သင့်အဝတ်များကို ချွတ်ပစ်ပြီး သင်၏အဖိုးတန်ရတနာတို့ကို သိမ်းယူသွားလိမ့်မည်။
သင်၏အဝတ်များကိုဆွဲဆုတ်ပစ်ကာ သင် ၏ကျောက်မျက်ရတနာများကိုသိမ်းယူ ကြလိမ့်မည်။-
သင်၏ ရ တ နာ နှင့် အ ဝတ် များ ကို ချွတ် ယူ ကြ ပြီး နောက်၊ သင် ကာ မ ဂုဏ် လိုက် စား ခြင်း၊
သင့်အဝတ်ကိုလည်း ချွတ်၍၊ တင့်တယ်သောတန်ဆာတို့ကို သိမ်းယူကြလိမ့်မည်။
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်းပင် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့မှ ရှိသမျှကို ယူဆောင်သွား၏။ ထာဝရဘုရား၏ဗိမာန်တော်ရှိ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးပြုလုပ်ထားခဲ့သော ရွှေအသုံးအဆောင်အားလုံးကိုလည်း ချိုးဖဲ့ဖျက်ဆီး၍ယူဆောင်သွားလေ၏။
‘ကြည့်ရှုလော့။ သင်၏နန်းတော်ထဲရှိအရာအားလုံး၊ သင်၏ဘိုးဘေးတို့စုဆောင်းထား၍ ယနေ့တိုင်အောင်ရှိနေသည့်အရာအားလုံးတို့ကို ဘေဘီလုံမြို့သို့ ယူဆောင်သွားမည့်နေ့ ရောက်လာလိမ့်မည်။ တစ်စုံတစ်ခုမျှကြွင်းကျန်လိမ့်မည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူပြီ။
သင်သည် မိမိစိတ်ထဲ၌ “အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု တွေးလျှင် သင်၏ဒုစရိုက်များကြောင့် သင်အဝတ်အချွတ်ခံရ၏၊ သင်အကြမ်းဖက်ခံရ၏။
သင်သည် အဝတ်အစားအချို့ကိုယူပြီး အထွတ်အမြတ်ထားရာနေရာတို့ကို ရောင်စုံခြယ်လျက် မလုပ်သင့်၊ မလုပ်ထိုက်သော ဖောက်ပြန်မှားယွင်းခြင်းကိုပြု၏။
သင့်ကိုသာယာမှုပေးသော သင့်ချစ်သူများမှစ၍ သင်မုန်းတီးသောသူများအားလုံးကို အရပ်ရပ်မှစုရုံးစေပြီးလျှင် သင့်ကိုဆန့်ကျင်စေမည်။ သူတို့အား သင်၌ အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ငါပြမည်။ သင်၌ အဝတ်မပါအချည်းစည်းဖြစ်ခြင်းကို သူတို့မြင်ရလိမ့်မည်။
သင့်ကို သူတို့လက်သို့အပ်လိုက်မည်။ သူတို့သည် သင်၏ကွန်းခိုရာကို ဖြိုချပစ်မည်၊ သင်အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီးပစ်မည်။ သင့်အဝတ်များကိုချွတ်၍ လက်ဝတ်ရတနာများကိုယူပြီးလျှင် အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။
သူတို့သည် သင့်ကိုမုန်းသဖြင့် သင့်ချွေးနှဲစာရှိသမျှကိုယူ၍ သင့်ကို အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။ သင်သည် အရှက်မရှိ ပြည့်တန်ဆာလုပ်ခဲ့ပုံများ၊ ညစ်ညမ်းသောအမှုပြုခဲ့ပုံများ၊ ဖောက်ပြန်မှားယွင်းခဲ့ပုံများကို ငါဖော်ထုတ်မည်။
သို့မဟုတ်လျှင် ငါသည် သူ့အဝတ်ကိုချွတ်ပစ်၍ သူမွေးလာသောနေ့ကကဲ့သို့ အဝတ်အချည်းစည်းဖြစ်စေမည်။ တောကန္တာရကဲ့သို့ ဖြစ်စေ၍ ခြောက်သွေ့သောမြေ ဖြစ်စေမည်။ ရေငတ်သေစေမည်။
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် သားရဲတို့သည် ထိုပြည့်တန်ဆာကိုမုန်း၍ သူ့ကိုလုံးလုံးပျက်စီးစေကာ အဝတ်မပါအချည်းစည်းဖြစ်စေကြလိမ့်မည်။ သူ၏အသားကိုလည်းကိုက်စား၍ သူ့ကိုမီးရှို့ကြလိမ့်မည်။