ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
ယေဇကျေလ 4:16 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကိုယ်တော်က “အချင်းလူသား၊ ငါသည် ဂျေရုဆလင်မြို့၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ သူတို့သည် မုန့်ကိုချိန်လျက် စိုးရိမ်ပူပန်စိတ်ဖြင့် စားရလိမ့်မည်။ ရေကိုချင့်လျက် ထိတ်လန့်စွာ သောက်ရလိမ့်မည်။ Common Language Bible ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ငါသည်ယေရုရှလင်မြို့တွင်ရိက္ခာပြတ် စေမည်။ ထိုမြို့မှလူတို့သည်စိုးရိမ်ပူပန် ကြလျက်မိမိတို့၏အစာရေစာတို့ကို ချိန်တွယ်၍စားသောက်ရကြလိမ့်မည်။- Garrad Bible ကိုယ် တော် က လည်း၊ အ ချင်း လူ့ သား၊ အ စာ ကို ချိန် စက်၍ ကြောင့် ကြ လျက် စား ခြင်း၊ ရေ ကို ခြင် တွယ်၍ အံ့ အား သင့် လျက် သောက် ခြင်း ပြု ရာ၊ ခဲ ဖွယ် သောက် ဖွယ် လို လား သ ဖြင့်၊ အ ချင်း ချင်း အံ့ အား သင့်၍ ကိုယ့် ဒု စ ရိုက် ကြောင့်၊ ပိန် ခြောက် ကြ ရ စေ ခြင်း ငှာ၊ ယေ ရု ရှ လင် မြို့ ရှိ အ စာ အာ ဟာ ရ အ ထောက် အ ခံ ကို ငါ ချိုး ဖျက် မည်။ Judson Bible တစ်ဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သောစိတ်နှင့် စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက်ရကြမည်။ |
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
ထိုသို့ မြို့ကိုဝိုင်းထားချိန်ကြာလာသောအခါ ရှမာရိမြို့တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်ပြီး မြည်းခေါင်းတစ်ခေါင်းကို ငွေစရှစ်ဆယ်ရှယ်ကယ်၊ ခိုချေးတစ်ကက်၏လေးပုံတစ်ပုံကို ငွေစငါးရှယ်ကယ် ဖြစ်သွားလေ၏။
တစ်ဖန် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုဆိုက်ရောက်စေ၍ အစားအစာထောက်ပံ့မှုရှိသမျှကို ဖြတ်တောက်တော်မူ၏။
ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ကြမ်းတမ်းမှုများနှင့် ကြုံတွေ့စေခဲ့ပါ၏။ ဒယီးဒယိုင်ဖြစ်စေသောစပျစ်ဝိုင်ကို အကျွန်ုပ်တို့အားတိုက်ခဲ့ပါ၏။
ကြည့်ရှုလော့။ ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် အစာအထောက်အပံ့၊ ရေအထောက်အပံ့ စသည့် ကူညီပံ့ပိုးမှုအားလုံးကို ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တစ်ပြည်လုံးမှ ဖယ်ရှားတော်မူ၏။
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
သူ့လူအပေါင်းတို့သည် ညည်းတွားလျက် စားစရာကိုရှာဖွေနေကြရပြီ။ သူတို့သည် အသက်ရှင်သန်နိုင်ရန် သူတို့၏အဖိုးတန်ပစ္စည်းများကို စားစရာနှင့်လဲလှယ်ကြရပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ် မထီမဲ့မြင်ပြုခြင်းခံရသည်ကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
အကျွန်ုပ်တို့သောက်သောရေသည် ငွေဖြင့် ဝယ်ရပါ၏။ ထင်းသည်လည်း အဖိုးအခပေးရပါ၏။
တောကန္တာရထဲ၌ရှိသော ဓားဘေးကြောင့် အကျွန်ုပ်တို့သည် အသက်ကိုရင်းပြီးမှ အစာကို ရပါ၏။
“အချင်းလူသား၊ ပြည်တစ်ပြည်ရှိပြည်သားတို့သည် ဖောက်ပြန်မှားယွင်း၍ ငါ့ကိုပြစ်မှားကြလျှင် ငါသည် လက်ကိုဆန့်ပြီး ထိုပြည်၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ကျရောက်စေပြီး ထိုပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
ထိုအခါ ကိုယ်တော်က “သို့ဖြစ်လျှင် လူ့မစင်အစား နွားချေးကိုပေးမည်။ ထိုနွားချေးနှင့် မုန့်ကိုဖုတ်ရမည်”ဟု မိန့်တော်မူ၏။
ငါသည် သင်တို့ထံ သေစေနိုင်သောငတ်မွတ်ခေါင်းပါးခြင်းမြားကို ပစ်လွှတ်လိုက်သောအခါ၊ သင်တို့ကို ဖျက်ဆီးပစ်မည့် ဖျက်ဆီးခြင်းမြားကိုပစ်လွှတ်သောအခါ သင်တို့၌ ပို၍ဆိုးရွားသောငတ်မွတ်ခေါင်းပါးခြင်းဘေး ဖြစ်လိမ့်မည်။ သင်တို့၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။
အသက်အတွက် အမှီသဟဲဖြစ်သော အစားအစာကို သင်တို့ထံမှ ငါဖြတ်တောက်လိုက်သောအခါ မိန်းမဆယ်ယောက်တို့သည် မီးဖိုတစ်ခုတည်း၌ သင်တို့စားဖို့မုန့်ကို ဖုတ်၍ ထိုမုန့်ကို အချိန်အဆဖြင့်သာ သင်တို့ကို ပြန်ဝေပေးလိမ့်မည်။ သင်တို့သည်လည်း ဝလင်စွာ စားရကြလိမ့်မည်မဟုတ်။
မြို့နှစ်မြို့သုံးမြို့မှလူတို့သည် ရေသောက်ရန် မြို့တစ်မြို့သို့သွားသော်လည်း ရေကို အလုံအလောက်မသောက်ရ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သိုးသငယ်တော်သည် တတိယတံဆိပ်ကိုဖွင့်သောအခါ တတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ ငါကြည့်လိုက်ရာ မြင်းနက်တစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် မိမိလက်၌ ချိန်ခွင်ကို ကိုင်ထား၏။