သန့်ရှင်းရာဌာနရှေ့တွင် ယာဘက်၌ ဆီမီးခုံငါးခုံ၊ ဝဲဘက်၌ ဆီမီးခုံငါးခုံတို့ကို ရွှေစင်ဖြင့်သွန်းလုပ်၏။ ထို့ပြင် ပန်းပွင့်များ၊ မီးခွက်များ၊ မီးငြှိမ်းကိရိယာများ၊
ဝတ်ပြု 24:4 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ရွှေစင်ဆီမီးခုံပေါ်တွင် အစဉ်မပြတ်စီစဉ်ပြင်ဆင်ရမည်။ Common Language Bible အာရုန်သည်ရွှေမီးတိုင်မှမီးခွက်များကို ထိန်းသိမ်းစောင့်ရှောက်၍ထာဝရဘုရား၏ ရှေ့တော်၌အစဉ်မပြတ်ထွန်းတောက်လျက် ရှိစေရမည်။ Garrad Bible ထာ ဝ ရ ဘု ရား ရှေ့၊ ရွှေ စင် မီး ခုံ တော် ပေါ် တွင် မီး ခွက် များ ကို အ စဉ် အ တိုင်း ခင်း ကျင်း စေ။ Judson Bible စင်ကြယ်သောမီးခုံ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်မှာ အစဉ်အမြဲပြင်ဆင်ရမည်။ |
သန့်ရှင်းရာဌာနရှေ့တွင် ယာဘက်၌ ဆီမီးခုံငါးခုံ၊ ဝဲဘက်၌ ဆီမီးခုံငါးခုံတို့ကို ရွှေစင်ဖြင့်သွန်းလုပ်၏။ ထို့ပြင် ပန်းပွင့်များ၊ မီးခွက်များ၊ မီးငြှိမ်းကိရိယာများ၊
ရွှေဆီမီးခုံများနှင့်ရွှေမီးခွက်များအတွက် ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဆီမီးခုံများအတွက်လည်း ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
အိမ်တော်ဆင်ဝင်တံခါးများကိုပိတ်ထားပြီး မီးခွက်များကိုလည်း ငြှိမ်းထားပြီ။ အမွှေးနံ့သာကိုလည်း မပူဇော်။ အစ္စရေးလူမျိုး၏ဘုရားသခင်အဖို့ သန့်ရှင်းရာဌာနတွင် မီးရှို့ရာယဇ်ကို မပူဇော်။
စားပွဲနှင့် ထိုစားပွဲ၏တန်ဆာပလာများကိုလည်းကောင်း၊ ရွှေစင်ဆီမီးခုံနှင့် ထိုဆီမီးခုံ၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ နံ့သာပေါင်းယဇ်ပလ္လင်ကိုလည်းကောင်း၊
ရွှေစင်ဆီမီးခုံ၊ ဆီမီးခုံပေါ် တစ်တန်းတည်းရှိနေသောမီးခွက်များ၊ ဆီမီးခုံ၏တန်ဆာပလာရှိသမျှနှင့် မီးထွန်းရန်အတွက် ဆီကိုလည်းကောင်း၊
ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော အင်တုံများ၊ မီးကျီးခံဗန်းများ၊ ဇလုံများ၊ အိုးများ၊ ဆီမီးခုံများ၊ ခွက်များ၊ ပန်းကန်လုံးများကိုလည်း သိမ်းယူသွားလေ၏။
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာ၏အပြင်ဘက်တွင် အာရုန်သည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို အစဉ်မပြတ်စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
သူတို့သည် သေတ္တာ၊ စားပွဲ၊ ဆီမီးခုံ၊ ယဇ်ပလ္လင်မှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ လိုက်ကာကိုလည်းကောင်း၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကိုလည်းကောင်း တာဝန်ယူထိန်းသိမ်းရ၏။
အပြာရောင်အဝတ်ကိုယူပြီး မီးထွန်းရန်အတွက် ဆီမီးခုံမှစ၍ ဆီမီးခုံ၏မီးခွက်များ၊ မီးညှပ်များ၊ မီးကျီးခံဗန်းများနှင့် ဆီမီးခုံနှင့်ဆိုင်သောအမှုကိုဆောင်ရွက်ရာတွင် အသုံးပြုသည့် ဆီအိုးရှိသမျှတို့ကို ဖုံးအုပ်ရမည်။
“မီးခွက်များကို ထွန်းညှိသောအခါ မီးခွက်ခုနစ်လုံးသည် ဆီမီးခုံ၏ရှေ့ဘက်၌ လင်းနေရမည်ဟူ၍ အာရုန်အား ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အကြောင်းမူကား တဲတော်ကိုပြင်ဆင်ရာတွင် သန့်ရှင်းရာဌာနဟုခေါ်သော ပထမအခန်းထဲ၌ ဆီမီးခုံ၊ စားပွဲနှင့် ရှေ့တော်မုန့်တို့ကိုထားရှိကြ၏။
ငါ၏လက်ယာလက်တွင် သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့်ရွှေဆီမီးခုံခုနစ်ခုတို့၏လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်မှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏စေတမန်များဖြစ်ကြပြီး ဆီမီးခုံခုနစ်ခုသည် အသင်းတော်ခုနစ်ပါးဖြစ်ကြ၏။
ဤသူတို့သည် ကမ္ဘာမြေကြီး၏အရှင်သခင်ရှေ့တော်၌ရှိသော သံလွင်ပင်နှစ်ပင်နှင့် ဆီမီးခုံနှစ်ခုဖြစ်ကြ၏။
ထို့ကြောင့် သင်သည် မည်သည့်နေရာမှကျဆင်းခဲ့သည်ကို သတိရလျက် နောင်တရကာ ပထမပြုသောအမှုများကိုပြုလော့။ ထိုသို့မပြုဘဲ နောင်တလည်းမရပါက သင့်ထံသို့ငါလာ၍ သင်၏ဆီမီးခုံကို သူ့နေရာမှရွှေ့လိုက်မည်။