ယောသပ်က သူတို့အား “သင်တို့ပြုသောဤအမှုကား မည်သို့နည်း။ ငါကဲ့သို့သောလူသည် နိမိတ်ဖတ်တတ်ကြောင်းကို သင်တို့မသိကြသလော”ဟု ဆိုလေ၏။
သုတ္တံကျမ်း။ 16:10 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်၏နှုတ်ခမ်းတွင် နိမိတ်စကားရှိ၏။ တရားစီရင်ရာ၌ သူ၏နှုတ်သည် မှားယွင်းမည်မဟုတ်။ Common Language Bible ရှင်ဘုရင်၏ နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည် ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေ နှင့်။ Garrad Bible ဘု ရင် မင်း၏ နှုတ် ခမ်း၌၊ ဗျာ ဒိတ် တော် တည် သည် ဖြစ်၍၊ တရား ဆုံး ဖြတ် ရာ တွင်၊ နှုတ် တော် မ မှား မ ယွင်း တတ်။ Judson Bible ရှင်ဘုရင်၏နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည်ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေနှင့်။ |
ယောသပ်က သူတို့အား “သင်တို့ပြုသောဤအမှုကား မည်သို့နည်း။ ငါကဲ့သို့သောလူသည် နိမိတ်ဖတ်တတ်ကြောင်းကို သင်တို့မသိကြသလော”ဟု ဆိုလေ၏။
ဤခွက်သည် ငါ့သခင်သောက်သောခွက်ဖြစ်သည်သာမက နိမိတ်ဖတ်သောခွက်လည်း ဖြစ်သည်မဟုတ်လော။ သင်တို့ပြုသောအမှုသည် ဆိုးညစ်လှပါတကား’ဟူ၍ သူတို့အား ပြောရမည်”ဟု မိန့်မှာလေ၏။
ရှင်ဘုရင်သည် ငါ့စကားကိုနားထောင်ပြီး သူ၏ကျွန်မဖြစ်သောငါနှင့် ငါ့သားကို ဘုရားသခင်၏အမွေတော်အဖြစ်မှ ဖျက်ဆီးမည့်သူ၏လက်မှ ကယ်နုတ်ကောင်းကယ်နုတ်လိမ့်မည်’ဟု တွေးမိ၍ လျှောက်တင်ရခြင်းဖြစ်ပါ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
သူသည် ထိုသို့အင်အားကြီးလာသည်နှင့်အမျှ ပျက်စီးခြင်းသို့ရောက်သည်အထိဘဝင်မြင့်လာ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားအပေါ် သစ္စာမဲ့လာ၏။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်ပေါ်၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ထာဝရဘုရား၏ဗိမာန်တော်သို့ဝင်၏။
တန်ခိုးကြီးသောရှင်ဘုရင်သည် တရားမျှတခြင်းကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် သမာသမတ်ရှိခြင်းကို တည်မြဲစေတော်မူ၏။ ယာကုပ်အမျိုးထဲတွင် တရားမျှတခြင်းနှင့်ဖြောင့်မတ်ခြင်းကို စီရင်တော်မူ၏။
ရှင်ဘုရင်သည် တရားမျှတမှုအားဖြင့် တိုင်းပြည်ကိုတည်မြဲစေတတ်၏။ အခွန်မတရားကောက်ခံသောသူမူကား တိုင်းပြည်ကိုပြိုပျက်စေတတ်၏။
သူတို့ပြောသောစကားသည် စကားသက်သက်သာ ဖြစ်၏။ ပဋိညာဉ်ဖွဲ့ရာ၌ အချည်းနှီးကျိန်ဆိုကြ၏။ ထို့ကြောင့် တရားစီရင်ခြင်းသည် ထွန်ကြောင်းပေါ်တွင် ပေါက်သောအဆိပ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။
သင်တို့သည် တရားမျှတမှုကို ခါးသီးစေ၍ ဖြောင့်မတ်ခြင်းကို မြေပေါ်ချထားကြပြီ”ဟု မိန့်တော်မူ၏။
မြင်းတို့သည် ကျောက်ဆောင်ပေါ်တွင် ပြေးတတ်သလော။ နွားဖြင့်ယှဉ်၍ ထွန်ယက်တတ်သလော။ သင်တို့သည် တရားမျှတခြင်းကို အဆိပ်ဖြစ်စေပြီ။ ဖြောင့်မတ်ခြင်း၏အသီးကိုလည်း ခါးသီးစေပြီ။