ကမ္ဘာဦး 27:38 - မြန်မာ့စံမီသမ္မာကျမ်း38 ဧသောကလည်း “အဖေ၊ အဖေ့တွင် ကောင်းချီးမင်္ဂလာတစ်ပါးတည်းသာရှိသလော။ အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆို၏။ ထို့နောက် ဧသောသည် အော်ဟစ်ငိုကြွေးလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible38 ဧသောက``အို အဖ၊ ဖခင်ထံ၌ပေးစရာ ကောင်းချီးမင်္ဂလာတစ်ပါးမျှမကျန်ပါ သလော။ ကျွန်တော့်ကိုလည်းကောင်းချီးမင်္ဂလာ ပေးပါဦး'' ဟုဖခင်အားဆက်လက်တောင်းပန် ၍ငိုကြွေးလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible38 ဧ သော က အို အ ဘ၊ ကောင်း ကြီး တစ် ပါး သာ လျှင် ရှိ ပါ သ လော။ အို အ ဘ၊ ကျွန် တော် ကို လည်း ကောင်း ကြီး ပေး ပါ။ ကျွန် တော် ကို ပင် ပေး ပါ ဦး ဟု ပြန် လျှောက် လျက် အော် ဟစ် ငို ကြွေး လေ၏။ အခန်းကိုကြည့်ပါ။Judson Bible38 ဧသောက၊ အိုအဘ၊ ကောင်းချီးမင်္ဂလာ တစ်စုံတစ်ခုမျှမရှိပါသလော။ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါလော့၊ ပေးပါလော့ဟု အဘအားပြောဆိုလျက်၊ တစ်ဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။ အခန်းကိုကြည့်ပါ။ |
ဧသောကလည်း “သူ့အမည်ကို ယာကုပ် ဟုမှည့်ခေါ်ထားသည်မှာ မှန်နေသည်မဟုတ်လော။ သူသည် အကျွန်ုပ်ကို နှစ်ကြိမ်တိုင်တိုင်လှည့်စားပြီ။ ယခင်က အကျွန်ုပ်၏သားဦးအရိုက်အရာကိုယူသွား၏။ ယခုလည်း အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကိုယူသွား၏”ဟု ဆိုပြီးလျှင် “အဖေ အကျွန်ုပ်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးမျှ မချန်ထားပေးသလော”ဟု ဆို၏။