၁ ရာ 27:10 - မြန်မာ့စံမီသမ္မာကျမ်း10 အာခိတ်မင်းကြီးကလည်း “ယနေ့ မည်သည့်အရပ်တွင် တိုက်ခိုက်ခဲ့သနည်း”ဟု မေးလျှင် ဒါဝိဒ်က “ယုဒတောင်ဘက်”၊ “ယေရမေလတောင်ဘက်”၊ “ကေနိတောင်ဘက်” စသည်ဖြင့် ပြန်လျှောက်လေ့ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 အာခိတ်ကလည်းသူ့အား``ယခုအကြိမ်သင် သည်အဘယ်အရပ်သို့သွားရောက်တိုက်ခိုက်ခဲ့ ပါသနည်း'' ဟုမေးမြန်းလေ့ရှိ၏။ ထိုအခါ ဒါဝိဒ်ကယုဒပြည်တောင်ပိုင်းယေရမေလ အနွယ်ဝင်တို့နယ်မြေ၊ ကေနိအမျိုးသားတို့ ၏နယ်မြေစသည်တို့ကိုသွားရောက်ခဲ့ကြောင်း လျှောက်ထားလေ့ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 အာ ခိတ် မင်း က၊ သင် တို့ သည် ယ နေ့ အ ဘယ် အ ရပ် မှ တိုက် ခိုက် ပြန် လာ ကြ သ နည်း ဟု မေး သော်၊ ဒါ ဝိဒ် က၊ နေ ဂပ် ခ ရိုင် အ တွင်း ယု ဒ၊ ယေ ရ မေ လ၊ ကေ နိ အ မျိုး သား တို့ ပိုင် ရာ များ ကို တိုက် ခိုက် ကြ ပါ သည် ဟု တင် လျှောက် ၏။ အခန်းကိုကြည့်ပါ။Judson Bible10 အာခိတ်မင်းက၊ သင်တို့သည် ယနေ့ အဘယ်အရပ်သို့သွား၍ တိုက်သနည်းဟု မေးသော်၊ ဒါဝိဒ်က၊ ယုဒပြည်တောင်ဘက်၊ ယေရမေလပြည်တောင်ဘက်၊ ကေနိပြည်တောင်ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက်၏။ အခန်းကိုကြည့်ပါ။ |
ရှောလုမင်းကြီးက ကေနိလူမျိုးတို့အား “အာမလက်လူမျိုးတို့ထံမှ ဝေးစွာထွက်သွားလော့။ သို့မဟုတ်လျှင် သင်တို့ကို သူတို့နှင့်အတူ ဖျက်ဆီးမိလိမ့်မည်။ အစ္စရေးအမျိုးသားအပေါင်းတို့ အီဂျစ်ပြည်မှ ထွက်လာစဉ်က သင်တို့သည် သူတို့အားမေတ္တာကရုဏာကို ပြသခဲ့ပြီ”ဟု ဆိုသဖြင့် ကေနိလူမျိုးတို့သည် အာမလက်လူမျိုးတို့ထံမှ ထွက်သွားကြ၏။