အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 15:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့ဖြစ်၍ ကျွန်ုပ်တို့​သည် လူ​တချို့​ကို​ရွေးချယ်​၍ ကျွန်ုပ်တို့​ချစ်ခင်ရသော​ပေါလု၊ ဗာနဗ​တို့​နှင့်အတူ သင်တို့​ထံ​လွှတ်လိုက်​ရန် စိတ်သဘော​ညီညွတ်​စွာ ဆုံးဖြတ်ကြပါ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ဖြစ်​၍​ကျွန်ုပ်​တို့​သည်​အ​စည်း​အ​ဝေး​ပြု လုပ်​၍​လူ​အ​ချို့​ကို​ရွေး​ချယ်​လျက် သင်​တို့​ထံ သို့​စေ​လွှတ်​ရန်​အား​လုံး​သ​ဘော​တူ​ဆုံး​ဖြတ် ကြ​ပါ​သည်။ ထို​သူ​တို့​သည်​ကျွန်ုပ်​တို့​ချစ်​ခင် သူ​ဗာ​န​ဗ၊ ပေါ​လု​တို့​နှင့်​အ​တူ​လိုက်​သွား ကြ​ပါ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ တို့ ကြား သိ ရ သ ဖြင့် ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် အ တွက် အ သက် စွန့် စား သူ ငါ တို့ ချစ် လှ သော ဗာ န ဗ နှင့် ပေါ လု တို့ ကို ရွေး ကောက် သူ တို့ ပါ သင် တို့ ထံ စေ လွှတ် သင့် ကြောင်း တ ညီ တ ညွတ် တည်း သ ဘော တူ ကြ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကြောင့် မိ​မိ​အ​သက်​ကို စွန့်​စား​သော​သူ​တည်း​ဟူ​သော၊-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့ဖြစ်၍ ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​အတွက် မိမိ​တို့​အသက်​ကို​ဆက်ကပ်​ထား​သူ​များ​ဖြစ်​ကြ​သည့် ငါ​တို့​ချစ်​သော ဗာနဗ၊ ပေါလု​တို့​နှင့်အတူ လူ​တို့​ကို​ရွေးကောက်​ပြီး သင်​တို့​ထံသို့ စေလွှတ်​ရန် ငါ​တို့​အားလုံး သဘောတူ​ဆုံးဖြတ်​ကြ​သည်​နှင့်အညီ

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 15:25
18 ပူးပေါင်းရင်းမြစ်များ  

မှန်ပါ၏ အဖ။ ဤ​သည်​မှာ အဖ​ခမည်းတော် နှစ်သက်တော်မူသော​အရာ​ပင် ဖြစ်၏။


ကျွန်ုပ်​သည် ထို​အကြောင်းအရာ​အားလုံး​ကို အစ​မှ သေချာ​စွာ စစ်ဆေးပြီးသည်​နှင့် သင့်​အတွက် စီစဉ်​တကျ​ရေးသား​လျှင် ကောင်းမည်​ဟု ယူဆမိပါ၏။


ထို​သူတို့​အားလုံး​သည် မယ်တော်​မာရိ​အပါအဝင် အမျိုးသမီး​တစ်စု၊ ယေရှု​၏​ညီတော်များ​နှင့် တစ်စိတ်တစ်ဝမ်းတည်း​ဖြင့် အဆက်မပြတ်​ဆုတောင်း​လျက် နေကြ၏။


ထို့ကြောင့် ပေါလု​နှင့် ဗာနဗ​သည် ထို​သူတို့​နှင့် အပြင်းအထန်​ဆွေးနွေး​ငြင်းခုံကြရ၏။ ထိုအခါ အသင်းသားများ​သည် ဤ​ပြဿနာ​ကို ဖြေရှင်း​ရန် ပေါလု​နှင့် ဗာနဗ​တို့​အား သူတို့​အထဲမှ​လူ​အချို့​နှင့်တကွ ဂျေရုဆလင်မြို့​ရှိ တမန်တော်များ၊ အသင်းတော်​အကြီးအကဲများ​ထံ သွား​ရန် ဆုံးဖြတ်ကြ၏။


ထို့နောက် တမန်တော်များ၊ အသင်းတော်​အကြီးအကဲများ​နှင့် အသင်းတော်​တစ်ခုလုံး​သည် သူတို့​အထဲ​မှ လူများ​ကို​ရွေးချယ်​၍ ပေါလု၊ ဗာနဗ​တို့​နှင့်အတူ ဆီးရီးယားပြည်​ရှိ​အန္တိအုတ်မြို့​သို့ စေလွှတ်​ရန် ဆုံးဖြတ်ကြ၏။ ထို​သူတို့​မှာ ယုံကြည်သူများ​ထဲမှ ခေါင်းဆောင်​ဖြစ်သော​ဗာရှဗ​ခေါ် ယုဒ​နှင့် သိလ​တို့​ဖြစ်ကြ၏။


ထို​နည်းတူ ပေါလု​နှင့် ဗာနဗ​သည်လည်း အန္တိအုတ်မြို့​၌ ဆက်လက်​နေထိုင်​ကာ အခြား​သူတို့​နှင့်တကွ သခင်ဘုရား​၏​နှုတ်ကပတ်​တရားတော်​ကို ဟောပြော​သွန်သင်ကြ၏။


တမန်တော်များ​နှင့် အသင်းတော်​အကြီးအကဲများ​သည် ဤ​အမှုကိစ္စ​နှင့်​စပ်လျဉ်း​၍ ဆွေးနွေး​သုံးသပ်​ရန် စည်းဝေးကြ၏။


ပင်တေကုတ္တေပွဲနေ့​ရောက်​သောအခါ ယုံကြည်သူ​အပေါင်းတို့​သည် တစ်နေရာတည်း​တွင် အတူတကွ စုဝေးနေကြ၏။


ထို​သူတို့​သည် နေ့စဉ် ဗိမာန်တော်​၌ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ အိမ်များ​၌ မုန့်​ကို​ဖဲ့ခြင်း၊ ဝမ်းမြောက်သော​စိတ်​နှင့် ရက်ရောသော​စိတ်တို့​ဖြင့် မိမိတို့​၏​အစာ​ကို စားသုံးကြခြင်း စသည်တို့​ကို​ပြုလုပ်ကြ၏။


သခင်ဘုရား​၏ အမှုတော်​ကို ကြိုးစား​လုပ်ဆောင်ကြသည့် အမျိုးသမီးများ​ဖြစ်သော တရုဖဲန​နှင့် တရုဖောသ​ကို​လည်းကောင်း၊ အလုပ်​အလွန်​ကြိုးစားသည့် ချစ်သော ပေရသိ​ကို​လည်းကောင်း နှုတ်ဆက်ပေးကြလော့။


ညီအစ်ကို​မောင်နှမတို့… သင်တို့​အချင်းချင်း စည်းလုံးကြ​ရန် သခင်​ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။ သဘောထား​မကွဲလွဲကြနှင့်။ တူညီသော​စိတ်၊ တူညီသော​ရည်ရွယ်ချက်တို့​ဖြင့် စည်းလုံးကြလော့။


အသင်းတော်​၏ မဏ္ဍိုင်များ​ကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရု​နှင့် ယောဟန်​တို့​က ကျွန်ုပ်​အား ပေးထားသော​ကျေးဇူးတော်​ကို သဘောပေါက်​လျက် ကျွန်ုပ်တို့​အားလုံး​သည် လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြောင်း​ကို ပြသော​အားဖြင့် ဗာနဗ​နှင့် ကျွန်ုပ်​ကို လက်ဆွဲ​နှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့​သည် လူမျိုးခြား​ထံသို့ သွားရောက်​ဟောပြော​ရန်​နှင့် သူတို့​သည် ဂျူးလူမျိုး​ထံသို့ သွားရောက်​ဟောပြော​ရန် သဘောတူကြ၏။


သခင်ဘုရား​အတွက် သစ္စာရှိ​စွာ အမှုဆောင်သော အစေခံ ဖြစ်သူ၊ ကျွန်ုပ်​၏ ချစ်ခင်ရသော​ညီ တုခိတ်​က ကျွန်ုပ် မည်သို့ ဖြစ်ပြီး မည်သည့်​အရာများ လုပ်ဆောင်နေသည်​ကို သင်တို့ သိ​နိုင်ရန် သင်တို့​ကို အရာ​အားလုံး ပြောပြ​လိမ့်မည်။


ကျွန်ုပ်​နှင့် အစေခံချင်း ဖြစ်သူ၊ သခင်ဘုရား​အတွက် သစ္စာရှိ​စွာ အမှုဆောင်သည့် ချစ်ခင်ရသော​ညီ တုခိတ်​က သင်တို့​ကို ကျွန်ုပ်​၏ အကြောင်းအရာ​အားလုံး ပြောပြပါ​လိမ့်မည်။


သူ​နှင့်အတူ ကျွန်ုပ်​ချစ်ရသော​ညီ ဩနေသိမ်​လည်း ရောက်လာ​လိမ့်မည်။ ဩနေသိမ်​သည် သစ္စာရှိသောသူ​ဖြစ်ပြီး သင်တို့​ထဲက တစ်ဦး​ဖြစ်၏။ သူတို့​သည် သင်တို့​ကို ဤ​အရပ်​တွင် ဖြစ်ပျက်သည့် အကြောင်းအရာ အားလုံး ပြောပြ​လိမ့်မည်။


သို့သော် ကျွန်​ကဲ့သို့ မဟုတ်တော့ဘဲ ကျွန်​ထက် ပို​မြတ်သည့် ချစ်ရသော​ညီအစ်ကို​ကဲ့သို့​ရှိနေ​ရန် ဆိုလို၏။ သူ​သည် အထူး​သဖြင့် ကျွန်ုပ်​အတွက်​လည်း ချစ်ခင်ရသော​ညီအစ်ကို​ကဲ့သို့ ဖြစ်၏။ သင့်​အတွက်​မှာမူ ကျွန်​ကဲ့သို့​လည်းကောင်း၊ သခင်ဘုရား​ကို ယုံကြည်ကြသော​ညီအစ်ကို​ကဲ့သို့​လည်းကောင်း ပို​၍ ချစ်ခင်ရသော​သူ​ဖြစ်၏။


ကျွန်ုပ်တို့​၏ ချစ်ရသော​ညီအစ်ကို​ပေါလု​သည်လည်း ကျွန်ုပ်တို့​၏​သခင်ဘုရား​ပေးတော်မူသော ဉာဏ်ပညာ​ဖြင့် သင်တို့​ထံ စာရေးခဲ့သည့်​အတိုင်း ကျွန်ုပ်တို့​၏​သခင်ဘုရား​၏ စိတ်ရှည်တော်မူခြင်း​သည် သင်တို့​ကယ်တင်ခံရ​ရန် ဖြစ်ကြောင်း မှတ်ယူကြလော့။