အာဗြံကလည်း “ကြည့်ရှုလော့။ သင်၏ကျွန်မသည် သင့်လက်ထဲ၌ရှိ၏။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုပါ”ဟု စာရဲအား ဆို၏။ ထိုအခါ စာရဲသည် ဟာဂရကိုနှိပ်စက်သဖြင့် သူသည် စာရဲထံမှထွက်ပြေးလေ၏။
ယောရှု 9:25 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ပါလော့။ ယခုမှာ အကျွန်ုပ်တို့သည် သခင့်လက်၌ရှိပါ၏။ ကောင်းမည်၊ သင့်မည်ဟု ထင်သည့်အတိုင်း ပြုပါလော့”ဟု ပြန်ပြောကြ၏။ Common Language Bible ယခုအကျွန်ုပ်တို့သည်ကိုယ်တော်၏လက် တွင်းသို့ရောက်ရှိနေပြီဖြစ်၍ ကိုယ်တော် ပြုသင့်သည်ဟုထင်သည့်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြလေသည်။- Garrad Bible ယ ခု မှာ ကျွန် တော် တို့ သည် ကိုယ် တော့် လက် အောက် တွင် ရှိ ပါ၏။ သ ဘော တော် အ တိုင်း ထိုက် သင့် ရာ ပြု တော် မူ ပါ ဟု ယော ရှု ထံ ဝန် ခံ ကြ လျှင်၊ Judson Bible ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင်ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ်တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန်လျှောက်ကြ၏။ |
အာဗြံကလည်း “ကြည့်ရှုလော့။ သင်၏ကျွန်မသည် သင့်လက်ထဲ၌ရှိ၏။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုပါ”ဟု စာရဲအား ဆို၏။ ထိုအခါ စာရဲသည် ဟာဂရကိုနှိပ်စက်သဖြင့် သူသည် စာရဲထံမှထွက်ပြေးလေ၏။
ထိုသို့မဟုတ်ဘဲ ကိုယ်တော်က ‘သင့်ကို ငါအလိုမရှိ’ဟု မိန့်ဆိုလျှင်လည်း ငါအသင့်ရှိပါသည်။ အလိုတော်အတိုင်းသာ ငါ့ကို ပြုတော်မူပါစေသော”ဟု မိန့်ဆို၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရားလက်တော်ထဲသို့သာ ငါတို့ကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။
ထို့ကြောင့် နန်းတော်အုပ်၊ မြို့အုပ်၊ သက်ကြီးဝါကြီးများနှင့် အထိန်းတော်များက ယေဟုထံသို့ လူလွှတ်ကာ “အကျွန်ုပ်တို့သည် အရှင့်အစေအပါးများ ဖြစ်ကြပါ၏။ အရှင်မိန့်တော်မူသမျှ အကျွန်ုပ်တို့ ပြုပါမည်။ မည်သူ့ကိုမျှ မင်းမမြှောက်ပါ။ အရှင်အလိုရှိသည့်အတိုင်းသာ ပြုပါ”ဟု အကြောင်းပြန်လေ၏။
ငါ၏လူမျိုးတော်ကို ငါအမျက်ထွက်၏။ ငါ၏အမွေခံကို ငါရှုတ်ချ၍ သူတို့ကို သင့်လက်သို့ငါအပ်လိုက်၏။ သို့သော် သင်သည် သူတို့ကို သနားစုံမက်ခြင်းမရှိ။ အသက်ကြီးသူတို့ကိုပင် အလွန်လေးလံသောထမ်းပိုးကို ထမ်းစေ၏။
ငါသည် သင်တို့၏လက်ထဲတွင်ရှိ၏။ ကောင်းသည်၊ မှန်သည်ဟု သင်တို့ထင်သည့်အတိုင်း ငါ့ကိုပြုကြလော့။
ဇေဒကိမင်းကြီးကလည်း “သူသည် သင်တို့လက်၌ရှိ၏။ ရှင်ဘုရင်သည် သင်တို့ကိုဆန့်ကျင်၍ မည်သည့်အရာမျှမပြုနိုင်”ဟု မိန့်ဆို၏။
ထို့ကြောင့် သူတို့အသတ်မခံရစေရန် ယောရှုသည် သူတို့ကို အစ္စရေးအမျိုးသားတို့လက်မှ ကယ်နုတ်လေ၏။
သို့သော် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “အကျွန်ုပ်တို့ပြစ်မှားမိပါပြီ။ အလိုရှိသည်အတိုင်းပြုတော်မူပါ။ သို့သော် ယခုမှာ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ”ဟု လျှောက်ဆိုကြ၏။
ဂိဒေါင်သည် သုကုတ်မြို့သားတို့ထံသို့ရောက်လာ၍ “ဇေဘဟနှင့်ဇာလမုန္နကို ကြည့်ကြလော့။ သင်တို့က ‘မောပန်းနေသောသင့်လူတို့အား စားစရာပေးရမည့်အကြောင်း ဇေဘဟနှင့်ဇာလမုန္နတို့သည် သင့်လက်ထဲရောက်ပြီလော’ဟု ငါ့ကိုကဲ့ရဲ့ခဲ့ကြ၏”ဟု ဆိုပြီးလျှင်
ထို့ကြောင့် ရှမွေလသည် မိန့်တော်မူသောအရာအားလုံးကို မထိမ်ဝှက်ဘဲ သူ့အား ပြောပြလေ၏။ ထိုအခါ ဧလိက “ဤသည်ကား ထာဝရဘုရားမိန့်တော်မူသောအမှုဖြစ်၏။ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။