ဖိလိပ္ပိ 2:27 - Common Language Bible27 သူသည်အမှန်ပင်သေလုနီးပါးဖျားနာခဲ့၏။ သို့ရာတွင်ဘုရားသခင်သည်သူ့ကိုသနား တော်မူလေပြီ။ သူ့ကိုသာလျှင်သနားတော် မူသည်မဟုတ်။ ငါ့အားလည်းထပ်ဆင့်ဝမ်း နည်းမှုနှင့်မကြုံတွေ့စေရန်သနားတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible27 သေ လု အောင် နာ လျက် ရှိ နေ ခဲ့ သည် မှန် သော် လည်း ဘု ရား သ ခင် သည် သူ့ အ ပေါ် တွင် သာ မ ဟုတ်။ ငါ့ အ ပေါ် တွင် လည်း ထပ် ဆင့် ပူ ပန် ခြင်း မ ရှိ စေ ရန် က ရု ဏာ သက် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 သူသည် သေလုအောင် နာသည်မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်။ ငါ၌ ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှာ၊ ငါ့ကိုလည်း သနားတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 သူသည် အမှန်ပင် သေလုနီးပါးနာမကျန်းဖြစ်ခဲ့၏။ သို့သော် ဘုရားသခင်သည် သူ့ကိုသနားတော်မူလေပြီ။ သူ့ကိုသာမဟုတ်ဘဲ ငါ၌ တစ်ပူပေါ်တစ်ပူဆင့်မဖြစ်ရလေအောင် ငါ့ကိုလည်း သနားတော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း27 သူသည် အမှန်တကယ် သေလုနီးပါး နာမကျန်းဖြစ်ခဲ့၏။ သို့သော် ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်ဘဲ ကျွန်ုပ်၌ တစ်ပူပေါ်နှစ်ပူဆင့် မဖြစ်ရလေအောင် ကျွန်ုပ်ကိုလည်း သနားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
သင်တို့သည်ရေနက်ထဲသို့လျှောက်သွားရသောအခါ ငါသည်သင်တို့နှင့်အတူရှိမည်။ ဆင်းရဲဒုက္ခများသည်သင်တို့ကိုလွှမ်းမိုး ရလိမ့်မည်မဟုတ်။ သင်တို့သည်မီးထဲသို့လျှောက်သွားရသော အခါ မီးအလောင်ခံရကြလိမ့်မည်မဟုတ်။ ပြင်းထန်သောစုံစမ်းခြင်းများသည်သင်တို့ကို ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်။
အို ထာဝရဘုရား၊ကိုယ်တော်၏လူမျိုးတော် အား ဆုံးမပဲ့ပြင်တော်မူပါ။ သို့ရာတွင်ကျွန်တော်မျိုးတို့အပေါ်တွင် တရားမျှတစွာပြုတော်မူပါ။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူချိန်၌ ကျွန်တော်မျိုးတို့အားပြင်းထန်စွာဆုံးမ ပဲ့ပြင်တော်မူ ပါလျှင်ကျွန်တော်မျိုးတို့အကျိုးနည်းရ ပါလိမ့်မည်။
ထိုအချိန်ကာလ၌ပင်ဟေဇကိမင်းသည် သေလုမတတ်ဖျားနာ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် မင်းကြီးကိုလာ ရောက်ကြည့်ရှုပြီးနောက်``အရှင်သည်ပြန်လည် ကျန်းမာလာတော့မည်မဟုတ်သဖြင့် အရှင် နောက်ဆုံးမှာကြားရန်ရှိသည်တို့ကိုမှာကြား ခဲ့ရန် ထာဝရဘုရားမိန့်တော်မူပါ၏။ သို့ ဖြစ်၍သေရန်အသင့်ပြင်ပါလော့'' ဟုဆင့် ဆို၏။