ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား နန်းတွင်းအရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
ယောယဒ၏သားဗေနာယမှာခေရသိနှင့် ပေလသိအမျိုးသားများဖြစ်ကြသော ကိုယ်ရံတော်အစောင့်တပ်သားတို့ကိုအုပ် ချုပ်ရသူဖြစ်၏။ ဒါဝိဒ်၏သားတော်များ ကားယဇ်ပုရောဟိတ်များဖြစ်ကြသတည်း။
ယော ယဒ သား ဗေ နာ ယ ကို ခေ ရ သိ နှင့် ပေ လ သိ တပ် တော် တွင် အ ကြီး အ မှူး ခန့်၍ ဒါ ဝိဒ် မင်း သား တော် တို့ လည်း ပ ရော ဟိတ် ဖြစ် ကြ သ တည်း။
ယောယဒ၏သားဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည်လည်း မင်းသားအရာနှင့် နေကြ၏။
အထံတော်ပါး၌ခစားရသောမင်းမှုထမ်းအားလုံးတို့သည် ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။ ခေရသိလူမျိုးအားလုံး၊ ပေလသိလူမျိုးအားလုံးနှင့် ဂါသမြို့မှလိုက်လာသော ဂိတ္တိလူမျိုးအားလုံး လူအယောက်ခြောက်ရာတို့သည်လည်း ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။
ယွာဘကား အစ္စရေးစစ်သည်အားလုံးကို အုပ်ချုပ်ရသူ၊ ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊
ယာဣရလူမျိုးဣရကား ဒါဝိဒ်မင်းကြီး၏ယဇ်ပုရောဟိတ် စသည်ဖြင့် နေရာကျကြ၏။
ထို့ကြောင့် ယွာဘ၏နောက်လိုက်များမှစ၍ ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့အပါအဝင် သူရဲကောင်းအပေါင်းတို့သည် အဘိရှဲနှင့်အတူ ဂျေရုဆလင်မြို့မှ ထွက်သွားပြီး ဗိခရိ၏သား ရှေဘကိုလိုက်ကြ၏။
ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သား ဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့သည် ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏လားပေါ်တင်၍ ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားကြ၏။
ရှင်ဘုရင်သည် သူ၏လားတော်ကို ရှောလမုန်အား စီးစေပြီး သူနှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သားဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့ကို ဂိဟုန်မြို့သို့စေလွှတ်ပါ၏။
သို့သော် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣနှင့် ဒါဝိဒ်မင်းကြီး၏စစ်သူရဲတို့ကား အဒေါနိယဘက်၌ မနေကြပေ။
ထို့နောက် ရှောလမုန်မင်းကြီးသည် ယောယဒ၏သား ဗေနာယကိုစေလွှတ်၍ အဒေါနိယကို ကွပ်မျက်စေသဖြင့် သူသေလေ၏။
ယောယဒ၏သားဗေနာယသည် ဗိုလ်ချုပ်၊ ဇာဒုတ်နှင့်အဗျာသာတို့သည် ယဇ်ပုရောဟိတ်၊
နာသန်၏သားအာဇရိသည် နယ်စားမင်းကြီး၊ နာသန်၏သားဇာဗုဒ်သည် ယဇ်ပုရောဟိတ်နှင့် ဘုရင့်အတိုင်ပင်ခံ၊
ခုနစ်နှစ်မြောက်တွင် ယောယဒသည် ကိုယ်ရံတော်တပ်နှင့် အစောင့်တပ်တို့၏ရာတပ်မှူးများကို လူလွှတ်ခေါ်၍ သူတို့သည် ထာဝရဘုရား၏အိမ်တော်သို့ ရောက်လာလျှင် ထာဝရဘုရား၏အိမ်တော်တွင်ပင် သူတို့နှင့် ကတိသစ္စာပြု၍ ကျိန်ဆိုစေပြီးမှ ဘုရင့်သားတော်ကို ထုတ်ပြ၏။
ရဲစွမ်းသတ္တိထက်မြက်သော ကပ်ဇေလမြို့မှ စစ်သူရဲမျိုးရိုး ယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့ကဲ့သို့အားကြီးသောမောဘလူမျိုးနှစ်ဦးကို သုတ်သင်ပစ်ခဲ့၏။ နှင်းကျသောနေ့တစ်နေ့တွင် ခြင်္သေ့တွင်းထဲသို့ဝင်ပြီး ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။
ယောယဒ၏သား ဗေနာယကား ခေရသိလူမျိုးနှင့်ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား ရှင်ဘုရင်အနား၌ ခစားရသော အရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် လက်တော်ကိုဆန့်ပြီး ဖိလိတ္တိလူမျိုးတို့ကိုဆန့်ကျင်မည်။ ခေရသိလူမျိုးတို့ကို သုတ်သင်ပစ်မည်။ ပင်လယ်ကမ်းနားတွင်ကြွင်းကျန်သောသူတို့ကိုပါ ငါဖျက်ဆီးပစ်မည်။
ပင်လယ်ကမ်းရိုးတန်း၌နေထိုင်သောခေရသိလူမျိုးတို့၊ သင်တို့၌အမင်္ဂလာရှိ၏။ အို ခါနာန်ပြည်ရှိဖိလိတ္တိလူမျိုးတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သင်တို့ကို ဆန့်ကျင်လျက် “စင်စစ် သင်တို့ကို တစ်ယောက်မကျန် ငါဖျက်ဆီးမည်”ဟု မိန့်ဆိုပြီ။
အကျွန်ုပ်တို့သည် ခေရသိလူမျိုးပိုင်သောနေဂေ့အရပ်ဒေသ၊ ယုဒလူမျိုးပိုင်သောအရပ်ဒေသနှင့် ကာလက်လူမျိုးပိုင်သောနေဂေ့အရပ်ဒေသတို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို မီးရှို့ခဲ့ပါပြီ”ဟု ပြန်ဖြေ၏။