သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။
ဟောရှေ 13:1 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်အမျိုး နှုတ်ဟလိုက်သည်နှင့် လူတို့ ထိတ်လန့်ကြရ၏။ အစ္စရေးအမျိုးတွင် သူသည် ဩဇာညောင်းသူဖြစ်၏။ သို့သော် ဗာလဘုရားကြောင့် အပြစ်သင့်၍ သေဆုံးရ၏။ Common Language Bible ယခင်အခါကဧဖရိမ်အနွယ်ဝင်တို့ပြော သောစကားကိုအခြားဣသရေလအနွယ် ဝင်တို့သည်ကြောက်ရွံ့တုန်လှုပ်ကြ၏။ အခြား သောဣသရေလအနွယ်ဝင်တို့သည်ဧဖရိမ် အနွယ်ဝင်တို့ကိုရိုသေလေးစားကြ၏။ သို့ ရာတွင်သူတို့သည်ဗာလဘုရားကိုကိုး ကွယ်သောအပြစ်ကြောင့်သေကြေပျက်စီး ရမည်။- Garrad Bible အ ထက် ကာ လ၊ ဧ ဖ ရိမ်၏ အာ ဏာ သံ ကြောင့် တုန် လှုပ် ခြင်း ရှိ ကြ၏။ ဣ သ ရေ လ အ မျိုး တွင် ဩ ဇာ ကြီး သော် လည်း၊ ဗာ လ နတ် ကြောင့် ပြစ် ဒဏ် ခံ ထိုက် သည့် အ လျောက်၊ အ သေ ဖြစ် ရ လေ စွ။ Judson Bible ဧဖရိမ်သည် နှုတ်မြွက်သောအခါ သူတစ်ပါးကြောက်လန့်တတ်၏။ သူသည် ဣသရေလအမျိုး၌ မြင့်မြတ်၏။ နောက်တစ်ဖန် ဗာလဘုရားအားဖြင့် ပြစ်မှားသောကြောင့် သေ၏။ |
သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။
ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။
လူတို့သည် ငါပြောမည့်စကားကို နားစွင့်ပြီး မျှော်တတ်ကြ၏။ ငါအကြံပေးမည်ကို တိတ်ဆိတ်စွာစောင့်နေကြ၏။
ငါစကားပြောပြီးလျှင် မည်သူမျှစောဒကမတက်ကြ။ ငါ့စကားသည် သူတို့အပေါ် နှင်းစက်ကဲ့သို့ကျ၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် လူ၏ဘဝင်မြင့်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
ထာဝရဘုရားက “အလုံးစုံကို ငါ့လက်ဖြင့်ဖန်ဆင်း၍ အလုံးစုံသည် ဖြစ်တည်လေပြီ။ စိတ်နှိမ့်ချသောသူ၊ နောင်တရသောသူ၊ ငါ့နှုတ်ထွက်စကားကြောင့် စိုးရိမ်ထိတ်လန့်သောသူကို ငါကြည့်ရှုမည်။
အကြောင်းမူကား ဆီးရီးယားပြည်၏ဦးခေါင်းသည် ဒမတ်စကပ်မြို့၊ ဒမတ်စကပ်မြို့၏ဦးခေါင်းသည် ရေဇိန်မင်းကြီးဖြစ်၏။ ဧဖရိမ်သည် ခြောက်ဆယ့်ငါးနှစ်အတွင်း လူမျိုးတစ်မျိုးအဖြစ်မှ တစ်စစီပြိုကွဲသွားရလိမ့်မည်ဟု မိန့်တော်မူပြီ။
သူတို့သည် ခေါ်လေလေ ထွက်ပြေးလေလေ ဖြစ်၏။ ဗာလဘုရားကို ယဇ်ပူဇော်ကြ၏။ ရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။
ယခုမှာ သူ့ချစ်သူများရှေ့တွင် သူ့အရှက်ကို ပေါ်စေမည်။ မည်သူမျှ သူ့ကို ငါ့လက်မှကယ်နိုင်မည်မဟုတ်။
သူ့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုပေးသောသူမှာ ငါဖြစ်ကြောင်း၊ ဗာလဘုရားကိုပူဇော်သောရွှေငွေတို့ကို တိုးပွားစေသူမှာ ငါဖြစ်ကြောင်း သူမသိ။
သူတို့သည် ငါခွင့်မပြုဘဲ ဘုရင်ကို တင်မြှောက်ကြ၏။ ငါမသိဘဲ အုပ်ချုပ်သူကို ခန့်ထားကြ၏။ ရွှေငွေတို့ဖြင့် ရုပ်တုများကိုပြုလုပ်ကြသည်ဖြစ်၍ ဖျက်ဆီးခံရကြလိမ့်မည်။
ထို့နောက် ဧဖရိမ်၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိဟုဒ်၏သား ဧလိရှမာ ဦးစီး၏။
ဤသည်ကား ခါနာန်ပြည်ကို စူးစမ်းရန် မောရှေစေလွှတ်သောသူတို့၏အမည်များဖြစ်၏။ မောရှေသည် နုန်၏သား ဟောရှေကို ယောရှုဟု မှည့်ခေါ်၏။
အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် တစ်ယောက်သောသူအားဖြင့် အပြစ်တရားသည် ဤလောကထဲသို့ဝင်လာ၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ပြုသဖြင့် လူသားအားလုံးအပေါ်၌ သေခြင်းတရားသက်ရောက်ခဲ့၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။
ထာဝရဘုရားက ယောရှုအား “ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည်ကို အစ္စရေးလူမျိုးအပေါင်းတို့သိမြင်ကြမည့်အကြောင်း ယနေ့မှစ၍ သင့်ကို သူတို့ရှေ့၌ ချီးမြှောက်မည်။
ဧဖရိမ်အမျိုးသားတို့သည် ဇာဖုန်မြို့သို့ စုရုံးချီတက်လာပြီး ယေဖသအား “သင်သည် အမ္မုန်အမျိုးသားတို့ကို ချီတက်တိုက်ခိုက်သောအခါ ငါတို့ကို အဘယ်ကြောင့်မခေါ်သနည်း။ ယခု သင်နှင့်သင့်အိမ်ကို မီးရှို့ပစ်မည်”ဟု ပြောကြ၏။
ဧဖရိမ်အမျိုးသားတို့က ဂိဒေါင်အား “သင်သည် မိဒျန်လူမျိုးတို့နှင့် စစ်သွားတိုက်သည်ကို ငါတို့အား အဘယ်ကြောင့် မခေါ်သနည်း။ ငါတို့အား အဘယ်ကြောင့် ထိုသို့ပြုသနည်း”ဟု ဆိုလျက် ပြင်းပြင်းထန်ထန်အပြစ်တင်ကြ၏။
ရှမွေလက “သင်သည် သင့်ကိုယ်သင် သေးသိမ်သောသူဟု ထင်မှတ်သော်လည်း အစ္စရေးအမျိုးအနွယ်တို့၏အကြီးအမှူး ဖြစ်လာသည်မဟုတ်လော။ ထာဝရဘုရားသည် သင့်ကို အစ္စရေးလူမျိုး၏ရှင်ဘုရင်အဖြစ် ဘိသိက်ပေးတော်မူ၏။