မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ အားကြီးသူတို့ကို ခွန်အားယုတ်လျော့စေတော်မူ၏။
ဟေရှာယ 23:9 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ထိုသို့ ကြံစည်တော်မူ၏။ ဤသည်ကား ဂုဏ်သရေမာန်တက်ခြင်းအလုံးစုံကို ရှုတ်ချရန်နှင့် မြေကြီးပေါ်တွင် ချီးမြှောက်ခံရသောသူအပေါင်းတို့ကို နှိမ့်ချရန်အတွက် ဖြစ်၏။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။ Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ရှိ သ မျှ သော ဘုန်း အ သ ရေ၏ မာ န ကို ရှုတ် ချ ခြင်း ငှာလည်း ကောင်း၊ မြေ ပေါ် တွင် အ ကြီး အ မှူး အ ပေါင်း တို့ ကို မ ထီ လေး စား ပြု စေ ခြင်း ငှာလည်း ကောင်း ကြံ ဖန် တော် မူ ခဲ့ လေ ပြီ။ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏မာနကို အရှက်ခွဲခြင်းငှာလည်းကောင်း၊ မြေကြီးမှူးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှာလည်းကောင်း ထိုသို့ ကြံစည်တော်မူ၏။ |
မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ အားကြီးသူတို့ကို ခွန်အားယုတ်လျော့စေတော်မူ၏။
ကိုယ်တော်သည် မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ သူတို့ကို လမ်းမရှိသော လွင်တီးခေါင်အရပ်၌ လှည့်လည်သွားလာစေတော်မူ၏။
ထို့ပြင် ဖားများသည် သင်မှစ၍ သင့်ပြည်သူပြည်သားများနှင့် သင့်အမှုထမ်းအားလုံးတို့အပေါ်သို့တက်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် အကိုင်းတို့ကို ကြမ်းတမ်းစွာချိုင်တော်မူမည်။ မြင့်သောအပင်တို့ကို ခုတ်ဖြတ်၍ ကြီးမားသောအပင်တို့ကို လှဲချတော်မူမည်။
ဆိုးညစ်သောကမ္ဘာကြီး၊ ဆိုးယုတ်သောဒုစရိုက်သမားတို့ကို ငါဒဏ်ခတ်မည်။ မာနထောင်လွှားသောသူတို့၏မာနကို ငါချုပ်ငြိမ်းစေမည်။ ကြမ်းကြုတ်သောသူတို့၏မာနကို ငါချိုးပစ်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါကြံရွယ်သည့်အတိုင်း ဖြစ်လာမည်။ ငါကြံစည်သည့်အတိုင်း ဖြစ်ပျက်မည်။
ဤသည်ကား ကမ္ဘာမြေတစ်ခွင်လုံးအတွက် ကြံစည်ထားသောအကြံအစည်တော်ဖြစ်၏။ ဤသည်ကား တိုင်းနိုင်ငံအားလုံးတို့အပေါ် ဆန့်သောလက်တော်ဖြစ်၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကြံစည်တော်မူသည်ကို မည်သူဖျက်မည်နည်း။ ဆန့်ထားလျက်ရှိသောလက်တော်ကို မည်သူပြန်ရုပ်သိမ်းမည်နည်း။
ထိုနေ့ရက်တွင် မျက်နှာမောက်မာသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထောင်လွှားသောသူသည် ဦးကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။
အကယ်စင်စစ် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့ရက်၌ မောက်မာထောင်လွှားသောသူ၊ ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်သောသူအပေါင်းတို့၏မာန်စွယ်ကို ချိုးတော်မူမည်။
ထိုနေ့ရက်၌ မောက်မာသောသူသည် ဦးကျိုးသွားရမည်။ ထောင်လွှားသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။
အို တာရှုမြို့သမီးပျို၊ အထိန်းအချုပ်မရှိတော့ပြီဖြစ်၍ နိုင်းမြစ်ကဲ့သို့ ကိုယ့်မြေပေါ်မှာ ဖြတ်သန်းသွားလာလော့။
ဆူးပင်၊ ချုံပင်တို့ပေါက်နေသော ငါ့လူမျိုး၏မြေ၊ အပျော်အပါးများနှင့်စည်ကားခဲ့သောမြို့၊ ဝမ်းမြောက်ပျော်ရွှင်ခဲ့သောမိသားစုအားလုံးအတွက် ရင်ဘတ်စည်တီးကြလော့။
ငါ၏လူမျိုးတော်သည် ထိုသို့ အသိပညာမဲ့သဖြင့် ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်။ ဂုဏ်သရေရှိသောသူတို့သည် ငတ်မွတ်သောသူဖြစ်ကြလိမ့်မည်။ လူအလုံးအရင်းသည် ရေငတ်၍ သေကြရလိမ့်မည်။
ဦးခေါင်းကား သက်ကြီးဝါကြီးနှင့်အသရေရှိသောသူတို့တည်း။ အမြီးကား မဟုတ်မမှန်သွန်သင်ပေးသောပရောဖက်တို့တည်း။
ထာဝရဘုရားက “ယုဒပြည်၏မာန၊ ဂျေရုဆလင်မြို့၏မာနကြီးခြင်းကို ထိုခါးပတ်ကဲ့သို့ ငါဖျက်ဆီးမည်။
‘အို ထာဝရဘုရား၊ ကိုယ်တော်က ဤအရပ်ကို ငါဖျက်ဆီးပစ်မည်။ နေထိုင်သူမရှိ။ လူမှစ၍ တိရစ္ဆာန်လည်းမရှိ။ လူသူကင်းမဲ့ရာအရပ် အစဉ်ဖြစ်စေမည်ဟု ဤအရပ်နှင့်ပတ်သက်၍ မိန့်တော်မူခဲ့ပြီ’ဟူ၍ လျှောက်ဆိုရမည်။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
“ကြည့်ရှုလော့။ ငါသည် သင့်ကို လူမျိုးတကာတို့အလယ်တွင် သေးသိမ်သောသူ ဖြစ်စေမည်။ သင်သည် မထီမဲ့မြင်ပြုခြင်းကို အပြင်းအထန်ခံရမည်။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
ငါတို့သည်လည်း အရာခပ်သိမ်းတို့ကို မိမိအလိုတော်နှင့်ညီသောဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်စေတော်မူသောအရှင်၏အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားခြင်းခံရ၍ ထိုခရစ်တော်အားဖြင့် အမွေတော်ကိုရရှိကြ၏။
သို့သော် ကိုယ်တော်သည် ပို၍ကြီးမြတ်သောကျေးဇူးတော်ကိုပေးတော်မူ၏။ သို့ဖြစ်၍ “ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။