ဟေရှာယ 14:24 - မြန်မာ့စံမီသမ္မာကျမ်း24 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါကြံရွယ်သည့်အတိုင်း ဖြစ်လာမည်။ ငါကြံစည်သည့်အတိုင်း ဖြစ်ပျက်မည်။ အခန်းကိုကြည့်ပါ။Common Language Bible24 အနန္တတန်ခိုးရှင်ထာဝရဘုရားကကျိန် ဆိုလျက်``ငါအကြံအစည်ပြုထားသည့် အမှုအရာတို့သည်ဖြစ်ပျက်ကြလိမ့်မည်။ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်းဖြစ်ပျက် ရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible24-25 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ စ္စာ ထား၍ မိန့် တော် မူ သည် ကား။ အာ ရှု ရိ ဘု ရင် ကို ပြည် တော် တွင် ချိုး ဖျက် ခြင်း၊ တောင် တော် များ ပေါ် တွင် နှိမ် နှင်း ခြင်း ပြု လျက်၊ ပြည် တော် သား တို့ အ ပေါ် မှ ထမ်း ပိုး ကို လွှတ်၍ ပ ခုံး မှ ဝန် ကို ချ မည် ဟု ကြံ စည် တော် မူ သည့် အ တိုင်း ထ မြောက် လျက်၊ ပြ ဋ္ဌာန်း တော် မူ သည့် အ လျောက် တည် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible24 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍မိန့်တော်မူသည်ကား၊ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် အီဂျစ်ပြည်၌နေထိုင်သော ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်တစ်ပြည်လုံးရှိ ယုဒလူမျိုးတို့၏နှုတ်မှ ဘုရားရှင်ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ ငါ၏နာမကို တိုင်တည်ရတော့မည်မဟုတ်’ဟု ငါ၏ကြီးမြတ်သောနာမကို တိုင်တည်၍ မိန့်ဆိုပြီ။
ထို့ကြောင့် ဧဒုံပြည်ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ တေမန်ပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် ကိုယ့်ကြောင့် ကိုယ့်စားကျက်မြေ ဖျက်ဆီးခြင်းခံရမည်။
ထို့ကြောင့် ဘေဘီလုံမြို့ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ ခါလဒဲပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် သူတို့ကြောင့် စားကျက်မြေများ ဖျက်ဆီးခြင်းခံရမည်။