ဧဇရ 5:14 - Common Language Bible14 ထိုမင်းသည်ယေရုရှလင်မြို့ဗိမာန်တော်မှနေဗုခဒ်နေဇာသိမ်းယူကာ ဗာဗုလုန်မြို့ဘုရားဗိမာန်တွင်ထားရှိသည့်ဗိမာန်တော်ဆိုင်ရာရွှေ၊ ငွေအသုံးအဆောင်တော်များကိုပြန်လည်ပေးအပ်တော်မူခဲ့ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 ယေ ရု ရှ လင် မြို့ ရှိ အ ထက် ဗိ မာန် တော် မှ နေ ဗု ခဒ် နေ ဇာ မင်း ထုတ် ယူ လျက်၊ ဗာ ဗု လုန် မြို့ ဗိ မာန် အ တွင်း သွင်း ထား ခဲ့ သော ရွှေ၊ ငွေ အ သုံး အ ဆောင် တော် များ ကို၊ ကု ရု မင်း ပြန် ထုတ်၍၊ ဘု ရင် ခံ ရာ ထူး ဖြင့် ခန့် ထား ခံ ရ သူ ရှေ ရှ ဗာ ဇာ့ ထံ အပ် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible14 နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗုလုန်မြို့၏ဗိမာန်ထဲက တစ်ဖန်ထုတ်၍၊ ရှေရှဗာဇာအမည်နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော်မူလျက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ဂျေရုဆလင်ဗိမာန်တော်မှ သိမ်းယူ၍ ဘေဘီလုံဗိမာန်သို့ နေဗုခဒ်နေဇာမင်းကြီး ယူဆောင်လာသည့် ရွှေဖလား၊ ငွေဖလားစသော ဘုရားသခင်၏အိမ်တော်အသုံးအဆောင်များကို ကုရုမင်းကြီးသည် ဘေဘီလုံဗိမာန်မှထုတ်၍ ဘုရင်ခံအဖြစ် ခန့်အပ်ခြင်းခံရသော ရှေရှဗာဇာထံသို့ ပေးအပ်ပြီး အခန်းကိုကြည့်ပါ။ |
မီးကျီးခဲများသယ်ယူရာတွင်အသုံးပြု သည့်ခွက်ငယ်များနှင့်အိုးကင်းများ၊ ယဇ် ကောင်သွေးခံခွက်ဖလားများ၊ ပြာခွက်များ၊ မီးတင်ခုံများ၊ နံ့သာပေါင်းကိုမီးရှို့ရာ ခွက်ဖလားများ၊ စပျစ်ရည်ပူဇော်သကာ သွန်းလောင်းရာတွင်အသုံးပြုသည့်ခွက် ဖလားအစရှိသည့်ရွှေသို့မဟုတ်ငွေဖြင့် ပြီးသည့်ပစ္စည်းမှန်သမျှကိုလည်း ယူဆောင် သွားလေသည်။-
ထာဝရဘုရားသည်ယုဒဘုရင်ခံရှာလ လေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရော ဟိတ်မင်းယောဇဒတ်၏သားယောရှုနှင့် ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူအပေါင်း တို့အား ဗိမာန်တော်တည်ဆောက်မှုတွင်စိတ် အားထက်သန်၍လာစေတော်မူ၏။ သူတို့ သည်မိမိတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရား၏ဗိမာန်တော် တည်ဆောက်မှုကို၊-
ကုရုမင်းသည်ယုဒဘုရင်ခံအဖြစ် မိမိခန့်ထားသည့်ရှေရှဗာဇာအမည်ရှိသူ၏လက်သို့ ထိုအသုံးအဆောင်တော်များကိုအပ်နှံတော်မူ၍ ယေရုရှလင်မြို့ဗိမာန်တော်သို့ပြန်လည်ယူဆောင်သွားစေပြီးလျှင် ထိုဗိမာန်တော်ကိုနေရာဟောင်းတွင် ပြန်လည်တည်ဆောက်ရန်မိန့်မှာတော်မူပါ၏။-