အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 8:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကြည့်ရှု​လော့​။ ဤသည်ကား သူ​နှစ်သက်​သော​ခရီးလမ်း​ဖြစ်​၏​။ မြေကြီး​မှ​လည်း အခြား​အပင်​တို့ ထပ်​ပေါက်​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထိုသူဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ်၍၊ သူနေရာမြေ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ထို သူ၏ ရွှင် လန်း ရာ အ ကျိုး ဆက် ကား၊ ထို သို့ ပင် တည်း။ မြေ မှ လည်း အ ခြား သူ တို့ ပေါက် ကြ ဦး မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သူ ဝမ်း​မြောက်​ရာ​လမ်း​သည် ထို​သို့​ဖြစ်၍၊ သူ့​နေ​ရာ​မြေ၌ အ​ခြား​သူ​တို့​သည် ပေါက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 8:19
8 ပူးပေါင်းရင်းမြစ်များ  

ဆိုးယုတ်​သော​သူ​တို့​ရွှင်လန်း​ရ​သော​အချိန်​မှာ ခဏသာ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​တို့​ဝမ်းမြောက်​ရ​သော​အချိန်​သည်​လည်း တဒင်္ဂသာ ဖြစ်​သည်​ကို သင်​သိ​သည်​မ​ဟုတ်​လော​။


အကယ်စင်စစ် ဘုရားသခင်​သည် အပြစ်တင်စရာမရှိ​သော​သူ​ကို စွန့်ပယ်​မ​ထား​။ ဆိုးညစ်​သော​သူ​တို့​ကို အားပေးထောက်မ​မည်​မ​ဟုတ်​။


ကိုယ်တော်​သည် ဆင်းရဲ​သော​သူ​ကို မြေမှုန့်​ထဲမှ​ထ​စေ​၍ နွမ်းပါး​သော​သူ​ကို ပြာပုံ​ထဲမှ​ချီးမြှောက်​ကာ


တရားစီရင်​သော​အရှင်​ကား ဘုရားသခင်​ပေတည်း​။ ထို​အရှင်​သည် တစ်ဦး​ကို​နှိမ့်ချ​၍ တစ်ဦး​ကို​ချီးမြှောက်​တော်မူ​၏​။


ငါ​ထာဝရဘုရား​သည် မြင့်​သော​အပင်​ကို​နိမ့်​စေ​၍ နိမ့်​သော​အပင်​ကို​မြင့်​စေ​ကြောင်း​၊ စိမ်းလန်း​သော​အပင်​ကို​ခြောက်သွေ့​စေ​၍ ခြောက်သွေ့​သော​အပင်​ကို​ဝေဆာ​စေ​ကြောင်း ကွင်းပြင်​မှ​သစ်ပင်​ရှိသမျှ​တို့ သိ​ကြ​ရ​လိမ့်မည်​။ ငါ​ထာဝရဘုရား​သည် မိန့်ဆို​သည့်​အတိုင်း​ပြု​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု မိန့်ဆို​၏​။


‘ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်’​ဟူ၍ သင်​တို့​စိတ်​ထဲ၌​ပြောဆို​ရန်​ပင် မ​စဉ်းစား​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက်​သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ ပေါ်ထွန်း​စေ​နိုင်​သည်။


ဆင်းရဲသား​ကို မြေမှုန့်​ထဲမှ ဆွဲထူ​၍ နွမ်းပါး​သူ​ကို ပြာပုံ​ထဲမှ​ချီမ​တော်မူ​ပြီး မင်းသား​တို့​နှင့်အတူ​ထိုင်​စေ​တော်မူ​၏​။ ဘုန်းကြီး​သော​ပလ္လင်​ကို အမွေဆက်ခံ​စေ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​၏​အုတ်မြစ်​ကို ပိုင်​တော်မူ​၍ ကမ္ဘာလောက​ကို ထို​အုတ်မြစ်​ပေါ်တွင် ချထား​တော်မူ​၏​။