ယေရမိ 34:3 - မြန်မာ့စံမီသမ္မာကျမ်း
သင်သည် ဘေဘီလုံဘုရင်၏လက်မှလွတ်မြောက်မည်မဟုတ်။ ဖမ်းဆီးခြင်း အမှန်ခံရမည်။ ထိုဘုရင်လက်အောက်သို့ ရောက်ရလိမ့်မည်။ သူနှင့် မျက်နှာချင်းဆိုင် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စကားပြောရလိမ့်မည်။ ဘေဘီလုံမြို့သို့ လိုက်ပါသွားရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်ဟု ပြောကြားလော့။
အခန်းကိုကြည့်ပါ။
သင်သည်သူ၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်။ အဖမ်းခံရကာသူ၏လက်တွင်း သို့သက်ဆင်းရလိမ့်မည်။ သင်သည်သူနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြောဆိုပြီးလျှင် ဗာဗုလုန်မြို့သို့လိုက်ပါသွားရလိမ့်မည်။-
အခန်းကိုကြည့်ပါ။
သင့် ကိုယ် တိုင် မ လွတ် မ မြောက် ဘဲ သုံ့ ပန်း ခံ ရ သ ဖြင့် ထို မင်း၏ လက် တွင်း သို့ ရောက် ၍၊ မျက် မှောက် ထင် ထင် ရှု မြင် ပြော ဆို ပြီး လျှင် ဗာ ဗု လုန် မြို့ သို့ လိုက် သွား ရ မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း။
အခန်းကိုကြည့်ပါ။
သင်သည် ထိုမင်းလက်နှင့် မလွတ်ရ။ စင်စစ် သင့်ကိုဖမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တစ်ယောက်နှင့်တစ်ယောက် စကားပြောရလိမ့်မည်။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည်။
အခန်းကိုကြည့်ပါ။