ထိုသို့ သူခံရသောနေ့ရက်တွင် အနောက်အရပ်မှလူတို့သည် တုန်လှုပ်ချောက်ချားကြလိမ့်မည်။ အရှေ့အရပ်မှလူတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်။
သြဗဒိ 1:12 - မြန်မာ့စံမီသမ္မာကျမ်း သင့်ညီ ဘေးဆိုးကြုံရသောနေ့တွင် သင်ကြည့်မနေသင့်။ ယုဒအမျိုးသားတို့ ဖျက်ဆီးခံရသောနေ့တွင် သင်ဝမ်းမမြောက်သင့်။ ဆင်းရဲဒုက္ခရောက်သောနေ့တွင် သင်လှောင်ပြောင်မပြောဆိုသင့်။ Common Language Bible သင်သည်ယုဒပြည်ရှိမိမိ၏ညီအစ်ကိုများ၊ ကံကြမ္မာဆိုးနှင့်ကြုံတွေ့ရသည်ကိုကျိတ်၍၊ နှစ်ထောင်းအားရမဖြစ်သင့်။ သူတို့ဆုံးပါးပျက်စီးချိန်၌ဝမ်းမြောက် ဝမ်းသာမဖြစ်သင့်။ သူတို့စိတ်ဒုက္ခရောက်ကြသောအခါ၊ သင်သည်မဝါကြွားသင့်။ Garrad Bible အ မျိုး သား ချင်း ကို ဘေး သင့် ရာ နေ့ ရက်၌ စိန်း စိန်း ကြည့် ခြင်း၊ ယု ဒ အ မျိုး သား တို့ ကို ဖျက် ဆီး ရာ နေ့ ရက်၌ ရွှင် လန်း ခြင်း၊ ဒု က္ခ ရောက် သော နေ့ ရက်၌ ပြက် ရယ် ပြု ခြင်း များ ကို လည်း ကောင်း၊ Judson Bible သင်၏ညီသည် တစ်ပါးအမျိုးသားဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသောစကားကို မပြောသင့်။ |
ထိုသို့ သူခံရသောနေ့ရက်တွင် အနောက်အရပ်မှလူတို့သည် တုန်လှုပ်ချောက်ချားကြလိမ့်မည်။ အရှေ့အရပ်မှလူတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်။
ငါ့ကိုမုန်းသောသူတို့ ဘဝပျက်သောအခါ ငါဝမ်းမြောက်၍ ဒုက္ခရောက်သောအခါ ငါကခုန်ခဲ့ဖူးသလော။
အကျွန်ုပ်သည် အကျွန်ုပ်၏အရိုးရှိသမျှတို့ကို ရေတွက်နိုင်ပါ၏။ သူတို့သည် အကျွန်ုပ်ကိုစေ့စေ့ကြည့်၍ အားရလျက်နေကြပါ၏။
ဖြောင့်မတ်သောသူတစ်ဖက်၌ မာန်မာနဖြင့်လည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းဖြင့်လည်းကောင်း မောက်မာစွာပြောဆိုတတ်သည့် မုသားနှုတ်ခမ်းသည် တိတ်ဆိတ်စွာနေရပါစေသော။
သို့သော် ငါလဲသောအခါ သူတို့သည် ဝမ်းမြောက်လျက်စုဝေးကြ၏။ ရန်ပြုရိုက်ပုတ်သောသူတို့သည် ငါ့တစ်ဖက်၌စုဝေးကြ၏။ ထိုသူတို့ကိုလည်း ငါမသိရ။ သူတို့သည် ငါ့ကိုမရပ်မနားဆုတ်ဖြဲကြ၏။
သို့သော် သူ၏နေ့ရက်ရောက်လာတော့မည်ကို ဘုရားရှင်သည် သိမြင်တော်မူ၍ သူ့ကိုရယ်မောတော်မူ၏။
အမှန်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်ကို ဆင်းရဲဒုက္ခအပေါင်းတို့မှကယ်နုတ်တော်မူပြီဖြစ်၍ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်နိုင်ပါပြီ။
အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်သည် အကျွန်ုပ်ကိုကြိုဆိုတော်မူလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်အား ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်ရသောအခွင့်ကို ပေးတော်မူလိမ့်မည်။
အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်ရန်သူတို့၏အဖြစ်ကိုမြင်ရပါ၏။ အကျွန်ုပ်၏နားသည်လည်း အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့၏အဖြစ်ကို ကြားရပါ၏။
ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
သင်သည် သင့်မင်းမှုထမ်းတို့အားဖြင့် ဘုရားရှင်ကိုကဲ့ရဲ့ပြစ်တင်လျက် ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။
သင်၏ရန်သူအပေါင်းတို့သည် နှုတ်ကိုဖွင့်၍ သင့်ကိုကဲ့ရဲ့လျက် “ဤမြို့ကို ငါတို့ဝါးမျိုကြပြီ။ စင်စစ် ဤနေ့သည် ငါတို့စောင့်မျှော်သောနေ့ဖြစ်၏။ ငါတို့ကြုံရပြီ။ ငါတို့မြင်ရပြီ”ဟု အားရကျေနပ်စွာဆိုကြပြီ။
ဥဇပြည်၌နေထိုင်သော ဧဒုံသမီးပျို၊ ရွှင်မြူးထားနှင့်လော့။ ဝမ်းမြောက်ထားနှင့်လော့။ ဖလားတော်သည် သင့်ထံကူးလာမည်ဖြစ်၍ သင်သည်သောက်၍ ယစ်မူးသဖြင့် အဝတ်အချည်းစည်းဖြစ်ရလိမ့်မည်။
သင်သည် အစ္စရေးတောင်တန်းကို အရှက်ခွဲလျက် ထိုတောင်တန်းပျက်စီးပြီ၊ ငါတို့အစာဖြစ်လေပြီဟု ပြောဆိုသောစကားအလုံးစုံကို ငါကြားကြောင်း သင်သိရလိမ့်မည်။
အစ္စရေးအမွေမြေသည် လူသူကင်းမဲ့ရာဖြစ်သောအခါ သင်ဝမ်းမြောက်သကဲ့သို့ သင့်ကို ထိုသို့ဖြစ်စေမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်တစ်ပြည်လုံး လူသူကင်းမဲ့ရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါ့ပြည်ကို ဝမ်းသာအားရအပိုင်သိမ်းယူခဲ့သော၊ စားကျက်မြေများကိုပါလုယူခဲ့သော အခြားတိုင်းပြည်များနှင့် ဧဒုံပြည်တစ်ပြည်လုံးကို စိတ်အားကြီးစွာဖြင့် ငါမိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
ယခုမူ “ဇိအုန်မြို့၊ အသရေပျက်ပါစေ။ သူ့ကို ငါတို့ ဝမ်းသာအားရကြည့်ရပါစေ”ဟု ဆိုသောလူမျိုးများစွာတို့သည် သင့်ကို ဆန့်ကျင်စုရုံးကြ၏။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
ထိုနည်းတူ လျှာသည်လည်း သေးငယ်သောအင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ မည်မျှလောက်သေးငယ်သောမီးသည် မည်မျှလောက်ကြီးမားသောသစ်တောကိုမီးစွဲလောင်စေနိုင်သည်ကို ကြည့်လော့။
အကြောင်းမူကား သူတို့သည် အချည်းနှီးချဲ့ထွင်ဝါကြွားပြောဆိုလျက် မှားယွင်းခြင်း၌အသက်ရှင်နေထိုင်သောသူတို့ထဲမှ လွတ်မြောက်ခါစရှိသောသူတို့ကို သွေးသားဇာတိ၏တပ်မက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့ဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။
ထိုသားရဲသည် လေလုံးထွား၍ ဘုရားသခင်ကိုစော်ကားပြောဆိုတတ်သောနှုတ်ကိုရရှိလျက် လေးဆယ့်နှစ်လတိုင်တိုင် အာဏာလွှမ်းရသောအခွင့်ကိုရရှိ၏။
ထာဝရဘုရားသည် အလုံးစုံကိုသိမြင်တော်မူသောဘုရားဖြစ်ပြီး လုပ်ဆောင်မှုတိုင်းကို ကြည့်မှတ်တော်မူသည်ဖြစ်၍ သင်တို့သည် ဝါကြွားထောင်လွှားသောစကားကို ထပ်၍မပြောဆိုကြနှင့်။ မောက်မာသောစကားကို သင်တို့၏နှုတ်မှ မထွက်စေကြနှင့်။