အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 2:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“​ဆိုက်ပရပ်​ကမ်းရိုးတန်းဒေသ​များ​ကို ဖြတ်​၍ ကြည့်ရှု​လော့​။ ကေဒါ​ပြည်​သို့​လူ​လွှတ်​၍ အသေအချာ​စူးစမ်း​စေ​လော့​။ ဤသို့​ဖြစ်​ခဲ့​ဖူး​ပြီ​လော​။

အခန်းကိုကြည့်ပါ။

Common Language Bible

ခိတ္တိမ်​ကျွန်း​ရှိ​ရာ​အ​နောက်​ဘက်​သို့​သွား​လော့။ ကေ​ဒါ​ပြည်​သို့​လူ​လွှတ်​၍​ကြည့်​ရှု​စေ​ကြ​လော့။ ယ​ခု​အ​မှု​မျိုး​ကို​အ​ဘယ်​အ​ခါ​က​မျှ မ​ဖြစ်​ပျက်​ခဲ့​ဘူး​သည်​ကို​သိ​မြင်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ကု ပ ရု ကျွန်း များ သို့ ကူး သွား၍ မေး ကြည့် ခြင်း၊ ကေ ဒါ လူ မျိုး သို့ လွှတ်၍ စဉ်း စား ခြင်း ပြု လျက်၊ ဤ သို့ သော အ ရာ ဖြစ် မ ဖြစ် သိ မြင် ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

ခိ​တ္တိမ်​ကျွန်း​တို့​သို့ ကူး၍ ကြည့်​ရှု​ကြ​လော့။ ကေ​ဒါ​ပြည်​သို့ လူ​ကို​စေ​လွှတ်၍၊ ထို​သို့​ဖြစ်​ဖူး​ပြီ​လော​ဟု စေ့​စေ့​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 2:10
21 ပူးပေါင်းရင်းမြစ်များ  

ဣရှမေလ​၏​သား​တို့​အမည်​ကား ဤသို့​တည်း​။ သူ​တို့​၏​အမည်​များ​ကို ကြီးစဉ်ငယ်လိုက်​စဉ်​သော် ဣရှမေလ​၏​သားဦး​မှာ နဗာယုတ်​၊ ထို့နောက် ကေဒါ​၊ အာဒဗေလ​၊ မိဗသံ​၊


ထိုအခါ လူ​တို့​က ‘​သူ​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ခဲ့​သော သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သူ​တို့​စွန့်ပယ်​၍ အခြား​သော​ဘုရား​တို့​ကို ဆည်းကပ်​လျက် ပျပ်ဝပ်​ကိုးကွယ်​ကြ​သောကြောင့် ထာဝရဘုရား​သည် သူ​တို့​အား ဤ​ဘေးအန္တရာယ်​အပေါင်း​နှင့် ကြုံတွေ့​စေ​တော်မူ​ပြီ​’​ဟူ၍ ပြန်ပြော​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ယာဝန်​၏​သား​များ​မှာ ဧလိရှာ​၊ တာရှု​၊ ခိတ္တိမ်​နှင့်​ရောဒနိမ် တို့​ဖြစ်​ကြ​၏​။


ဒါဝိဒ်​မင်းကြီး​သည် အသက်ကြီး​၍ အိုမင်း​လာ​သောအခါ မိမိ​၏​သား​တော်​ရှောလမုန်​ကို အစ္စရေး​ဘုရင်​အဖြစ် တင်မြှောက်​၍


ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ ပေါင်း​လေး​ယောက် ရှိ​၏​။


ငါ​သည် မေရှက်​ပြည်​၌​တည်းခို​ပြီး ကေဒါ​အမျိုးသား​တို့​၏​တဲ​များ​တွင်​နေ​ရ​သောကြောင့် အမင်္ဂလာ​ရှိ​၏​။


ဘုရားရှင်​က ငါ့​အား “​သူရင်းငှား​၏​နှစ်ကာလ​အရ တစ်​နှစ်​အတွင်း​တွင် ကေဒါ​အမျိုး​၏​ဘုန်းအသရေ​အားလုံး ပျောက်ကွယ်​သွား​လိမ့်မည်​။


တိုင်ရာ​မြို့​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ တာရှု​သင်္ဘော​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ အကြောင်းမူကား တိုင်ရာ​မြို့​သည် အိမ်​မ​ရှိ​၊ ဆိပ်ကမ်း​မ​ရှိ​တော့​သည့်​တိုင်အောင် ဖျက်ဆီး​ခံရ​လေ​ပြီ​ဟု ဆိုက်ပရပ်​ပြည်​မှတစ်ဆင့် ကြားသိ​ရ​ပြီ​။


ကိုယ်တော်​က “​နှိပ်စက်​ခြင်း​ခံရ​သော​ဆီဒုန်​သမီး​ပျို​၊ သင်​သည် နောက်တစ်ဖန် ရွှင်မြူး​ရ​တော့​မည်​မ​ဟုတ်​။ ထ​၍ ဆိုက်ပရပ်​ပြည်​သို့ ကူးသွား​လော့​။ ထို​အရပ်​၌​လည်း သင့်​အတွက်​ငြိမ်းချမ်း​ခြင်း​ရှိ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ချေမှုန်း​နိုင်​ခဲ့​သော​ကေဒါ​အမျိုး​နှင့်​ပတ်သက်၍​၊ ဟာဇော်​နိုင်ငံ​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​ထ​ကြ​။ ကေဒါ​အမျိုး​ကို တိုက်ခိုက်​ကြ​။ အရှေ့​ပြည်သား​များ​ကို ဖျက်ဆီး​ကြ​။


သင်​သည် အဝတ်အစား​အချို့​ကို​ယူ​ပြီး အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ရောင်စုံခြယ်​လျက် မ​လုပ်​သင့်​၊ မ​လုပ်ထိုက်​သော ဖောက်ပြန်မှားယွင်း​ခြင်း​ကို​ပြု​၏​။


အာရေဗျ​ပြည်​၊ ကေဒါ​ပြည်​တို့​မှ ခေါင်းဆောင်​တို့​သည် သင့်​လက်စွဲ​ကုန်သည်​များ​ဖြစ်​ကြ​၏​။ သင့်​ထံမှ​ထွက်​သော​ကုန်ပစ္စည်း​များ​ကို သိုးသငယ်​၊ သိုးထီး​၊ ဆိတ်ထီး​တို့​နှင့် လဲလှယ်​ကြ​၏​။


လှော်တက်​ကို ဗာရှန်​တောင်​မှ​လာ​သော​ဝက်သစ်ချသား​နှင့် လုပ်​ထား​၏​။ ကုန်းပတ်​ကို ဆိုက်ပရပ်​ကျွန်း​မှ​လာ​သော​ထင်းရှူးသား​ဖြင့်​လုပ်​၍ ဆင်စွယ်​ဖြင့် မွမ်းမံ​၏​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​တို့​သည် သင်​တို့​ဝန်းကျင်​ရှိ​လူမျိုးတကာ​တို့​ထက် သာ၍​သောင်းကျန်း​၏​။ ငါ့​စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​လိုက်နာ​၊ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​စောင့်ထိန်း​ကြ​။ သင်​တို့​ဝန်းကျင်​ရှိ လူမျိုးတကာ​တို့​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​ပင် မ​ပြုကျင့်​နိုင်​ကြ’​ဟု မိန့်​တော်မူ​၏​။


ထို့နောက် သူ​သည် ကမ်းရိုးတန်းဒေသ​များ​ဘက်​သို့​လှည့်​၍ နယ်မြေ​များစွာ​ကို သိမ်းယူ​နိုင်​လိမ့်မည်​။ သို့သော် အကြီးအမှူး​တစ်​ဦး​သည် မောက်မာစော်ကား​သော​သူ့​ကို ချိုးနှိမ်​ပစ်​လိမ့်မည်​။ ထို​မောက်မာစော်ကားမှု​ကို သူ​ပြန်​ခံရ​စေ​မည်​။


ဆိုက်ပရပ်​ကျွန်း​မှ​စစ်သင်္ဘော​တို့​သည် သူ့​ကို​လာတိုက်​ကြ​လိမ့်မည်​။ သူ​သည် ခံပြင်း​လျက်​ပြန်သွား​လိမ့်မည်​။ အမျက်ထွက်​သဖြင့်​သန့်ရှင်း​သော​ပဋိညာဉ်​ကို​ဆန့်ကျင်​ပြီး မိမိ​အလိုကျ​ပြု​လိမ့်မည်​။ သူ​သည် ပြန်သွား​၍ သန့်ရှင်း​သော​ပဋိညာဉ်​ကို​စွန့်ပယ်​သော​သူ​တို့​အား မျက်နှာသာ​ပေး​လိမ့်မည်​။


ဆိုက်ပရပ်​ဆိပ်ကမ်း​မှ သင်္ဘော​တို့​သည်​လာ​၍ အဆီးရီးယား​လူမျိုး​ကို နှိပ်စက်​လိမ့်မည်​။ ဧဗာ​လူမျိုး​ကို​လည်း နှိပ်စက်​လိမ့်မည်​။ သို့သော် သူ​တို့​သည်​လည်း ပျက်စီး​ရ​လိမ့်မည်​”​ဟု ဆို​၏​။


သင်​တို့​ထဲ၌ မိမိ​ဖခင်​၏​မယား​နှင့် ပေါင်းသင်း​နေထိုင်​သည့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​ရှိ​နေ​ကြောင်း သတင်း​ပျံ့နှံ့​လျက်​ရှိ​၏။ ထိုကဲ့သို့သော တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​သည် လူမျိုးခြား​များ​ထဲ၌​ပင်​မ​ရှိ။


ထို​အခြင်းအရာ​ကို မြင်​သော​သူ​တိုင်း​က “​အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​မှစ၍ ယနေ့​တိုင်အောင် ဤကဲ့သို့သော​အဖြစ်အပျက်​မျိုး မ​ဖြစ်​ဖူး​၊ မ​ကြုံ​ဖူး​ပေ​။ ဤ​ကိစ္စ​ကို သေသေချာချာ​စဉ်းစား​ပြီး ဆွေးနွေး​တိုင်ပင်​ကြ​လော့​”​ဟု ဆို​ကြ​၏​။