Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 24:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဂဒ်​အား “​ငါ​သည် အကျဉ်းအကျပ်​ထဲသို့ ရောက်​ပါ​ပြီ​တကား​။ ထာဝရဘုရား​သည် သနား​ခြင်း​ကရုဏာ​ကြီးမား​သည်​ဖြစ်၍ ထာဝရဘုရား​လက်​တော်​ထဲသို့​သာ ငါ​တို့​ကျရောက်​ပါစေ​၊ လူ့​လက်​ထဲသို့ မ​ကျရောက်​ပါစေ​နှင့်​”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဒါ​ဝိဒ်​က``ငါ​သည်​အ​လွန်​ဆိုး​ရွား​သည့် အ​ခြေ​အ​နေ​နှင့်​ကြုံ​တွေ့​ရ​ပါ​သည်​တ ကား။ လူ့​လက်​ဖြင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ပင်​ဒဏ်​ပေး​တော်​မူ​ပါ စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား​တော် မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု​ဂဒ် အား​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဒါ ဝိဒ် မင်း က ငါ သည် ကျဉ်း ကျပ် ရာ ရောက် လေ စွ။ ထာ ဝ ရ ဘု ရား၏ က ရု ဏာ တော် ကြီး လှ သည် ဖြစ်၍ လက် တော် သို့ သာ ရောက် ပါ စေ။ လူ့ လက် သို့ မ ရောက် ပါ စေ နှင့် ဟု ဂဒ် အား ပြန် ပြော သည် နှင့် အ ညီ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သို့ ရောက်​ပါ​စေ။ က​ရု​ဏ​တော် ကြီး​လှ၏။ လူ​လက်​သို့ မ​ရောက်​ပါ​စေ​နှင့်​ဟု ဂဒ်​အား​ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 24:14
28 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ပျပ်ဝပ်​လျက် “​အရှင့်​အစေအပါး​သည် မည်သို့သော​သူ​ဖြစ်​ပါ​သနည်း​။ ခွေးသေကောင်​နှင့်​တူ​သော​အကျွန်ုပ်​ကို အဘယ်ကြောင့် အရေးတယူ​ပြု​တော်မူ​ရ​ပါ​သနည်း​”​ဟု ပြန်လျှောက်​၏​။


ဘုရားသခင့်​လူ​၏​ငယ်သား​တစ်ယောက်​က စောစောထ​၍​အပြင်ထွက်​ကြည့်​သောအခါ စစ်သည်​နှင့် မြင်း​များ​၊ ရထား​များ မြို့​ကို​ဝိုင်းရံ​ထား​သည်​ကို တွေ့​သဖြင့် ထို​ငယ်သား​က သူ့​သခင်​အား “​အို အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​တို့ မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု မေးလျှောက်​၏​။


ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဂဒ်​အား “​ငါ​သည် အကျဉ်း​အကျပ်​ထဲသို့ ရောက်​ပါ​ပြီ​တကား​။ ထာဝရဘုရား​သည် သနား​ခြင်း​ကရုဏာ​ကြီးမား​သည်​ဖြစ်၍ ထာဝရဘုရား​၏​လက်​တော်​ထဲသို့​သာ ငါ​ကျရောက်​ပါစေ​၊ လူ့​လက်​ထဲသို့ မ​ကျရောက်​ပါစေ​နှင့်​”​ဟု မိန့်ဆို​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သဘော​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။


သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တော်မူ​သောကြောင့် လူ​တို့​သည် ကိုယ်တော်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​၏​။


အို အစ္စရေး​လူမျိုး​၊ ထာဝရဘုရား​ကို မျှော်လင့်ကိုးစား​လော့​။ အကြောင်းမူကား ထာဝရဘုရား​၌ မေတ္တာကရုဏာ​တော်​ရှိ​၏​။ ကြွယ်ဝ​သော​ရွေးနုတ်ကယ်တင်​ခြင်း​လည်း ကိုယ်တော်​၌​ရှိ​၏​။


ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​တို့​အပေါ် ကောင်းမြတ်​တော်မူ​၏​။ မိမိ​ပြုလုပ်​ဖန်ဆင်း​သော​အရာ​အားလုံး​ကို​လည်း သနားစုံမက်​တော်မူ​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ပယ်ဖျက်​တော်မူ​ပါ​။


သို့သော် အို ဘုရားရှင်​၊ ကိုယ်တော်​သည် သနားစုံမက်​တတ်​သော​သဘော​၊ ကျေးဇူးပြု​တတ်​သော​သဘော​နှင့်​ပြည့်စုံ​သော ဘုရားသခင်​ဖြစ်​တော်မူ​ပြီး စိတ်ရှည်​သော​သဘော​၊ သမ္မာတရား​နှင့်​မေတ္တာကရုဏာ​ကြွယ်ဝ​သော သဘော​ရှိ​တော်မူ​၏​။


အကြောင်းမူကား အို ဘုရားရှင်​၊ ကိုယ်တော်​သည် ကောင်းမြတ်​၍ ခွင့်လွှတ်​တော်မူ​တတ်​၏​။ ကိုယ်တော်​ကို​ခေါ်​သော​သူ​အပေါင်း​တို့​အပေါ်​၌​လည်း မေတ္တာကရုဏာ​တော်​ကြွယ်ဝ​တော်မူ​၏​။


ဖြောင့်မတ်​သော​သူ​သည် မိမိ​တိရစ္ဆာန်​၏​အသက်​ကို ဂရုစိုက်​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​သနားစုံမက်​ခြင်း​မူကား ရက်စက်မှု​ဖြစ်​၏​။


ငါ​၏​လူမျိုး​တော်​ကို ငါ​အမျက်ထွက်​၏​။ ငါ​၏​အမွေခံ​ကို ငါ​ရှုတ်ချ​၍ သူ​တို့​ကို သင့်​လက်​သို့​ငါ​အပ်​လိုက်​၏​။ သို့သော် သင်​သည် သူ​တို့​ကို သနားစုံမက်​ခြင်း​မ​ရှိ​။ အသက်ကြီး​သူ​တို့​ကို​ပင် အလွန်​လေးလံ​သော​ထမ်းပိုး​ကို ထမ်း​စေ​၏​။


ဆိုးယုတ်​သော​သူ​သည် မိမိ​လမ်း​ကို​လည်းကောင်း​၊ အပြစ်ဒုစရိုက်​ပြု​သော​သူ​သည် မိမိ​အကြံအစည်​တို့​ကို​လည်းကောင်း စွန့်ပစ်​၍ ထာဝရဘုရား​ထံ​တော်​သို့ ပြန်လှည့်​လာ​ပါစေ​။ သို့ပြုလျှင် ကိုယ်တော်​သည် သူ့​ကို သနား​တော်မူ​မည်​။ ငါ​တို့​၏​ဘုရားသခင်​ထံ​တော်​သို့ ပြန်လှည့်​လာ​ပါစေ​။ အကြွင်းမဲ့​ခွင့်လွှတ်​တော်မူ​မည်​။


ထာဝရဘုရား​က ထို​နေ့​၌ သင့်​ကို ငါ​ကယ်နုတ်​မည်​။ သင်​ကြောက်​သော​သူ​တို့​လက်​သို့ သင်​မ​ရောက်​ရ​။


ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကြောင့် ငါ​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ပါ​။ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည်​လည်း အဆုံး​မ​ရှိ​ပါ​။


အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​အရှင် ဘုရားသခင်​ကို​ပုန်ကန်​ကြ​သော်လည်း ကိုယ်တော်​သည် ကရုဏာ​တော်​နှင့် ပြည့်ဝ​ပါ​၏​။ အပြစ်​ကို ခွင့်လွှတ်​ပေး​ပါ​၏​။


ထာဝရဘုရား​ထံ “​အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​နေရင်းပြည်​၌​ရှိ​စဉ်က ဤသို့​ဖြစ်​မည်​ဟု အကျွန်ုပ်​ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော​။ ထို့ကြောင့် ကျွန်ုပ်​လည်း တာရှု​ပြည်​သို့ အမြန်ထွက်ပြေး​ခဲ့​ပါ​၏​။ စင်စစ် ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား ဖြစ်​တော်မူ​၍ ဘေးဆိုး​ကျရောက်​စေ​မည့်​အမှု​မှ စိတ်​တော်​ပြောင်းလဲ​တော်မူ​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​၏​။


ကိုယ်တော်​နှင့်​တူ​သော​ဘုရား​ရှိ​ပါ​သလော​။ ကိုယ်တော်​သည် အပြစ်​လွှတ်​တော်မူ​သော​ဘုရား​၊ ကြွင်းကျန်​သော​အမွေ​တော်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​တော်မူ​သော​ဘုရား​၊ အမျက်​တော်​ကို​သို​မ​ထား မေတ္တာကရုဏာ​အစဉ်​ပြ​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို သနားစုံမက်​တော်မူ​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို နင်းချေ​တော်မူ​မည်​။ အပြစ်​ရှိသမျှ​ကို​လည်း ပင်လယ်​ရေနက်​ရာ​ထဲသို့ ပစ်ချ​တော်မူ​မည်​။


ငါ​အနည်းငယ်​အမျက်ထွက်​၍ ဂျေရုဆလင်​မြို့​ကို ဘေးပြုဆုံးမ​စေ​သော်လည်း ငြိမ်းချမ်း​စွာ​နေ​ရ​သော​လူမျိုးခြား​တို့​သည် ပို၍ ပြု​ကြ​သောကြောင့် သူ​တို့​ကို ငါ​အလွန်​အမျက်ထွက်​၏’​ဟု မိန့်​တော်မူ​၏​။


ယခု ငါ့​စိတ်​ပူပန်​လျက်​ရှိ​၏။ ငါ​မည်သို့​လျှောက်​ရ​ပါ​မည်နည်း။ ‘အို အဖ၊ ဤ​အချိန်​နာရီ​မှ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ’​ဟူ၍ လျှောက်​ရ​ပါ​မည်​လော။ သို့ရာတွင် ငါ​သည် ဤ​အတွက်​ကြောင့် ယခု​အချိန်​နာရီ​သို့ ရောက်လာ​ခဲ့​၏။


သို့ဖြစ်၍ ငါ​သည် ဤ​နှစ်​ခု​ကြား​၌ အကျပ်ရိုက်​နေ​၏။ ငါ​သည် ဤ​ဘဝ​ကို​စွန့်ခွာ​၍ ခရစ်တော်​နှင့်အတူ​ရှိ​ရန် ဆန္ဒ​ရှိ​၏။ ထိုသို့​ဖြစ်​လျှင် များစွာ​သာလွန်​ကောင်းမွန်​၏။


အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​စစ်သည် အပြင်းအထန်​နှိမ်နင်း​ခံရ​၍ ဒုက္ခရောက်​နေ​သည်​ကို သိမြင်​လေ​၏​။ စစ်သည်​တို့​သည် လိုဏ်ဂူ​၊ ဆူးချုံတော​၊ ကျောက်ဆောင်​၊ မြေတွင်း​နှင့် လိုဏ်ခေါင်း​များ​ထဲ၌ ပုန်းအောင်း​နေ​ကြ​ရ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ