လူမျိုးခြားတို့၏ရုပ်တုများသည် ရွှေငွေများဖြစ်ကြ၏။ လူ့လက်ဖြင့်ပြုလုပ်သောအရာများဖြစ်ကြ၏။
ဟေရှာယ 40:19 - မြန်မာ့စံမီသမ္မာကျမ်း ပန်းတဉ်းသမားသည် ရုပ်တုဆင်းတုကိုသွန်းလုပ်တတ်၏။ ပန်းထိမ်သမားသည်လည်း ထိုရုပ်တုကိုရွှေဖြင့်မွမ်းမံပြီး ငွေဆွဲကြိုးများ လုပ်ပေးတတ်၏။ Common Language Bible ကိုယ်တော်သည်အတတ်ပညာသည်များသွန်း လုပ်၍၊ ပန်းထိမ်ဆရာတို့ရွှေဖြင့်မွမ်းမံကာ၊ငွေ အခြေခံတွင် တပ်ဆင်ထားသည့်ရုပ်တုနှင့်မတူ။ Garrad Bible ရုပ် ပွား ဆင်း တု ကို ကား ပန်း တည်း သွန်း ခြင်း၊ ပန်း တိမ် ရွှေ မွမ်း မံ ခြင်း၊ ငွေ ကြိုး ဖွဲ့ ခြင်း များ ဖြင့် ပြု လေ့ ရှိ၏။ Judson Bible ပန်းတဉ်းသမားသည် ရုပ်တုကိုသွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။ |
လူမျိုးခြားတို့၏ရုပ်တုများသည် ရွှေငွေများဖြစ်ကြ၏။ လူ့လက်ဖြင့်ပြုလုပ်သောအရာများဖြစ်ကြ၏။
၎င်းတို့ကို ပြုလုပ်သောသူနှင့် ယုံကြည်ကိုးစားသောသူအပေါင်းတို့သည် ၎င်းတို့ကဲ့သို့ဖြစ်လာကြလိမ့်မည်။
ထိုနေ့ရက်၌ လူတို့သည် မိမိတို့ရှိခိုးကိုးကွယ်ရန် ထုလုပ်ထားသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များအလယ်၌ ပစ်ထားကြမည်။
သူတို့ပြည်သည် ရုပ်တုများနှင့်ပြည့်၍ သူတို့သည် မိမိတို့လက်ဖြင့်လုပ်သောအရာ၊ မိမိတို့လက်ချောင်းများဖြင့် ပြုလုပ်သောအရာတို့ကို ရှိခိုးကိုးကွယ်ကြ၏။
သင်တို့သည် ငွေဖြင့်မွမ်းမံသောရုပ်တု၊ ရွှေဖြင့်သွန်းလုပ်သောရုပ်တုတို့ကို ညစ်ညူးသည်ဟုမှတ်လျက် ရာသီသွေးစွန်းသောအဝတ်ကဲ့သို့ လွှင့်ပစ်၍ “သွားတော့”ဟု ဆိုလိမ့်မည်။
ကျွမ်းကျင်သောလက်မှုပညာသည်နှင့် ပန်းထိမ်သမားတို့က တာရှုမြို့မှလာသည့်ငွေပြား၊ ဥဖတ်မြို့မှလာသောရွှေတို့ဖြင့် တန်ဆာဆင်ပေးကြ၏။ ကျွမ်းကျင်သူတို့က အပြာရောင်အထည်၊ ခရမ်းရောင်အထည်တို့ဖြင့်လည်း တန်ဆာဆင်ပေးကြ၏။
ထိုသို့ စပျစ်ဝိုင်ကိုသောက်ရင်း ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။
အကယ်စင်စစ် ထိုရုပ်တုသည် အစ္စရေးထံမှ အစပြုခဲ့၏။ လက်မှုပညာသည်က ထုလုပ်သည်ဖြစ်၍ ဘုရား မဟုတ်။ ရှမာရိအမျိုး၏နွားသငယ်ရုပ်တုသည် တစ်စစီကျိုးပဲ့ရလိမ့်မည်။
ဤသို့ဖြင့် ထိုငွေကို မိခင်အားပြန်ပေးသောအခါ မိခင်က ငွေနှစ်ရာကိုယူပြီး ပန်းထိမ်သမားအားပေး၍ ရုပ်တုကိုထွင်းထု၊ သွန်းလုပ်စေ၏။ ထိုရုပ်တုတို့ကို မိက္ခာ၏အိမ်၌ထားလေ၏။