Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 8:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဧဖရိမ်​အမျိုးသား​တို့​က ဂိဒေါင်​အား “​သင်​သည် မိဒျန်​လူမျိုး​တို့​နှင့် စစ်သွားတိုက်​သည်​ကို ငါ​တို့​အား အဘယ်ကြောင့် မ​ခေါ်​သနည်း​။ ငါ​တို့​အား အဘယ်ကြောင့် ထိုသို့​ပြု​သနည်း​”​ဟု ဆို​လျက် ပြင်းပြင်းထန်ထန်​အပြစ်တင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထို​နောက်​ဧ​ဖ​ရိမ်​နယ်​သား​တို့​က​ဂိ​ဒေါင် အား``သင်​သည်​မိ​ဒျန်​အ​မျိုး​သား​တို့​ထံ​သွား ရောက်​တိုက်​ခိုက်​စဉ်​အ​ခါ​က အ​ဘယ်​ကြောင့် ငါ​တို့​အား​မ​ခေါ်​ဘဲ​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​သို့​ငါ​တို့​အား​ပြုပါ​သ​နည်း'' ဟု ပြင်း​ပြင်း​ထန်​ထန်​အ​ပြစ်​တင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ဧ ဖ ရိမ့် သူ ရဲ တို့ က၊ ငါ တို့ ကို မ ခေါ် ဘဲ၊ မိ ဒျန် လူ မျိုး နှင့် စစ် ပြိုင် ရန် အ ဘယ် ကြောင့် ချီ သွား သ နည်း ဟု မေး မြန်း ၍ ပြင်း စွာ အ ပြစ် တင် ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဧ​ဖ​ရိမ်​လူ​တို့​က၊ သင်​သည် မိ​ဒျန်​လူ​တို့​ကို တိုက်​သွား​သော​အ​ခါ၊ ငါ​တို့​ကို​မ​ခေါ်​ဘဲ ငါ​တို့၌ အ​ဘယ်​သို့ ပြု​သ​နည်း​ဟု ကျပ်​ကျပ်​အ​ပြစ်​တင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 8:1
9 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ရှင်ဘုရင်​ထံသို့ လာ​ပြီး ရှင်ဘုရင်​အား “​အကျွန်ုပ်​တို့​၏​ညီအစ်ကို ယုဒ​အမျိုးသား​တို့​သည် အရှင့်​ကို အဘယ်ကြောင့် ခိုးယူ​ပြီး အရှင်မင်းကြီး​မှစ၍ နန်းတွင်းသူ​နန်းတွင်းသား​များ​နှင့်တကွ ဒါဝိဒ်​မင်းကြီး​၏​လူ​အားလုံး​ကို ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ ကူး​စေ​ကြ​သနည်း”​ဟု လျှောက်တင်​ကြ​၏​။


ယုဒ​အမျိုးသား​အပေါင်း​တို့​က​လည်း အစ္စရေး​အမျိုးသား​တို့​အား “​ရှင်ဘုရင်​သည် ငါ​တို့​၏​ဆွေမျိုးရင်းချာ​ဖြစ်​၏​။ ဤ​အမှု​ကြောင့် သင်​တို့ အဘယ်ကြောင့် အမျက်ထွက်​ကြ​သနည်း​။ ရှင်ဘုရင်​၏​ရိက္ခာ​တော်​ကို ငါ​တို့​စား​ကြ​သလော​။ ရှင်ဘုရင်​ထံမှ တစ်စုံတစ်ရာ​ကို ငါ​တို့​ယူ​ကြ​သလော​”​ဟု ပြန်ပြော​ကြ​လျှင်


အကယ်စင်စစ် ဒေါသ​သည် ဆိုးမိုက်​သော​သူ​ကို သတ်​တတ်​၏​။ မနာလိုစိတ်​သည်​လည်း ဉာဏ်နုံ့​သော​သူ​ကို သေ​စေ​တတ်​၏​။


ညင်သာ​စွာ​ဖြေကြား​သော​စကား​သည် အမျက်ဒေါသ​ကို​ပြေ​စေ​တတ်​၏​။ ကြမ်းတမ်း​သော​စကား​မူကား အမျက်​ကို​လှုံ့ဆော်​တတ်​၏​။


တစ်ဖန် ကြိုးပမ်းအားထုတ်မှု​အားလုံး​နှင့် ကျွမ်းကျင်​စွာ​ပြု​သော​အမှု​အားလုံး​တို့​သည် လူ​အချင်းချင်း​တို့​၏​မနာလိုဝန်တိုမှု​ကြောင့်​သာ​ဖြစ်ကြောင်း ငါ​တွေ့မြင်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


ဧဖရိမ်​အမျိုး နှုတ်ဟ​လိုက်​သည်​နှင့် လူ​တို့ ထိတ်လန့်​ကြ​ရ​၏​။ အစ္စရေး​အမျိုး​တွင် သူ​သည် ဩဇာညောင်း​သူ​ဖြစ်​၏​။ သို့သော် ဗာလ​ဘုရား​ကြောင့် အပြစ်သင့်​၍ သေဆုံး​ရ​၏​။


ဂိဒေါင်​က​လည်း “​ငါ​ပြု​သော​အမှု​သည် သင်​တို့​ပြု​သော​အမှု​နှင့် အဘယ်သို့​နှိုင်းယှဉ်​နိုင်​မည်နည်း​။ အဗျေဇာ​အမျိုးသား​စပျစ်သီး​စုသိမ်း​ခြင်း​ထက် ဧဖရိမ်​အမျိုးသား​ကောက်သင်းကောက်​ခြင်း​က သာ၍​ကောင်း​သည်​မ​ဟုတ်​လော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ