ဩဖိရ၊ ဟဝိလ၊ ယောဗပ် တို့ကိုရ၏။ ဤသူအပေါင်းတို့သည် ယုတ္တန်၏သားများဖြစ်ကြ၏။
၃ ရာ 9:28 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဩဖိရမြို့သို့ရွက်လွှင့်သွားပြီး ရွှေတာလန်လေးရာ့နှစ်ဆယ်ယူဆောင်လာ၍ ရှောလမုန်မင်းကြီးကိုဆက်သကြ၏။ Common Language Bible သူတို့သည်သြဖိရမြို့သို့သင်္ဘောလွှင့်ကြ ပြီးနောက် ရွှေအချိန်တစ်ဆယ့်ခြောက်တန် နီးပါးကိုရှောလမုန်ထံသို့ယူဆောင်လာ ကြ၏။ Garrad Bible သြ ဖိ ရ ပြည် သို့ လွှင့် သွား လျက် ရွှေ ချိန် ခွက် တစ် သောင်း နှစ် ထောင့် ခြောက် ရာ ကို ဆောင် ယူ ခဲ့ ပြီး လျှင် ရှော လ မုန် မင်း ထံ ဆက် သ ကြ လေ ၏။ Judson Bible သူတို့သည် ဩဖိရမြို့သို့သွား၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ကြ၏။ |
ဩဖိရ၊ ဟဝိလ၊ ယောဗပ် တို့ကိုရ၏။ ဤသူအပေါင်းတို့သည် ယုတ္တန်၏သားများဖြစ်ကြ၏။
ထို့ပြင် ဟိရံမင်းကြီး၏သင်္ဘောများသည် ဩဖိရအရပ်မှရွှေများယူဆောင်လာသည့်အပြင် ဩဖိရအရပ်မှ စန္ဒကူးသစ်သားအများအပြားနှင့် အဖိုးတန်ကျောက်များကိုလည်း တင်ဆောင်လာပေး၏။
ရှောလမုန်မင်းကြီးထံ နှစ်စဉ်ရောက်လာသောရွှေအလေးချိန်မှာ ရွှေတာလန် ခြောက်ရာခြောက်ဆယ်ခြောက်တာလန်ရှိ၏။
ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
အာဟပ်မင်းကြီး၏သားတော်အာခဇိမင်းကြီးက ယောရှဖတ်မင်းကြီးအား “အကျွန်ုပ်၏အစေအပါးတို့ကို သင်၏အစေအပါးတို့နှင့်အတူ သင်္ဘောလိုက်စေပါ”ဟု တောင်းဆိုသည်ကို ယောရှဖတ်မင်းကြီးက လက်မခံခဲ့။
အိမ်တော်နံရံကိုမွမ်းမံဖို့ ဩဖိရရွှေ တာလန်သုံးထောင်၊ ငွေစင် တာလန်ခုနစ်ထောင်၊
ဟုရံမင်းကြီးသည် ပင်လယ်ပြင်အကြောင်းသိနားလည်သော မိမိအမှုထမ်းသင်္ဘောသားများနှင့်တကွ သင်္ဘောများကို ရှောလမုန်မင်းကြီးထံ စေလွှတ်၍ ရှောလမုန်မင်းကြီး၏အမှုထမ်းတို့နှင့်အတူ ဩဖိရမြို့သို့ ရွက်လွှင့်သွားကြပြီး ရွှေတာလန်လေးရာ့ငါးဆယ်ယူဆောင်လာ၍ ရှောလမုန်မင်းကြီးကို ဆက်သကြ၏။
ထို့ပြင် ဟုရံမင်းကြီး၏အမှုထမ်းများနှင့် ရှောလမုန်မင်းကြီး၏အမှုထမ်းများသည် ဩဖိရအရပ်မှ ရွှေများယူဆောင်လာသည့်အပြင် စန္ဒကူးသစ်သားများနှင့် အဖိုးတန်ကျောက်များကိုလည်း ယူဆောင်လာပေး၏။
သမီး၊ နားထောင်လော့။ ကြည့်ရှုဆင်ခြင်၍နားစွင့်လော့။ သင့်လူမျိုးနှင့် သင့်ဖခင်၏အိမ်ကို မေ့ထားလော့။
ကိုယ်တော်၏မြင့်မြတ်သောအမျိုးသမီးများထဲတွင် ရှင်ဘုရင်တို့၏သမီးတော်များပါဝင်ကြပါ၏။ မိဖုရားသည် ဩဖိရရွှေ ဆင်မြန်းလျက် ကိုယ်တော်၏လက်ယာဘက်တွင် ရပ်နေပါ၏။
ရွှေနှင့်ငွေတို့ကိုလည်းကောင်း၊ ရှင်ဘုရင်များနှင့်တိုင်းပြည်တို့၏ဘဏ္ဍာကိုလည်းကောင်း ငါစုဆောင်း၏။ အမျိုးသားသီချင်းသည်နှင့် အမျိုးသမီးသီချင်းသည်တို့ကိုလည်းကောင်း၊ လူသားတို့ပျော်မွေ့ရာဖြစ်သောမောင်းမမိဿံများကိုလည်းကောင်း ငါခေါ်ယူ၏။