အကြောင်းမူကား လူနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမဖြင့် တစ်နေရာရာတွင် စုဝေးကြသောအခါ ထိုနေရာတွင် သူတို့အလယ်၌ ငါရှိ၏”ဟု မိန့်တော်မူ၏။
ရောမ 16:5 - မြန်မာ့စံမီသမ္မာကျမ်း သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ခရစ်တော်အတွက်အသီးဦးဖြစ်သူ ငါချစ်သောဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။ Common Language Bible သူတို့အိမ်၌စုဝေးဝတ်ပြုသည့်အသင်းတော်ကို လည်းငါနှုတ်ဆက်ကြောင်းပြောကြားကြလော့။ အာရှပြည်တွင်ပထမဆုံးခရစ်တော်ကိုယုံကြည် လက်ခံလာသူ ငါ၏ရင်းနှီးသောမိတ်ဆွေဧပဲနက် ကိုနှုတ်ဆက်ကြလော့။- Garrad Bible သူ တို့ အိမ် ရှိ အ သင်း တော် ကို လည်း နှုတ် ဆက် ကြ လော့။ ခ ရစ် တော့် အ ဘို့ အာ ရှိ ပြည် တွင် တ ပည့် ဦး ဖြစ် သော ငါ့ ချစ် ဆွေ ဧ ပဲ နက် ကို နှုတ် ဆက် ကြ လော့။ Judson Bible သူတို့အိမ်၌ရှိသော အသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဖို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့အိမ်၌ စုဝေးကြသည့် အသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ပထမဦးဆုံး ခရစ်တော်ကို ယုံကြည်လက်ခံသူဖြစ်သည့် ကျွန်ုပ်ချစ်သော ဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။ |
အကြောင်းမူကား လူနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမဖြင့် တစ်နေရာရာတွင် စုဝေးကြသောအခါ ထိုနေရာတွင် သူတို့အလယ်၌ ငါရှိ၏”ဟု မိန့်တော်မူ၏။
ထို့နောက် သူတို့သည် ဖြူဂိပြည်နှင့်ဂလာတိပြည်တို့ကို ဖြတ်သွားကြသောအခါ အာရှပြည်တွင် နှုတ်ကပတ်တရားကိုမဟောပြောရန် သန့်ရှင်းသောဝိညာဉ်တော်၏တားမြစ်ခြင်းကို ခံရကြ၏။
သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင်
အာပေါလုသည် အခါယပြည်သို့သွားလိုသောအခါ ညီအစ်ကိုများသည် သူ့ကိုအားပေး၍ ထိုပြည်ရှိတပည့်တော်များအား သူ့ကို ကြိုဆိုလက်ခံရန် စာရေးပေးကြ၏။ သူသည် ရောက်သောအခါ ကျေးဇူးတော်အားဖြင့်ယုံကြည်လာသူများကို များစွာကူညီလေ၏။
ငါတို့တွင် ပါသိလူမျိုး၊ မေဒိလူမျိုးနှင့် ဧလံလူမျိုးများမှစ၍ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊
အသီးဦးအဖြစ်ပူဇော်သောမုန့်ညက်သည် သန့်ရှင်းလျှင် မုန့်ညက်တစ်ပုံလုံးသည်လည်း သန့်ရှင်း၏။ အမြစ်သည် သန့်ရှင်းလျှင် အကိုင်းအခက်များသည်လည်း သန့်ရှင်းကြ၏။
အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်သားနှင့် အခါယပြည်သားတို့သည် ဂျေရုဆလင်မြို့၌ရှိသော သန့်ရှင်းသူများထဲမှ ဆင်းရဲသောသူတို့ကို ကူညီပံ့ပိုးပေးရန် စေတနာစိတ်ရှိကြ၏။
သခင်ဘုရား၌ကြိုးစားလုပ်ဆောင်နေသူ တရုဖဲနနှင့်တရုဖောသတို့ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌အလွန်ကြိုးစားလုပ်ဆောင်သူ ငါချစ်သောပေရသိကို နှုတ်ဆက်ပေးကြလော့။
သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။
ညီအစ်ကိုတို့၊ သတေဖနာ၏အိမ်သူအိမ်သားတို့သည် အခါယပြည်၏အသီးဦးဖြစ်ကြပြီး သန့်ရှင်းသူတို့၏အမှုကိုဆောင်ရွက်ရန် သူတို့သည် မိမိတို့ကိုယ်ကိုဆက်ကပ်ခဲ့ကြောင်း သင်တို့သိကြ၏။
အာရှပြည်ရှိအသင်းတော်များသည် သင်တို့ကိုနှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလတို့မှစ၍ သူတို့အိမ်၌စုဝေးသောအသင်းတော်သည် သခင်ဘုရား၌ သင်တို့ကို လှိုက်လှဲစွာနှုတ်ဆက်ကြ၏။
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံးရှိ သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
အကြောင်းမူကား သင်တို့၏စေတနာစိတ်ကို ငါသိ၏။ ထိုစေတနာစိတ်အတွက် ငါသည် မာကေဒေါနိပြည်သားတို့အား “အခါယပြည်သည် လွန်ခဲ့သောနှစ်ကတည်းကပင် အသင့်ပြင်ဆင်ထားပြီ”ဟု သင်တို့အကြောင်းကိုဝါကြွားထား၏။ ထိုအခါ သင်တို့၏စိတ်အားထက်သန်မှုသည် များစွာသောသူတို့ကို နှိုးဆော်ပေး၏။
လောဒိကိမြို့၌ရှိသောညီအစ်ကိုများကိုလည်းကောင်း၊ နုံဖနှင့် သူ၏အိမ်၌စုဝေးသောအသင်းတော်ကိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။
ငါတို့နှမအပ္ပိ၊ ငါတို့၏ရဲဘော်ရဲဘက်အာခိပ္ပုနှင့် သင်၏အိမ်၌စုဝေးသောအသင်းတော်ထံသို့ စာရေးလိုက်ပါ၏။
ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသောအရာတို့တွင် ငါတို့ကို အသီးဦးသဖွယ်ဖြစ်စေရန် အလိုတော်ရှိသည့်အတိုင်း သမ္မာတရား၏နှုတ်ကပတ်တော်အားဖြင့် ငါတို့ကိုဖြစ်ပွားစေတော်မူ၏။
သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ ငါချစ်သည့် ချစ်ရသောဂါယုထံသို့ စာရေးလိုက်ပါ၏။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။