ယောရှု 9:25 - Common Language Bible25 ယခုအကျွန်ုပ်တို့သည်ကိုယ်တော်၏လက် တွင်းသို့ရောက်ရှိနေပြီဖြစ်၍ ကိုယ်တော် ပြုသင့်သည်ဟုထင်သည့်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible25 ယ ခု မှာ ကျွန် တော် တို့ သည် ကိုယ် တော့် လက် အောက် တွင် ရှိ ပါ၏။ သ ဘော တော် အ တိုင်း ထိုက် သင့် ရာ ပြု တော် မူ ပါ ဟု ယော ရှု ထံ ဝန် ခံ ကြ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible25 ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင်ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ်တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန်လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ကြည့်ပါလော့။ ယခုမှာ အကျွန်ုပ်တို့သည် သခင့်လက်၌ရှိပါ၏။ ကောင်းမည်၊ သင့်မည်ဟု ထင်သည့်အတိုင်း ပြုပါလော့”ဟု ပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍နန်းတော်အုပ်၊ မြို့ဝန်၊ မြို့မိမြို့ဖ များနှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်း သူများကယေဟုထံသို့``အကျွန်ုပ်တို့သည် အရှင်၏အစေခံများဖြစ်သဖြင့် အရှင့် အမိန့်တော်ကိုလိုက်နာရန်အသင့်ရှိပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်အဘယ်သူကို မျှမင်းမြှောက်ကြလိမ့်မည်မဟုတ်ပါ။ အရှင် သင့်တော်သလိုစီမံတော်မူပါ'' ဟုပြန် စာရေး၍ပို့ကြ၏။
ထိုနောက်ဂိဒေါင်သည်သုကုတ်မြို့သားတို့ထံ သွား၍``ငါ့အားသင်တို့အကူအညီပေးရန် ငြင်းဆိုခဲ့သည်ကိုမှတ်မိကြလိမ့်မည်။ သင် တို့ကငါသည်ဇေဘဟနှင့်ဇာလမုန္နကို ဖမ်းဆီး၍မရသေးသဖြင့် ငါ၏မောပန်း နွမ်းနယ်နေသည့်တပ်သားတို့အားစားနပ် ရိက္ခာမပေးနိုင်ဟုဆိုခဲ့ကြ၏'' ဟုပြော ဆိုပြီးလျှင်၊-