ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
တမန်တော်ဝတ္ထု 25:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖေတ္တုမင်းသည် သူတို့ထံ၌ ရှစ်ရက်၊ သို့မဟုတ် ဆယ်ရက်ထက်မပိုဘဲ နေပြီးနောက် ဆီဇာရီးယားမြို့သို့ ပြန်လေ၏။ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်လျက် ပေါလုကိုခေါ်ဆောင်လာရန် အမိန့်ပေးလေ၏။ Common Language Bible ဘုရင်ခံမင်းသည်ယေရုရှလင်မြို့တွင်ရှစ် ရက်ဆယ်ရက်နေပြီးနောက် ကဲသရိမြို့သို့ ထွက်ခွာသွားလေသည်။ နောက်တစ်နေ့၌ တရားခွင်တွင်ထိုင်ကာပေါလုအားခေါ် သွင်းရန်အမိန့်ပေး၏။- Garrad Bible ထို နောက် ရှစ် ရက်၊ ဆယ် ရက် နေ ထိုင်၍ ဖေ တ္ထု မင်း သည် ကဲ သ ရိ မြို့ သို့ ပြန် ရောက် ပြီး လျှင် နောက် နေ့၌ တ ရား ခွင် တွင် ထိုင် လျက် ပေါ လု ကို ခေါ် စေ ရန် အ မိန့် ရှိ သည့် အ တိုင်း၊ Judson Bible ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား၍၊ နက်ဖြန်နေ့၌တရားပလ္လင်ပေါ်မှာ ထိုင်လျက်၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရှစ်ရက်၊ ဆယ်ရက်ခန့် သူတို့ထံ၌နေပြီးမှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်လျက် ပေါလုကိုခေါ်သွင်းရန် အမိန့်ပေးလေ၏။ |
ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
ထိုစကားကို ကြားသောအခါ ပိလတ်မင်းသည် ယေရှုကို သူတို့ရှေ့၌ ပြန်လည်ခေါ်ထုတ်၍ ကျောက်ပြားခင်းထားသောဝင်းဟု ခေါ်သည့် နေရာ၌ ရှိသောတရားခွင်တွင် ထိုင်လေ၏။ ထိုစင်္ကြံကို ဟေဗြဲဘာသာဖြင့် “ဂဗ္ဗသ” ဟု ခေါ်ဆို၏။
ဖေတ္တုမင်းသည် ထိုပြည်နယ်သို့ရောက်၍ သုံးရက်ကြာသောအခါ ဆီဇာရီးယားမြို့မှ ဂျေရုဆလင်မြို့သို့သွားလေ၏။
သို့သော်ပေါလုက “အကျွန်ုပ်သည် ဆီဇာဘုရင်၏တရားခွင်တွင် အယူခံဝင်ထားသဖြင့် ဤနေရာ၌သာ စစ်ဆေးခံသင့်ပါ၏။ အရှင်ကောင်းစွာသိသည့်အတိုင်း ဂျူးလူမျိုးတို့ကို အကျွန်ုပ်မပြစ်မှားခဲ့ပါ။
ထို့ကြောင့် သူတို့သည် ဤမြို့သို့ ရောက်လာသောအခါ အကျွန်ုပ်သည်ချက်ချင်းပင် နောက်တစ်နေ့တွင် တရားခွင်၌ထိုင်၍ ပေါလုကိုခေါ်ဆောင်လာရန် အမိန့်ပေးခဲ့ပါ၏။
ထိုအခါ ဖေတ္တုမင်းက “ပေါလုသည် ဆီဇာရီးယားမြို့တွင် ထိန်းသိမ်းခံထားရ၏။ ငါသည်လည်း ထိုမြို့သို့ မကြာမီပြန်သွားမည်။
သင်တို့ထဲမှ တာဝန်ရှိသူများသည် ငါနှင့်အတူလိုက်၍ ပေါလု၌အပြစ်တစ်စုံတစ်ရာရှိလျှင် သူ့ကိုစွဲချက်တင်ကြပါစေ” ဟု ဆိုလေ၏။
ဖိလိပ္ပုမှာမူ အာဇုတ်မြို့၌ ရောက်ရှိနေပြီး ထိုမြို့မှ ဆီဇာရီးယားမြို့တိုင်အောင် မြို့အသီးသီးသို့ ဝင်ထွက်၍ သတင်းကောင်းကို ဟောပြောလေ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ခန္ဓာ၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသောအမှုအတွက်ဖြစ်စေ၊ မကောင်းသောအမှုအတွက်ဖြစ်စေ ထိုက်သင့်ရာအကျိုးအပြစ် အသီးသီးကို ခံစားရန် ခရစ်တော်၏ တရားပလ္လင်ရှေ့မှောက်သို့ ရောက်ရှိလာကြရမည်ဖြစ်သောကြောင့်ဖြစ်၏။
သို့သော် သင်တို့သည် ဆင်းရဲသောသူတို့ကို ရှုတ်ချကြ၏။ သင်တို့ကို ဖိနှိပ်ချုပ်ချယ်၍ တရားရုံးသို့ ဆွဲခေါ်သွားသောသူတို့သည် ချမ်းသာသောသူများ မဟုတ်လော။