ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
ဧဇရ 5:14 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်ဗိမာန်တော်မှ သိမ်းယူ၍ ဘေဘီလုံဗိမာန်သို့ နေဗုခဒ်နေဇာမင်းကြီး ယူဆောင်လာသည့် ရွှေဖလား၊ ငွေဖလားစသော ဘုရားသခင်၏အိမ်တော်အသုံးအဆောင်များကို ကုရုမင်းကြီးသည် ဘေဘီလုံဗိမာန်မှထုတ်၍ ဘုရင်ခံအဖြစ် ခန့်အပ်ခြင်းခံရသော ရှေရှဗာဇာထံသို့ ပေးအပ်ပြီး Common Language Bible ထိုမင်းသည်ယေရုရှလင်မြို့ဗိမာန်တော်မှနေဗုခဒ်နေဇာသိမ်းယူကာ ဗာဗုလုန်မြို့ဘုရားဗိမာန်တွင်ထားရှိသည့်ဗိမာန်တော်ဆိုင်ရာရွှေ၊ ငွေအသုံးအဆောင်တော်များကိုပြန်လည်ပေးအပ်တော်မူခဲ့ပါ၏။- Garrad Bible ယေ ရု ရှ လင် မြို့ ရှိ အ ထက် ဗိ မာန် တော် မှ နေ ဗု ခဒ် နေ ဇာ မင်း ထုတ် ယူ လျက်၊ ဗာ ဗု လုန် မြို့ ဗိ မာန် အ တွင်း သွင်း ထား ခဲ့ သော ရွှေ၊ ငွေ အ သုံး အ ဆောင် တော် များ ကို၊ ကု ရု မင်း ပြန် ထုတ်၍၊ ဘု ရင် ခံ ရာ ထူး ဖြင့် ခန့် ထား ခံ ရ သူ ရှေ ရှ ဗာ ဇာ့ ထံ အပ် လျက်၊ Judson Bible နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗုလုန်မြို့၏ဗိမာန်ထဲက တစ်ဖန်ထုတ်၍၊ ရှေရှဗာဇာအမည်နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော်မူလျက်၊ |
ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
နေဗုခဒ်နေဇာမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အချို့တို့ကိုလည်း ဘေဘီလုံပြည်သို့ယူဆောင်သွားပြီး ဘေဘီလုံမြို့ရှိမိမိဗိမာန်တွင် ထားရှိလေ၏။
“ဤအသုံးအဆောင်တို့ကိုယူ၍ ဂျေရုဆလင်မြို့ရှိ ဗိမာန်တော်၌ ပြန်ထားလော့။ ဘုရားသခင်၏အိမ်တော်ကိုလည်း မူလနေရာ၌ ပြန်လည်တည်ဆောက်လော့”ဟု မှာလိုက်၏။
ရှေရှဗာဇာလည်း ဂျေရုဆလင်မြို့သို့ရောက်လာ၍ ဘုရားသခင်၏အိမ်တော်ကို အုတ်မြစ်ချ၏။ ထိုအချိန်ကစ၍ တည်ဆောက်ရာ ယခုထိ မပြီးစီးသေးပါ’ဟု အကျွန်ုပ်တို့အား ပြန်ဖြေပါ၏။
ဂျေရုဆလင်မြို့ရှိ ဗိမာန်တော်မှ ဘေဘီလုံမြို့သို့ နေဗုခဒ်နေဇာမင်းကြီး သိမ်းယူသွားသည့် ရွှေဖလား၊ ငွေဖလားစသော ဘုရားသခင်၏အိမ်တော်အသုံးအဆောင်များကိုလည်း ဂျေရုဆလင်မြို့ရှိ ဗိမာန်တော်သို့ ပြန်လည်ယူဆောင်လာ၍ ဘုရားသခင်၏အိမ်တော်၊ မိမိနေရာတွင် ပြန်ထားစေ’ဟူ၍ အမိန့်ထုတ်ပြန်၏။
ဧဇရက “ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်အား ခန့်ညားထည်ဝါအောင် ပြုပေးလိုသောစိတ်ကို ရှင်ဘုရင်၌ ရှိစေတော်မူသော အကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော အင်တုံများ၊ မီးကျီးခံဗန်းများ၊ ဇလုံများ၊ အိုးများ၊ ဆီမီးခုံများ၊ ခွက်များ၊ ပန်းကန်လုံးများကိုလည်း သိမ်းယူသွားလေ၏။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ဤသို့ဖြင့် ထာဝရဘုရားသည် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၏စိတ်ကိုလည်းကောင်း၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏စိတ်ကိုလည်းကောင်း၊ ကြွင်းကျန်သောသူအပေါင်း၏စိတ်ကိုလည်းကောင်း လှုံ့ဆော်သဖြင့် သူတို့သည် လာ၍ မိမိတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ကြ၏။
“ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုနှင့် ကျန်ပြည်သူပြည်သားတို့အား ယခု မိန့်ဆိုလော့။
အုပ်ချုပ်ရေးမှူးသည် ဖြစ်ပျက်သောအမှုအရာကိုမြင်လျှင် သခင်ဘုရားနှင့်ပတ်သက်သောသွန်သင်ချက်ကို အံ့ဩချီးမွမ်းလျက် ယုံကြည်လေ၏။