သူတို့၏ဘဝသည် ဆိုးယုတ်ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ အငြိုးထားခြင်းနှင့် အတင်းအဖျင်းပြောခြင်း စသည့် အပြစ်အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိ၏။
တိတု 2:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဘုရားတရားကြည်ညို၍ အတင်းအဖျင်းမပြောသူ၊ သေရည်သေရက်သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသောအရာများကို သင်ပေးတတ်သူ ဖြစ်ရန် အကြံပေးလော့။ Common Language Bible ထိုနည်းတူစွာအသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတို့သည်လည်း ဘုရားတရား ကြည်ညိုသူများဖြစ်ရန်သွန်သင်လော့။ သူ တို့သည်သူတစ်ပါး၏အသရေကိုဖျက်သူ များ၊ အရက်၏ကျွန်များမဖြစ်စေရ။ အကောင်း ကိုသင်ကြားပေးတတ်သူများဖြစ်ရကြမည်။- Garrad Bible အ သက် ကြီး သော မိန်း မ တို့ လည်း လေး မြတ် ဖွယ် နေ ထိုင် သူ၊ ကုန်း မ ချော သူ၊ မ သောက် ကြူး သူ၊ အ ကောင်း သင် ကြား သူ များ ဖြစ် သ ဖြင့်၊ Judson Bible ထိုနည်းတူ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့် ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကြူးတတ်သောသူ၊ ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဓမ္မဝတ်နှင့်ထိုက်တန်သောသူများကဲ့သို့ပြုမူလျက် ကုန်းချောတတ်သောသူ၊ စပျစ်ဝိုင်၏ကျေးကျွန်ဖြစ်သောသူမဟုတ်ဘဲ ကောင်းမြတ်သောအရာကိုသင်ပေးသောသူများဖြစ်ကြရန် ဟောပြောလော့။ |
သူတို့၏ဘဝသည် ဆိုးယုတ်ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ အငြိုးထားခြင်းနှင့် အတင်းအဖျင်းပြောခြင်း စသည့် အပြစ်အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိ၏။
ယုံကြည်သူတို့ပြုအပ်သည့်အတိုင်း သခင်ဘုရားကိုထောက်၍ သူ့ကို ကြိုဆိုကြလော့။ သူလိုအပ်သမျှကို ကူညီကြလော့။ အဘယ်ကြောင့်ဆိုသော် သူသည် လူများစွာနှင့် ကျွန်ုပ်ကိုလည်း ကူညီခဲ့သူဖြစ်၏။
တရားနှင့် မညီသော မေထုန်ကို ပြုခြင်း၊ အမျိုးမျိုးသော စက်ဆုပ်ညစ်ညမ်းမှုပြုခြင်း၊ လောဘလွန်ကြူးခြင်းတို့သည် ယုံကြည်သူများအတွက် မသင့်လျော်သည့် ဒုစရိုက်အမှုများ ဖြစ်သောကြောင့် သင်တို့ထဲ၌ အရိပ်အယောင်မျှပင် မရှိစေနှင့်။
ထိုနည်းတူ သူတို့၏ ဇနီးတို့သည်လည်း ကိုယ်ကျင့်တရားကောင်းသူများဖြစ်ရမည်။ အတင်းအဖျင်းမပြောသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ အရာရာ၌ ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။
ထိုနည်းတူ သင်းထောက်တို့သည် ကိုယ်ကျင့်တရားကောင်းသူ ဖြစ်ရမည်။ လျှာနှစ်ခွဖြင့် ပြောဆိုတတ်သူ၊ သေရည်သေရက်သောက်ကြူးသူ၊ မသမာနည်းဖြင့် ငွေရှာသူမဖြစ်ရ။
သင့်ကို မကြာခဏ မကျန်းမမာဖြစ်စေသည့် သင်၏အစာအိမ်ရောဂါကြောင့် ရေကိုသာ မသောက်ဘဲ စပျစ်ဝိုင်အနည်းငယ်ကိုလည်း သောက်လော့။
သင်းအုပ်သည် ဘုရားသခင်၏ အမှုတော်တွင် စီမံခန့်ခွဲသူဖြစ်၏။ ထို့ကြောင့် သူသည် အပြစ်ကင်းသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စားမူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်းဖြင့် ငွေရှာသူ မဖြစ်ရ။
သို့ဖြစ်လျှင် သူတို့သည် အသက်ငယ်သောအမျိုးသမီးတို့အား မိမိတို့၏ ခင်ပွန်းနှင့် သားသမီးများအပေါ် မေတ္တာထားသူ၊
သင်တို့သည် လေ့လာဆည်းပူးခဲ့သောကာလအရ ဆရာများဖြစ်သင့်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ဆိုင်သောအခြေခံအကြောင်းအရာများကို အခြားသူထံမှ ထပ်မံသင်ယူရန် လိုအပ်နေသေး၏။ သင်တို့သည် မာသောအစာကို မစားနိုင်ဘဲ နို့ကိုသာ သောက်နိုင်ကြသေး၏။
သို့သော်လည်း ငါသည် သင့်အား အပြစ်ပြောစရာ တစ်ခုရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မဟုဆိုသောယေဇဗေလအမည်ရှိသည့် အမျိုးသမီးကို သင်ခွင့်ပြုထားခဲ့၏။ သူသည် ငါ၏အစေခံများအား တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း၊ ရုပ်တုအား ပူဇော်သည့်အစားအစာများကိုစားရန်လည်းကောင်း သွန်သင်၍ လမ်းမှားစေခဲ့၏။