အာမုတ် 7:7 - မြန်မာ့စံမီသမ္မာကျမ်း7 တစ်ဖန် ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ဘုရားရှင်သည် ချိန်ကြိုးကိုကိုင်လျက် ချိန်ကြိုးဖြင့်တိုင်းတာဆောက်လုပ်ထားသော မြို့ရိုးပေါ်တွင်ရပ်နေ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 ငါသည်ထာဝရဘုရားထံမှရူပါရုံတစ်ခု ကိုမြင်ရ၏။ ထိုရူပါရုံ၌ချိန်ကြိုးဖြင့်တိုင်း ထွာဆောက်လုပ်ခဲ့သည့်ကျောက်နံရံဘေးတွင် ချိန်ကြိုးတစ်ချောင်းကိုင်ကာရပ်နေတော်မူ သောကိုယ်တော်ရှင်ကိုငါတွေ့မြင်သည်။- အခန်းကိုကြည့်ပါ။Garrad Bible7 တစ် ဖန် ဖော် ပြ တော် မူ သည့် အ တိုင်း၊ မှန် ထုပ် ချ ၍ တည် ပြီး မြို့ ရိုး အ နီး၊ မှန် ထုပ် ကို ကိုင် စွဲ ရပ် နေ တော် မူ သော ထာ ဝ ရ ဘု ရား ကို ငါ ဖူး မြင် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible7 တစ်ဖန်ပြတော်မူသော ရူပါရုံဟူမူကား၊ ချိန်ကြိုးချ၍လုပ်သော ကျောက်ရိုးပေါ်မှာ ထာဝရဘုရားသည်ရပ်လျက်၊ လက်တော်၌ ချိန်ကြိုးကို ကိုင်လျက်၊ အခန်းကိုကြည့်ပါ။ |
ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။