ငါ အမျက်မထွက်ပါ။ မည်သူသည် ငါ့ကို ချုံပင်၊ ဆူးပင်များနှင့် တိုက်ပွဲဝင်စေမည်နည်း။ ချီတက်တိုက်ခိုက်ပြီး အားလုံးမီးရှို့ပစ်မည်။
အာမုတ် 7:4 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ ဘုရားရှင်ထာဝရဘုရားသည် တရားစီရင်ရန် မီးကိုဆင့်ခေါ်ရာ မီးသည် ကျယ်ပြန့်နက်ရှိုင်းသောရေထုကို ဝါးမျိုပြီးလျှင် မြေကြီးကိုလည်း ဝါးမျိုလေ၏။ Common Language Bible ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ နောက်တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံ၌အရှင် ထာဝရဘုရားသည် မိမိလူမျိုးကိုမီးဒဏ် ဖြင့်အပြစ်ပေးရန်ပြင်ဆင်နေတော်မူသည် ကိုတွေ့ရသည်။ ထိုမီးသည်မြေအောက်သမုဒ္ဒ ရာတစ်ခုလုံးခန်းခြောက်အောင်ကျွမ်းလောင် ပြီးနောက် ကုန်းပေါ်မှာစတင်တောက်လောင် လာ၏။- Garrad Bible တစ် ဖန်၊ အ ရှင် ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သည့် အ တိုင်း၊ ဘက် ပြိုင် တော် မူ ရာ ကူ ညီ ရန်၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ခေါ် တော် မူ သော မီး သည်၊ မ ဟာ ရေ ထု ကို ကျွမ်း လောင် ပြီး လျှင်၊ မြေ ထု ကို လည်း ကျွမ်း လောင် မည့် ပြု ကြောင်း ငါ မြင် ရာ၊ Judson Bible တစ်ဖန် အရှင်ထာဝရဘုရားသည် ငါ့အားပြတော်မူသော ရူပါရုံဟူမူကား၊ မီးဖြင့် ဒဏ်ပေးခြင်းငှာ မီးကိုခေါ်တော်မူ၍၊ မဟာသမုဒ္ဒရာကို မီးလောင်လေ၏။ ကုန်းကိုလည်း လောင်လေ၏။ |
ငါ အမျက်မထွက်ပါ။ မည်သူသည် ငါ့ကို ချုံပင်၊ ဆူးပင်များနှင့် တိုက်ပွဲဝင်စေမည်နည်း။ ချီတက်တိုက်ခိုက်ပြီး အားလုံးမီးရှို့ပစ်မည်။
ထာဝရဘုရားက “အို ဒါဝိဒ်အမျိုးအနွယ်တို့၊ နံနက်တိုင်း တရားသဖြင့်စစ်ကြောစီရင်ကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သောသူ၏လက်မှ ကယ်နုတ်လော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မည်သူမျှမငြှိမ်းနိုင်အောင် မီးကဲ့သို့တောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
ယုဒပြည်သူဂျေရုဆလင်မြို့သားတို့၊ အရေဖျားလှီးခြင်းကိုခံ၍ သင်တို့ကိုယ်သင်တို့ ထာဝရဘုရားထံဆက်ကပ်ကြလော့။ သင်တို့၏စိတ်နှလုံးအရေဖျားကို ဖယ်ရှားကြလော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မီးကဲ့သို့ မည်သူမျှမငြှိမ်းနိုင်အောင် တောက်လောင်လိမ့်မည်။
အစ္စရေးပြည်အား ‘ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင့်ကို ဆန့်ကျင်မည်။ ဓားအိမ်ထဲမှဓားကို ဆွဲထုတ်၍ သင့်အထဲမှ လူဆိုးလူကောင်းမကျန် သုတ်သင်ပစ်မည်။
အို ထာဝရဘုရား၊ ကိုယ်တော့်ကို အကျွန်ုပ်ဟစ်ခေါ်ပါ၏။ အကြောင်းမူကား မီးသည် တောကန္တာရရှိစားကျက်မြေများကို ဝါးမျို၍ မီးလျှံတို့သည် တောရှိသစ်ပင်တို့ကို လောင်ကျွမ်းလေပြီ။
မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် အံ့ဖွယ်သောအမှုတို့ကို ငါပြဦးမည်။ သွေး၊ မီးနှင့် မီးခိုးတိုင်တို့ ဖြစ်ပေါ်မည်။
ထို့ကြောင့် ထာဝရဘုရားထံတော်မှ မီးထွက်လာ၍ သူတို့ကိုလောင်ကျွမ်းသဖြင့် သူတို့သည် ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။
ထို့ကြောင့် ငါသည် ဟာဇေလအမျိုးအနွယ်ပေါ်သို့ မီးကိုလွှတ်၍ ဗင်္ဟာဒဒ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ထို့ကြောင့် ငါသည် ဂါဇမြို့ရိုးအပေါ် မီးကိုလွှတ်၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ထို့ကြောင့် ငါသည် ယုဒပြည်အပေါ် မီးကိုလွှတ်၍ ဂျေရုဆလင်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
“သောဒုံမြို့နှင့် ဂေါမောရမြို့ကို ဘုရားသခင် ဖျက်ဆီးပစ်သကဲ့သို့ သင်တို့ကို ငါဖျက်ဆီးပစ်၏။ သင်တို့သည် မီးထဲမှ ဆွဲထုတ်လိုက်သောထင်းစကဲ့သို့ဖြစ်ခဲ့ရ၏။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အသက်ချမ်းသာရာရမည့်အကြောင်း ထာဝရဘုရားကိုရှာကြလော့။ သို့မဟုတ်လျှင် ယောသပ်အမျိုးအနွယ်ကို ရုတ်ချည်းမီးလောင်၍ ငြှိမ်းသတ်မည့်သူမရှိဘဲ ဗေသလမြို့ကို ဝါးမျိုလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ကောက်နှောင်းပေါ်စအချိန်တွင် ကိုယ်တော်သည် နှံကောင်အုပ်ကြီးကို လွှတ်လိုက်တော်မူ၏။ ဤအချိန်သည် ရှင်ဘုရင်အဖို့ ကောက်ရိတ်ပြီး ကောက်နှောင်းပေါ်ချိန်ဖြစ်၏။
တစ်ဖန် ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ဘုရားရှင်သည် ချိန်ကြိုးကိုကိုင်လျက် ချိန်ကြိုးဖြင့်တိုင်းတာဆောက်လုပ်ထားသော မြို့ရိုးပေါ်တွင်ရပ်နေ၏။
မီးနှင့်ထိသောဖယောင်းကဲ့သို့လည်းကောင်း၊ တောင်စောင်းတွင် စီးဆင်းသောရေကဲ့သို့လည်းကောင်း ခြေတော်အောက်တွင် တောင်များအရည်ပျော်၍ ချိုင့်ဝှမ်းလွင်ပြင်များလည်း အက်ကွဲကုန်လိမ့်မည်။
ကိုယ်တော်၏အမျက်တော်ရှေ့၌ မည်သူရပ်နိုင်မည်နည်း။ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်ကို မည်သူကြံ့ကြံ့ခံနိုင်မည်နည်း။ အမျက်တော်ကို မီးကဲ့သို့သွန်ချတော်မူလျှင် ရှေ့တော်၌ ကျောက်ဆောင်များ ပြိုကျကုန်ပါ၏။
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။
ငါ့အမျက်မီးသည် စွဲ၍ မရဏာနိုင်ငံအောက်ဆုံးထိတိုင်အောင် တောက်လောင်လိမ့်မည်။ မြေကြီးနှင့် မြေကြီးအသီးအနှံတို့ကို ဝါးမျို၍ တောင်များ၏အခြေအမြစ်တို့ကို လောင်ကျွမ်းလိမ့်မည်။
ကောင်းကင်တမန်များနှင့်ပတ်သက်၍ “ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိ၏အမှုကိုထမ်းဆောင်သူတို့အား မီးလျှံကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏”ဟု မိန့်တော်မူ၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ဖွင့်ထားသည့်တံခါးတစ်ခုရှိ၏။ ထိုအခါ ပထမဦးစွာ ငါ့အားမိန့်တော်မူသည်ကို ငါကြားရသည့်တံပိုးခရာသံကဲ့သို့သောအသံက“ဤအရပ်သို့တက်လာလော့။ ဤအဖြစ်အပျက်များနောက်တွင် ဖြစ်ပျက်ရမည့်အရာတို့ကို သင့်အား ငါပြမည်”ဟု ဆို၏။