ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
၁ ရာ 29:8 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်က အာခိတ်မင်းကြီးအား “အကျွန်ုပ် မည်သို့ပြုမိပါသနည်း။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏ရန်သူတို့ကို စစ်တိုက်သွားခွင့်မရအောင် အရှင့်ထံသို့ရောက်သည့်နေ့မှစ၍ ယနေ့အထိ အရှင့်အစေအပါး၌ မည်သည့်အပြစ်ကို အရှင်တွေ့ရှိပါသနည်း”ဟု ပြန်ပြော၏။ Common Language Bible ဒါဝိဒ်ကလည်း``အကျွန်ုပ်သည်အဘယ်အမှား ကိုပြုမိပါသနည်း။ အရှင်မိန့်ကြားသည့်အတိုင်း အရှင့်အမှုတော်ကိုစတင်ဆောင်ရွက်သည့်နေ့ မှစ၍ အကျွန်ုပ်အပေါ်တွင်အပြစ်တစ်စုံတစ် ရာမျှမတွေ့ရပါမူ အကျွန်ုပ်၏သခင်နှင့်ဘုရင် ဖြစ်သောကိုယ်တော်အတွက်အကျွန်ုပ်အဘယ် ကြောင့်လိုက်၍ ရန်သူတို့ကိုတိုက်ခိုက်ခွင့်မရ ပါသနည်း'' ဟုလျှောက်၏။ Garrad Bible ကျွန် တော် သည် မည် သည့် ပြစ် မှု ကို ပြု ဘူး ပါ သ နည်း။ ကျွန် တော့် အ ရှင် ဘု ရင် မင်း၏ ရန် သူ တို့ ကို ချီ လိုက်၍ မ တိုက် စေ ရန် ဝင် နေ သည့် နေ့ မှ စ၍ ယ ခု တိုင် မည် သည့် ပြစ် မှု ကို တွေ့ ဘူး ပါ သ နည်း ဟု ဒါ ဝိဒ် မေး လျှောက် သော် Judson Bible ဒါဝိဒ်က ကျွန်တော်သည် ကျွန်တော်သခင် ရှင်ဘုရင်၏ရန်သူတို့ကို စစ်တိုက်မသွားစေခြင်းငှာ အဘယ်သို့ ပြုဘိသနည်း။ ကိုယ်တော်ထံမှာ နေသမျှကာလပတ်လုံး ယနေ့တိုင်အောင် အဘယ်အပြစ်ကို တွေ့တော်မူသနည်းဟု အာခိတ်မင်းအား မေးလျှောက်သော်၊ |
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။
ဒါဝိဒ်ကလည်း “ယခု အကျွန်ုပ် မည်သို့ပြုမိသနည်း။ ဤအကြောင်းအရာကို မေးခွင့်မရှိသလော”ဟု ပြန်ပြောပြီး
သို့ဖြစ်၍ အရှင်နှင့်အကျွန်ုပ်သည် ထာဝရဘုရားရှေ့တွင် ပဋိညာဉ်ပြုထားကြပြီဖြစ်၍ အရှင်၏အစေအပါးကို သနားပါလော့။ အကျွန်ုပ်အပြစ်ပြုမိခဲ့လျှင် အရှင်ကိုယ်တိုင် အကျွန်ုပ်ကိုသတ်ပါ။ အဘယ်ကြောင့် အကျွန်ုပ်ကို အရှင့်ခမည်းတော်လက်သို့အပ်မည်နည်း”ဟု ဆို၏။
အကျွန်ုပ်၏သခင်၊ အဘယ်ကြောင့် သခင့်အစေအပါးနောက်သို့ လိုက်နေရပါသနည်း။ အကျွန်ုပ် မည်သို့ပြုမိပါသနည်း။ မည်သည့် အမှားပြုမိပါသနည်း။
အာခိတ်မင်းကြီးကလည်း “ယနေ့ မည်သည့်အရပ်တွင် တိုက်ခိုက်ခဲ့သနည်း”ဟု မေးလျှင် ဒါဝိဒ်က “ယုဒတောင်ဘက်”၊ “ယေရမေလတောင်ဘက်”၊ “ကေနိတောင်ဘက်” စသည်ဖြင့် ပြန်လျှောက်လေ့ရှိ၏။
ဒါဝိဒ်က အာခိတ်မင်းကြီးအား “အရှင့်အစေအပါး မည်သို့ပြုနိုင်သည်ကို အရှင် သိမြင်ရလိမ့်မည်”ဟု ဆို၏။ အာခိတ်မင်းကြီးကလည်း ဒါဝိဒ်အား “ကောင်းပြီ။ သင့်ကို ငါ၏သက်တော်စောင့်အဖြစ် ရာသက်ပန်ခန့်လိုက်ပြီ”ဟု ပြန်ပြော၏။
သို့ဖြစ်၍ ယခုမှာ သင် အေးအေးချမ်းချမ်းပြန်သွားပါ။ သင့်ကို ဖိလိတ္တိမင်းတို့ အဆိုး မမြင်စေပါနှင့်”ဟု ဆိုလျှင်