ဧသောကလည်း “အဖေ၊ အဖေ့တွင် ကောင်းချီးမင်္ဂလာတစ်ပါးတည်းသာရှိသလော။ အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆို၏။ ထို့နောက် ဧသောသည် အော်ဟစ်ငိုကြွေးလေ၏။
၁ ရာ 11:4 - မြန်မာ့စံမီသမ္မာကျမ်း တမန်တို့သည် ရှောလုရှိရာဂိဗာမြို့သို့ရောက်လာ၍ ထိုသတင်းကို လူတို့ကြားသိအောင်ပြောကြားသောအခါ လူအပေါင်းတို့သည် အော်ဟစ်ငိုကြွေးကြလေ၏။ Common Language Bible စေတမန်တို့သည်ရှောလုနေထိုင်ရာဂိဗာ မြို့သို့ရောက်ရှိလာလျက် ထိုသတင်းကိုပြော ကြားကြသောအခါ လူတို့သည်စိတ်ပျက် အားလျော့လျက်ငိုကြွေးကြကုန်၏။- Garrad Bible ရှော လု မင်း နေ ရာ ဂိ ဗာ မြို့ သို့ တ မန် တို့ လာ ရောက်၍ မြို့ သူ မြို့ သား တို့ အား ကြား ပြော လျှင် တစ် မြို့ လုံး အော် ဟစ် ငို ကြွေး ကြ ၏။ Judson Bible တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အားသတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ |
ဧသောကလည်း “အဖေ၊ အဖေ့တွင် ကောင်းချီးမင်္ဂလာတစ်ပါးတည်းသာရှိသလော။ အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆို၏။ ထို့နောက် ဧသောသည် အော်ဟစ်ငိုကြွေးလေ၏။
ထို့ကြောင့် သူ့သားခုနစ်ယောက်ကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူပါ။ ထာဝရဘုရား ရွေးကောက်ခံရသူရှောလု၏ဇာတိမြို့ဖြစ်သော ဂိဗာမြို့၌ သူတို့ကို ထာဝရဘုရားရှေ့တော်တွင် ကြိုးဒဏ်ပေးပါမည်”ဟု လျှောက်တင်ကြလျှင် ရှင်ဘုရင်က “ငါအပ်ပေးမည်”ဟု မိန့်ဆို၏။
ဂိဗာမြို့သား ရှေမာ၏သားများဖြစ်သော အကြီးအမှူးအဟေဇာနှင့် ယောရှ၊ အာဇမာဝက်၏သားများဖြစ်သော ယေဇေလနှင့် ပေလက်၊ အာနသုတ်မြို့သားဗေရာခနှင့် ယေဟု၊
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
အချင်းချင်း၏ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ပေးကြလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏တရားတော်ကို ပြည့်စုံစေကြလိမ့်မည်။
အကျဉ်းသားများကို သူတို့နှင့်အတူအချုပ်အနှောင်ခံနေရသကဲ့သို့ သတိရကြလော့။ မတရားပြုမူဆက်ဆံခြင်းခံရသောသူတို့ကို သင်တို့လည်း မိမိကိုယ်ခန္ဓာ၌ ထိုနည်းတူခံရသကဲ့သို့ သတိရကြလော့။
ထိုသို့ ထာဝရဘုရား၏ကောင်းကင်တမန် မိန့်ဆိုသောအခါ အစ္စရေးအမျိုးသားအပေါင်းတို့ အော်ဟစ်ငိုကြွေးကြလေ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသား လူအပေါင်းတို့သည်လည်း ဗေသလမြို့သို့ တက်သွားပြီး ထာဝရဘုရားရှေ့တော်တွင် ထိုင်၍ငိုကြွေးကြ၏။ ထိုနေ့ နေဝင်သည်အထိ အစာရှောင်လျက် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်များကို ပူဇော်ကြ၏။
လူတို့သည် ဗေသလမြို့သို့လာ၍ နေဝင်ချိန်တိုင်အောင် ဘုရားသခင်ရှေ့တော်တွင် ထိုင်၍အော်ဟစ်ငိုကြွေးလျက်
ရှောလုသည်လည်း မိမိအိမ်ရှိရာ ဂိဗာမြို့သို့ပြန်သွားရာ ဘုရားသခင်သည် ရဲစွမ်းသတ္တိရှိသူတို့၏စိတ်နှလုံးကို တို့ထိတော်မူသဖြင့် သူတို့သည် သူ့နောက်သို့ လိုက်သွားကြ၏။
ရှောလုမင်းကြီးသည် ဂိဗာမြို့စွန်၊ မိဂရုန်အရပ်ရှိသလဲပင်အောက်တွင် စခန်းချနေ၏။ သူနှင့်အတူ စစ်သည်အယောက်ခြောက်ရာခန့်ရှိ၏။
ထို့နောက် ရှမွေလသည် ရာမမြို့သို့ပြန်သွား၍ ရှောလုမင်းကြီးမူကား ဂိဗာမြို့ရှိ မိမိနန်းတော်သို့ တက်သွား၏။
ဒါဝိဒ်နှင့်သူ့လူတို့သည် ငိုကြွေးဖို့ အားမရှိတော့လောက်အောင်ပင် အသံကုန်ငိုကြွေးကြလေ၏။