ယေရမိ 11:17 - မြန်မာ့စံမီသမ္မာကျမ်း
အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့အမျက်ကိုနှိုးဆော်၍ ဗာလရှေ့၌ နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် မကောင်းမှုကိုပြုသောကြောင့် သင့်ကိုစိုက်ပျိုးတော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်အပေါ် ဘေးအန္တရာယ်ကျရောက်မည့်အကြောင်း မိန့်ဆိုပြီ”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
``အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဣသရေလပြည်နှင့်ယုဒပြည်ကိုပြုစု ပျိုးထောင်ပေးခဲ့၏။ သို့ရာတွင်ယခုအခါ ငါသည်ထိုပြည်များအပေါ်သို့ ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သူတို့သည်ဒုစ ရိုက်ကိုပြုခဲ့ကြသည်ဖြစ်၍ဗာလဘုရား ကိုယဇ်ပူဇော်ခြင်းအားဖြင့်သူတို့သည် ငါ ၏အမျက်တော်ကိုလှုံ့ဆော်ကြလေပြီ။''
အခန်းကိုကြည့်ပါ။
သင့် ကို စိုက် ပျိုး ခဲ့ သော ဗိုလ် ခြေ တို့ အ ရှင်၊ ငါ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ အ မျိုး သား တို့ ပါ၊ ဗာ လ နတ် အား မီး ဖြင့် ပူ ဇော်၍ အ မျက် တော် တိုက် အ ဆိုး ပြု ကြ သော ကြောင့်၊ သင့် အ ပေါ် တွင် သင့် ရန် ဘေး ကို ပြ ဋ္ဌာန်း ခဲ့ ပြီ။
အခန်းကိုကြည့်ပါ။
ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလဘုရားရှေ့မှာ နံ့သာပေါင်းကိုမီးရှို့၍၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ မိမိတို့အဖို့ မကောင်းသောအမှုကို ပြုသောကြောင့်၊ သင့်ကိုစိုက်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ သင်၌ အမှုရောက်မည်အကြောင်း မိန့်တော်မူပြီ။
အခန်းကိုကြည့်ပါ။