Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 17:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင်​မြင်​ရ​သော ဦးချို​ဆယ်​ချောင်း​နှင့် သားရဲ​တို့​သည် ထို​ပြည့်တန်ဆာ​ကို​မုန်း​၍ သူ့​ကို​လုံးလုံး​ပျက်စီး​စေ​ကာ အဝတ်မပါ​အချည်းစည်း​ဖြစ်​စေ​ကြ​လိမ့်မည်။ သူ​၏​အသား​ကို​လည်း​ကိုက်စား​၍ သူ့​ကို​မီး​ရှို့​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သင်​မြင်​ရ​သော​သား​ရဲ​နှင့်​ဦး​ချို​ဆယ်​ချောင်း တို့​သည် ပြည့်​တန်​ဆာ​မ​ကို​မုန်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပြည့်​တန်​ဆာ​မ​ထံ​မှ​ရှိ​သ​မျှ ကို​ချွတ်​ယူ​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စေ​ကြ​လိမ့်​မည်။ သူ​၏​အ​သား​ကို​စား​၍​သူ့ ကို​မီး​ရှို့​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သင် မြင် သော ဦး ချို ဆယ် ချောင်း နှင့် သား ရဲ သည် ထို ပြည့် တန် ဆာ ကို မုန်း ထား သ ဖြင့် မြို့ ဆိုး ကုန်း အ ချည်း စီး ဖြစ် စေ လျက် သူ့ အ သား ကို စား၍ မီး ဖြင့် ကျွမ်း စေ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​သည် ပြည့်​တန်​ဆာ​ကို မုန်း၍ သူ၏​စည်း​စိမ်​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ၏​အ​ဝတ်​တန်​ဆာ​ကို ချွတ်၍ သူ၏​အ​သား​ကို ကိုက်​စား​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သင်​မြင်ရသော ဦးချို​ဆယ်ချောင်း​နှင့် အနီရောင်​သားရဲ​သည် ထို​ပြည့်တန်ဆာ​ကို မုန်းကြ​လိမ့်မည်။ သူ​၌ ရှိသမျှ​အရာ​ကို ဖျက်ဆီး​၍ အဝတ်​ဗလာ​ဖြစ်စေ​လိမ့်မည်။ သူ​၏ အသား​ကို​လည်း စား​၍ မီးရှို့ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 17:16
17 ပူးပေါင်းရင်းမြစ်များ  

ငါ့​တဲ​၌​နေ​သော​သူ​တို့​က ‘​သူ​ကျွေး​သော​အသား​ကို ဝလင်​စွာ​မ​စား​ရ​သော​သူ ရှိ​သလော’​ဟု ဆို​လေ့​ရှိ​သည်​မ​ဟုတ်​လော​။


ငါ့​ကို​ရန်ဖက်ပြု​သော​သူ​များ​နှင့် ငါ​၏​ရန်သူ​များ​ဖြစ်​ကြ​သည့် ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ငါ့​အသား​ကို​ကိုက်စား​ရန် ငါ့​ထံသို့​ချဉ်းကပ်​လာ​ကြ​သောအခါ ခလုတ်တိုက်​၍​လဲကျ​ကြ​လိမ့်မည်​။


တစ်ဖန် ငါ​ကြည့်​နေ​စဉ် ဝက်ဝံ​နှင့်​တူ​သော​ဒုတိယ​သားရဲ ထွက်လာ​၏​။ ထို​သားရဲ​သည် ကိုယ်​ကို​တစ်ဖက်​ကြွ​ထား​ပြီး နှုတ်​တွင်​လည်း နံရိုး​သုံး​ချောင်း​ကို ကိုက်​ထား​၏​။ အသံ​တစ်​သံ​က သူ့​အား ‘ထ​ပါ​။ အသား​များများ​စား​ပါ’​ဟု ဆို​၏​။


ယဇ်ပုရောဟိတ်​တစ်ပါးပါး​၏​သမီး​သည် ပြည့်တန်ဆာလုပ်​ခြင်း​ဖြင့် ကိုယ့်ကိုယ်ကိုယ်​အသရေဖျက်​လျှင် မိမိ​ဖခင်​ကို​အသရေဖျက်​ရာ​ရောက်​သည်​ဖြစ်၍ သူ့​ကို မီး​ရှို့​ရ​မည်​။


တစ်ဖန် ကောင်းကင်​၌ အခြား​သော​နိမိတ်​လက္ခဏာ​ကို​တွေ့မြင်​ရ​၏။ ခေါင်း​ခုနစ်​လုံး​နှင့် ဦးချို​ဆယ်​ချောင်း​ရှိ​၍ သူ​၏​ခေါင်း​များ​ပေါ်တွင် သရဖူ​ခုနစ်​ခု​ကို​ဆောင်း​ထား​သည့် နီရဲ​သော​နဂါး​ကြီး​တစ်​ကောင်​ရှိ​၏။


ဆဋ္ဌမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို ကြီးမား​သော​ယူဖရေးတီး​မြစ်​ပေါ်သို့​သွန်းလောင်း​သောအခါ အရှေ့​ပြည်​မှ​ဘုရင်​များ​အတွက် လမ်း​ကို​ပြင်ဆင်​ပေး​ရန် မြစ်​ရေ​သည်​ခန်းခြောက်​သွား​လေ​၏။


ဘုရင်​ခုနစ်​ပါး​လည်း​ဖြစ်​ကြ​၏။ ငါး​ပါး​သည် ကျဆုံး​ပြီ​။ တစ်​ပါး​သည် ယခု​ရှိ​၏။ ကျန်​တစ်​ပါး​မှာ မ​ပေါ်ထွန်း​သေး​ပေ။ ပေါ်ထွန်း​လာ​သောအခါ​၌​လည်း ခေတ္တ​ခဏ​သာ​တည်​ရ​လိမ့်မည်။


သူ​တို့​သည် မြေမှုန့်​ကို မိမိ​တို့​ခေါင်း​ပေါ်​သို့​ပစ်တင်​၍ ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​ကာ ‘မိမိ​၏​အဖိုးတန်​ပစ္စည်း​များ​ကြောင့် ပင်လယ်​ထဲရှိ​သင်္ဘော​များ​ကို ပိုင်ဆိုင်​သူ​ရှိသမျှ​တို့​အား ချမ်းသာ​စေ​ခဲ့​သည့် ကြီးမား​သော​မြို့၊ သင်​သည် တိုတောင်း​သော​အချိန်​တစ်​ခု​အတွင်း​၌ လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​သည်​ဖြစ်၍ စိတ်​မချမ်းမြေ့​ဖွယ်၊ စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ပါ​သည်​တကား’​ဟု အော်ဟစ်​ပြောဆို​ကြ​၏။


ထို့ကြောင့် သူ​ခံရ​မည့်​ဘေးဒဏ်​များ​ဖြစ်​သော သေ​ခြင်း၊ ဝမ်းနည်း​ကြေကွဲ​ခြင်း​နှင့် ငတ်မွတ်​ခေါင်းပါး​ခြင်း​တို့​သည် တစ်​ရက်​အတွင်း သူ့​အပေါ်​ကျရောက်​ပြီး သူ​သည် မီး​ဖြင့်​လောင်ကျွမ်း​ခြင်း​ခံရ​လိမ့်မည်။ အကြောင်းမူကား သူ့​ကို​စီရင်​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် ခွန်အား​နှင့်​ပြည့်စုံ​တော်မူ​၏။


ရှင်ဘုရင်​တို့​၏​အသား၊ တပ်မှူးကြီး​တို့​၏​အသား၊ စစ်သူရဲ​တို့​၏​အသား၊ မြင်း​နှင့်​မြင်းစီး​သူရဲ​တို့​၏​အသား၊ လွတ်လပ်​သူ​နှင့်​ကျွန်​များ​မှစ၍ လူကြီး​လူငယ်​ရှိသမျှ​တို့​၏​အသား​ကို လာ​၍ စား​ကြ​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ