Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 16:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင်​သည် အဝတ်အစား​အချို့​ကို​ယူ​ပြီး အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ရောင်စုံခြယ်​လျက် မ​လုပ်​သင့်​၊ မ​လုပ်ထိုက်​သော ဖောက်ပြန်မှားယွင်း​ခြင်း​ကို​ပြု​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သင်​၏​အ​ဝတ်​အ​စား​အ​ချို့​ဖြင့်​သင်​သည် မိ​မိ​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​မွမ်း​မံ​ပစ် ကာ​ပြည့်​တန်​ဆာ​ပြု​၍ မိ​မိ​၏​ကိုယ်​ကို လူ​အ​ပေါင်း​တို့​အား​အပ်​နှံ​လေ​သည်။ ထို သို့​သော​အ​ဖြစ်​အ​ပျက်​မျိုး​မ​ဖြစ်​သင့် ပေ၊ သို့​တည်း​မ​ဟုတ်​မ​ပေါ်​ပေါက်​သင့်​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ကိုယ့် အ ဝတ် အ ထည် ဖြင့် ချယ် လယ် ကာ ရံ သော၊ မြင့် ရာ ဌာ န များ အ ပေါ်၌ မ ပြု ထိုက်၊ မ ပြု အပ် သော နည်း အ တိုင်း၊ ပြည့် တန် ဆာ လုပ် သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သင်၏​အ​ဝတ်​ကို​လည်း​ယူ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ဆင်​ပြင်၍၊ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​အ​မှု၊ မ​တ​ရား​သော​မေ​ထုန်​ကို ထို​အ​ရပ်၌ ပြု​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 16:16
10 ပူးပေါင်းရင်းမြစ်များ  

မိန်းမ​တို့ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​အဖို့ ရွက်ဖျင်​များ​ကို ရက်လုပ်​သော​နေရာ​ဖြစ်​သည့် ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​ရှိ မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​တို့​၏​အိမ်​များ​ကို​လည်း ဖြိုပစ်​၏​။


အာခတ်​မင်းကြီး​သည် ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​တို့​ကို စုပုံ​ပြီး ထို​ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​တို့​ကို ချိုးဖဲ့ဖျက်ဆီး​ပစ်​ကာ ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​ကို​လည်း ပိတ်​ထား​၏​။ ထို့နောက် ဂျေရုဆလင်​မြို့​လမ်း​ထောင့်​ရှိသမျှ​တို့​၌ မိမိ​အဖို့​ယဇ်ပလ္လင်​များ​ကို တည်​၏​။


သင်​သည် မြင့်မား​သော​တောင်​ပေါ်တွင် သင်​၏​အိပ်ရာ​ကို​ခင်း​၏​။ ထို​တောင်​ပေါ်သို့​တက်​၍​လည်း ယဇ်​ပူဇော်​တတ်​၏​။


“​ဆိုက်ပရပ်​ကမ်းရိုးတန်းဒေသ​များ​ကို ဖြတ်​၍ ကြည့်ရှု​လော့​။ ကေဒါ​ပြည်​သို့​လူ​လွှတ်​၍ အသေအချာ​စူးစမ်း​စေ​လော့​။ ဤသို့​ဖြစ်​ခဲ့​ဖူး​ပြီ​လော​။


‘သို့သော် သင်​သည် အလှဂုဏ်မောက်​၍ သင်​၏​ကျော်ကြားမှု​သည် သင့်​ကို ပြည့်တန်ဆာ​အဖြစ်​သို့ တွန်းပို့​လေ​ပြီ​။ ရာဂစိတ်​ပြင်းထန်​၍ သင့်​အနား​ဖြတ်သန်းသွားလာ​သော​သူ​တို့​နှင့် ဖောက်ပြန်မှားယွင်း​၏​။ သင့်​အလှ​သည် သူ​တို့​အဖို့​ဖြစ်သွား​၏​။


သင့်​ကို ငါ​ပေး​သော​ရွှေ​ငွေ​များ​ဖြင့် သင်​ပြုလုပ်​ထား​သော သင်​၏​အဖိုးတန်​အဆင်တန်ဆာ​ကို​ယူ​၍ ယောက်ျား​ရုပ်တု​များ​ကို ပြုလုပ်​ပြီးလျှင် ထို​ရုပ်တု​များ​နှင့် ဖောက်ပြန်မှားယွင်း​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


သူ​တို့​၏​လှပ​သော​အဆင်တန်ဆာ​များ​ကြောင့် မာနထောင်လွှား​တတ်​ကြ​၏​။ ထို​တန်ဆာ​များ​ဖြင့် စက်ဆုပ်​ရွံရှာဖွယ်​ရုပ်တု​များ​ကို ထုလုပ်​တတ်​ကြ​၏​။ ထို့ကြောင့် ငါ​သည် ထို​တန်ဆာ​တို့​ကို ညစ်ညူးသောအရာ​ကဲ့သို့ ဖြစ်​စေ​မည်​။


ယခုမှာ သူ့​ချစ်သူ​များ​ရှေ့​တွင် သူ့​အရှက်​ကို ပေါ်​စေ​မည်​။ မည်သူ​မျှ သူ့​ကို ငါ့​လက်​မှ​ကယ်​နိုင်​မည်​မ​ဟုတ်​။


သူ့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို​ပေး​သော​သူ​မှာ ငါ​ဖြစ်ကြောင်း​၊ ဗာလ​ဘုရား​ကို​ပူဇော်​သော​ရွှေ​ငွေ​တို့​ကို တိုးပွား​စေ​သူ​မှာ ငါ​ဖြစ်ကြောင်း သူ​မ​သိ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ