၃ ရာ 13:33 - မြန်မာ့စံမီသမ္မာကျမ်း
33 ဤသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင်လည်း ယေရောဗောင်မင်းကြီးသည် လမ်းမှားကိုမစွန့်။ အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်ကို သာမန်လူများထဲမှ ရွေးကောက်ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်လိုသူများကို မိမိကိုယ်တိုင်ခန့်အပ်ရာ ထိုသူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
33 ဣသရေလဘုရင်ယေရောဗောင်သည်ယခုတိုင် အောင်ပင် မိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်သေး ဘဲ မိမိတည်ဆောက်ထားသည့်ယဇ်ပလ္လင်များတွင် အမှုထမ်းရန် ယဇ်ပုရောဟိတ်များအဖြစ်သာမန် အိမ်ထောင်စုများမှရွေးချယ်ခန့်ထားလေ့ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်လုပ်လိုသူမှန်သမျှကို ခန့်ထားလေသည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
33 ထို နောက် ယေ ရော ဗောင် မင်း သည် ကိုယ့် မ ကောင်း လမ်း ကို မ ကြဉ် မ ရှောင် ဘဲ ပြည် သား တို့ အ နက် ပ ရော ဟိတ် လုပ် လို သူ၊ မည် သူ့ ကို မ ဆို မြင့် ရာ ဌာ န များ ဆိုင် သော ပ ရော ဟိတ် အ ဖြစ် ခန့် ထား လေ့ ရှိ သည် နှင့်
အခန်းကိုကြည့်ပါ။ ကော်ပီ
33 ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ