အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
၄ ရာ 17:32 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထာဝရဘုရားကိုကြောက်ရွံ့ကြသော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်ရှိဝတ်ကျောင်းတို့တွင် အမှုဆောင်ဖို့ သာမန်လူတို့ကို အထွတ်အမြတ်ထားရာကုန်းမြင့်၌ ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားပြီး သူတို့အဖို့ ယဇ်ပူဇော်စေကြ၏။ Common Language Bible ထိုသူတို့သည်ထာဝရဘုရားကိုလည်းဝတ်ပြု ကိုးကွယ်ကြပြီးလျှင် ရုပ်တုများကိုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ယဇ်ပုရောဟိတ်ပြု လုပ်ရန်နှင့်ယဇ်ပူဇော်ရန်အတွက် မိမိတို့အ ထဲမှလူတို့ကိုရွေးချယ်ခန့်ထားကြ၏။- Garrad Bible ထို သူ တို့ သည် ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော် လည်း၊ မြင့် ရာ ဌာ န ဆိုင် သော ကျောင်း များ တွင် ပူ ဇော် စေရန် အ ပေါင်း ပါ အ နက်၊ ပ ရော ဟိတ် တို့ ကို ရွေး ကောက် ခန့် ထား ကြ ၏။ Judson Bible ထာဝရဘုရားကိုလည်းရိုသေ၍ သာမညလူတို့ကို မြင့်သောအရပ် ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသဖြင့်၊ သူတို့သည် မြင့်သောအရပ်အိမ်တို့၌ လူများအဖို့ ယဇ်ပူဇော်ကြ၏။ |
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
သူကိုယ်တိုင်သတ်မှတ်ထားသောလဖြစ်သည့် ထိုအဋ္ဌမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ဗေသလမြို့၌ သူတည်ခဲ့သောယဇ်ပလ္လင်တွင် ယဇ်ပူဇော်၏။ အစ္စရေးအမျိုးသားတို့အဖို့ ပွဲတော်ကို ကျင်းပပေးပြီး သူသည် ယဇ်ပလ္လင်ပေါ်သို့တက်ကာ နံ့သာပေါင်းကို မီးရှို့ပူဇော်၏။
ပရောဖက်သည် ဘုရားသခင်၏လူကို သင်္ဂြိုဟ်ပြီးနောက် မိမိသားတို့အား “ငါသေလျှင် ဘုရားသခင်၏လူကိုသင်္ဂြိုဟ်သောသင်္ချိုင်းတွင် ငါ့ကိုသင်္ဂြိုဟ်ပါ။ ငါ့အရိုးကို သူ့အရိုးဘေးတွင်ထားပါ။
ဤသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင်လည်း ယေရောဗောင်မင်းကြီးသည် လမ်းမှားကိုမစွန့်။ အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်ကို သာမန်လူများထဲမှ ရွေးကောက်ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်လိုသူများကို မိမိကိုယ်တိုင်ခန့်အပ်ရာ ထိုသူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
ထိုသူတို့သည် ထိုမြို့ရွာတို့တွင်နေထိုင်ခါစ၌ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေခြင်းမရှိသောကြောင့် ထာဝရဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်၍ သူတို့ထဲမှအချို့ကို ကိုက်သတ်စေတော်မူ၏။
သို့သော် လူမျိုးတိုင်း မိမိတို့၏ဘုရားများကို ပြုလုပ်ပြီး ရှမာရိမြို့သားတို့တည်ထားသော အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ဝတ်ကျောင်းတို့တွင် ထားရှိကြ၏။ လူမျိုးတိုင်း မိမိတို့နေထိုင်ရာမြို့ရွာတို့တွင် ထိုသို့ပြုကြ၏။
သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြသော်လည်း ယခင်နေခဲ့သောပြည်ရှိလူမျိုးတို့၏ဓလေ့ထုံးတမ်းကဲ့သို့ပင် သူတို့၏ဘုရားအများကိုလည်း ဝတ်ပြုကြ၏။
ထို့ကြောင့် ထိုလူမျိုးတို့သည် ထာဝရဘုရားကို ကြောက်ရွံ့သော်လည်း သူတို့၏ရုပ်တုများကိုလည်း ဝတ်ပြုကြသေး၏။ သူတို့၏သားစဉ်မြေးဆက်တို့သည်လည်း ယနေ့တိုင်အောင် ဘိုးဘေးတို့ပြုကျင့်သကဲ့သို့ ပြုကျင့်ကြလေ၏။
အမျက်တော်ထွက်စေဖို့ အစ္စရေးဘုရင်တို့ တည်ထားခဲ့သည့် ရှမာရိမြို့ရွာများရှိ အထွတ်အမြတ်ထားရာကုန်းမြင့်များမှဝတ်ကျောင်းအားလုံးကိုလည်း ယောရှိမင်းကြီးသည် ဗေသလမြို့တွင် ပြုခဲ့သည့်အတိုင်း ဖယ်ရှားပစ်၏။
ဇေရုဗဗေလနှင့် အိမ်ထောင်စုအကြီးအမှူးတို့ထံလာ၍ “ငါတို့သည်လည်း သင်တို့ကဲ့သို့ပင် သင်တို့ဘုရားကို ကိုးကွယ်သည်ဖြစ်၍ သင်တို့နှင့်အတူ တည်ဆောက်ပါရစေ။ ငါတို့ကို ဤနေရာသို့ပို့ဆောင်လာသော အဆီးရီးယားဘုရင် ဧသရဟဒ္ဒုန်မင်းကြီးလက်ထက်ကစ၍ ငါတို့သည် ထိုဘုရားကို ယဇ်ပူဇော်ကြပါ၏”ဟု ဆိုကြ၏။
ခေါင်မိုးပြင်တွင် ကောင်းကင်တန်ဆာများကို ရှိခိုးကိုးကွယ်သောသူများ၊ ထာဝရဘုရားကို တိုင်တည်ကျိန်ဆိုလျက်နှင့် မိလကုံဘုရားကိုလည်း တိုင်တည်ကျိန်ဆိုပြီး ရှိခိုးကိုးကွယ်သောသူများ၊