သို့သော်လည်း သူတို့သည် ယေရှုခရစ်တော်၏ ရွေးနုတ်ခြင်းအားဖြင့် မိမိတို့အပြစ်များအတွက် အဖိုးအခကို မပေးရဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။
တမန်တော်ဝတ္ထု 15:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သခင်ယေရှု၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသည်ဟု ယုံကြည်ကြ၏” ဟူ၍ ပြောဆိုလေ၏။ Common Language Bible ငါတို့သည်လည်းထိုသူတို့နည်းတူယုံကြည် သဖြင့် သခင်ယေရှု၏ကျေးဇူးတော်အား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏'' ဟုဆို၏။ Garrad Bible ထို သူ တို့ နည်း တူ ပင် ငါ တို့ သည် အ ရှင် ယေ ရှု၏ ကျေး ဇူး တော် ကြောင့် သာ ကယ် တင် တော် မူ ခြင်း သို့ ရောက် ရ မည့် အ ကြောင်း ယုံ ကြည် ကြ သည် ဟု ပြော ဆို၏။ Judson Bible သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည်ယုံကြ၏ဟု ပေတရုပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည်လည်း ထိုသူတို့နည်းတူ သခင်ယေရှု၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသည်ဟု ယုံကြည်ကြ၏”ဟု ပြောဆို၏။ |
သို့သော်လည်း သူတို့သည် ယေရှုခရစ်တော်၏ ရွေးနုတ်ခြင်းအားဖြင့် မိမိတို့အပြစ်များအတွက် အဖိုးအခကို မပေးရဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။
သို့ရာတွင် အာဒံ၏အပြစ်နှင့် ဘုရားသခင်၏ ဆုကျေးဇူးသည် အလွန်ကွာခြား၏။ ဤလူတစ်ဦးဖြစ်သော အာဒံ၏ အပြစ်ကြောင့် လူများစွာသည် သေကြရ၏။ သို့သော် အခြားသူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် လူများစွာက ရရှိသောဘုရားသခင်၏ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းဟူသည့်လက်ဆောင်သည် ပို၍ ကြီးမား၏။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ ကောရိန္သုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့သိကြ၏။ ကိုယ်တော်သည် ချမ်းသာသော်လည်း သင်တို့၏ အကျိုးကိုထောက်၍ ဆင်းရဲခံတော်မူ၏။ ထိုသို့ဆင်းရဲခံတော်မူခြင်းမှာ သင်တို့ ချမ်းသာလာစေရန် ဖြစ်၏။
ခရစ်တော်၏ ကျေးဇူးတော်ကို ခံစားစေရန် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်အား သင်တို့သည် လျင်မြန်စွာ စွန့်ပယ်၍ အခြားသတင်းကောင်းကို လက်ခံကြသောကြောင့် ကျွန်ုပ်အံ့ဩရ၏။
သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားလာသောကြောင့် ဖြစ်၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။