အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၄ ရာ 8:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် ဟာဇေလ​သည် ဒမတ်စကပ်​မြို့ထွက်​အကောင်းဆုံး​ပစ္စည်း​အမျိုးမျိုး​ကို ကုလားအုတ်​အစီး​လေးဆယ်​ပေါ်​တင်​ပြီး လက်ဆောင်​အဖြစ် ယူသွား​ကာ ဘုရားသခင်​၏​လူ​ကို သွား​တွေ့​၏​။ သူ​သည် ဘုရားသခင်​၏​လူ​ထံ ရောက်​သောအခါ ရှေ့မှောက်​၌ ရပ်​လျက် “​အရှင့်​သား​ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​က ‘​ဤ​ဝေဒနာ​မှ ပြန်ကောင်း​လာ​ပါ​မည်လော​’​ဟူ၍ အကျွန်ုပ်​အား မေးလျှောက်​စေ​ပါ​၏”​ဟု လျှောက်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို့​ကြောင့်​ဟာ​ဇေ​လ​သည်​ဒ​မာ​သက်​မြို့​မှ ထွက်​သော အ​ဖိုး​တန်​ပစ္စည်း​တို့​ကို​ကု​လား အုတ်​လေး​ဆယ်​ဖြင့်​တင်​၍ ဧ​လိ​ရှဲ​ထံ​သို့ သွား​ပြီး​နောက်``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ​ဒဒ် မင်း​က မိ​မိ​ပြန်​လည်​ကျန်း​မာ​လာ​မည် မ​လာ​မည်​ကို​အ​ရှင့်​ထံ​စုံ​စမ်း​မေး​မြန်း​ရန် အ​ကျွန်ုပ်​အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု လျှောက်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဟာ ဇေ လ သည် ကု လား အုပ် လေး ဆယ် ပေါ် တွင် ဒ မာ သက် မြို့ ထွက် အ ထူး အ မြတ် ကို တင် ဆောင် လျက်၊ သွား ရောက် တွေ့ ဆုံ သည် နှင့် ရှေ့ မှောက် တွင် ရပ် ပြီး လျှင် ကိုယ် တော်၏ သား ရှု ရိ ဘု ရင် ဗ ဟာ ဒဒ် မင်း က ဤ ဝေ ဒ နာ မှ အ ကျွန်ုပ် ထ မြောက် ဦး မည် လော ဟူ၍ မေး လျှောက် ရန် ကိုယ် တော့် ထံ စေ လွှတ် ပါ သည် ဟု လျှောက် သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

ဟာ​ဇေ​လ​သည် ကု​လား​အုတ်​လေး​ဆယ်​အ​ပေါ်​မှာ ဒ​မာ​သက်​ဥ​စ္စာ​များ​ကို​တင်၍၊ လက်​ဆောင်​ကို​ဆောင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လူ​ကို ခ​ရီး​ဦး​ကြို ပြု​ခြင်း​ငှာ​သွား၍ ရှေ့​တော်၌​ရပ်​လျက်၊ ကိုယ်​တော်၏​သား ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​က၊ ငါ​သည် ဤ​အ​နာ​မှ​ထ​မြောက်​ရ​မည်​လော​ဟု မေး​မြန်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​ကို​စေ​လွှတ်​ပါ​သည်​ဟု ဆို၏။

အခန်းကိုကြည့်ပါ။



၄ ရာ 8:9
13 ပူးပေါင်းရင်းမြစ်များ  

မုန့်​အလုံး​တစ်ဆယ်​၊ မုန့်ပြား​အနည်းငယ်​နှင့် ပျားရည်​တစ်​ဘူး​ကို​ပါ ယူသွား​လော့​။ သူ့​ထံ​ရောက်​လျှင် သူငယ်​မည်သို့​ဖြစ်​မည်​ကို သင့်​အား ပြောပြ​လိမ့်မည်”​ဟု ဆို​၏​။


ထိုအခါ အာသ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​၌ ကျန်ရှိ​သော​ရွှေ​ငွေ​များ​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာ​အားလုံး​ကို​ယူ​ပြီး မိမိ​အမှုထမ်း​တို့​လက်​သို့​အပ်​လိုက်​၏​။ ထို့နောက် အာသ​မင်းကြီး​သည် ဒမတ်စကပ်​မြို့​၌​နန်းစံ​သော ဟေဇယုန်​မင်းကြီး​၏​မြေး​တော်​၊ တာဗရိမ္မုန်​မင်းကြီး​၏​သား​တော် ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​ထံသို့ ပေးပို့​လျက်


ထာဝရဘုရား​က​လည်း သူ့​အား “​သင်​လာ​သည့်​လမ်း​အတိုင်း ဒမတ်စကပ်​တောကန္တာရ​သို့ ပြန်သွား​လော့​။ ရောက်​လျှင် ဟာဇေလ​ကို ဆီးရီးယား​ဘုရင်​အဖြစ်​၊


ရှမာရိ​မြို့​တွင် အာခဇိ​မင်းကြီး​သည် နန်းတော်​အထက်ခန်း​လေသာပြတင်းပေါက်​မှ ပြုတ်ကျ​သဖြင့် ဒဏ်ရာ​ရ​၏​။ ထို့ကြောင့် မိမိ​တမန်​တို့​အား “​ငါ​သည် ဤ​ဝေဒနာ​များ​မှ​ပြန်ကောင်း​လာ​မည်​လော​ဟု ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ထံ​သွား​၍ မေးမြန်း​ကြ​လော့​”​ဟု ဆို​ပြီး စေလွှတ်​လိုက်​၏​။


ဧလိရှဲ​သည် သေလုမျောပါး​နာမကျန်း​ဖြစ်​နေ​ချိန်​တွင် အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​က သူ့​ထံ​လာ​၍​ငိုကြွေး​လျက် “​အကျွန်ုပ်​အဖ​၊ အကျွန်ုပ်​အဖ​၊ အစ္စရေး​စစ်ရထား​၊ အစ္စရေး​မြင်းစီးသူရဲ​များ​ပါ​တကား​”​ဟု ဆို​၏​။


ထိုအခါ အာခတ်​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​အကျွန်ုပ်​သည် အရှင့်​အစေအပါး​၊ အရှင့်​သား ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​လာတိုက်​သော ဆီးရီးယား​ဘုရင်​နှင့် အစ္စရေး​ဘုရင်​တို့​လက်​မှ အကျွန်ုပ်​ကို လာ​၍​ကယ်တင်​တော်မူ​ပါ​”​ဟု မှာလိုက်​၏​။


ထိုအခါ သူ့​ငယ်သား​တို့​က သူ့​ထံသို့​လာ​ပြီး “​အကျွန်ုပ်​၏​အဖ​၊ ပရောဖက်​က ခက်ခဲ​သော​အရာ​ကို လုပ်​စေ​လျှင် လုပ်​မည်​မ​ဟုတ်​လော​။ ယခု ‘​ရေချိုး​လျှင် သန့်ရှင်း​သွား​မည်​’​ဟု ဆို​သည်​မှာ ပို၍ပင်​လုပ်​သင့်​သည်​မ​ဟုတ်​ပါ​လော​”​ဟု လျှောက်တင်​၏​။


ဆီးရီးယား​ဘုရင်​က​လည်း “​ယခုပင် သွား​ပါ​။ အစ္စရေး​ဘုရင်​ထံ စာပါး​လိုက်​မည်”​ဟု ဆို​သဖြင့် သူ​သည် ငွေ​တာလန်​တစ်ဆယ်​၊ ရွှေ​ရှယ်ကယ်​ခြောက်​ထောင်​နှင့် အဝတ်​ဆယ်​စုံ​ကို​ယူ​၍ ခရီးထွက်​သွား​လေ​၏​။


အစ္စရေး​ဘုရင်​သည် သူ​တို့​ကို​မြင်​သောအခါ ဧလိရှဲ​အား “​အို အကျွန်ုပ်​၏​အဖ​၊ သူ​တို့​ကို သတ်​ရ​ပါ​မည်လော​။ သတ်​ရ​ပါ​မည်လော​”​ဟု မေး​လျှင်


ရှာဖွေ​ရ​သော​အချိန်​နှင့် ဆုံးရှုံး​ရ​သော​အချိန်​ရှိ​၏​။ ထိန်းသိမ်း​ရ​သော​အချိန်​နှင့် လွှင့်ပစ်​ရ​သော​အချိန်​ရှိ​၏​။


သို့သော် သင်​ပြု​သော​ကောင်းမှု​သည် မလွှဲမရှောင်​သာ၍​ပြု​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိမိ​ဆန္ဒ​အလျောက်​ဖြစ်​စေရန် သင်​၏​သဘော​တူညီ​ချက်​မ​ပါ​လျှင် မည်သည့်​အရာ​ကို​မျှ ငါ​မ​ပြု​လို​ပါ။


အသင့်​ငယ်သား​တို့​ကို မေးကြည့်​ပါ​။ သူ​တို့​ပြောပြ​ပါ​လိမ့်မည်​။ ယခုလို နေ့ကောင်းနေ့မြတ်​မှာ ရောက်လာ​ကြ​သော​အကျွန်ုပ်​၏​ငယ်သား​တို့​သည်​လည်း အသင့်​ထံမှ မျက်နှာသာ​ရ​ပါစေသော​။ အသင်​စိတ်စေတနာ​ရှိ​သော​အရာ​ကို အသင့်​အစေအပါး​များ​နှင့် အသင့်​သား​ဒါဝိဒ်​အား ပေးလိုက်​ပါ​လော့’​ဟူ၍ သူ့​အား ပြောကြား​ရ​မည်”​ဟု မှာလိုက်​လေ​၏​။


ရှောလု​က​လည်း မိမိ​ငယ်သား​အား “​ယခု ထို​သူ့​ထံ​သွား​လျှင် မည်သည့်​အရာ​ယူဆောင်​သွား​ရ​မည်နည်း​။ ငါ​တို့​အိတ်​ထဲတွင် မုန့်​လည်း​ကုန်​ပြီ​။ ဘုရားသခင်​၏​လူ​ထံသို့ ယူဆောင်​သွား​ရန် ဘာ​လက်ဆောင်​မျှ မ​ရှိ​။ ငါ​တို့​၌ ဘာ​ကျန်​သေး​သနည်း​”​ဟု ဆို​၏​။