ရန်နှင့် ကျွန်ုပ်သည်လည်း စိတ်သက်သာရာရရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အား သင်တို့မပေးနိုင်သည့် အကူအညီကို ပေးရန် မိမိအသက်ကို စွန့်စားကာ ခရစ်တော်၏ အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့သောကြောင့် ဖြစ်၏။