ဧသောသည် ဖခင်၏စကားကိုကြားသောအခါ အလွန်ခါးသီးစွာခံစားရလျက် ကျယ်လောင်စွာအော်ဟစ်ငိုကြွေးကာ “အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆိုလေ၏။
ယောဘဝတ္တု။ 2:12 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အဝေးမှလှမ်းကြည့်၍ ယောဘကိုမမှတ်မိသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုလည်း မိုးပေါ်ပစ်တင်ကာ ခေါင်းပေါ်သို့ကျစေကြ၏။ Common Language Bible ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။ Garrad Bible အ ဝေး က မျှော် ကြည့် ရာ၊ ယော ဘ မှန်း မ သိ သ ဖြင့်၊ အော် ဟစ် ငို ကြွေး ခြင်း၊ အ သီး အ သီး ဝတ် လုံ ဆုတ် ခြင်း၊ ဦး ခေါင်း ထက် မြေ မုန့် ကျ စေ ရန် ကောင်း ကင် သို့ မြှောက် ကြဲ ခြင်း များ ကို ပြု ကြ၏။ Judson Bible ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကိုမသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ ကျရောက်စေခြင်းငှာ၊ မိုးကောင်းကင်သို့ ပစ်တင်ကြ၏။ |
ဧသောသည် ဖခင်၏စကားကိုကြားသောအခါ အလွန်ခါးသီးစွာခံစားရလျက် ကျယ်လောင်စွာအော်ဟစ်ငိုကြွေးကာ “အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆိုလေ၏။
ယောနဒပ်၏စကားဆုံးသည်နှင့် ရှင်ဘုရင်၏သားတော်တို့သည် ရောက်လာ၍ အော်ဟစ်ငိုကြွေးကြလေ၏။ ရှင်ဘုရင်နှင့်တကွ မင်းမှုထမ်းအပေါင်းတို့သည်လည်း ပြင်းစွာငိုကြွေးကြလေ၏။
ထိုအကြောင်းကိုကြားလျှင် ငါသည် အတွင်းအင်္ကျီ၊ အပြင်ဝတ်လုံကိုဆွဲဆုတ်ပြီး ဆံပင်၊ မုတ်ဆိတ်တို့ကို ဆွဲနုတ်ကာ လက်မှိုင်ချလျက်ထိုင်နေမိ၏။
ထိုလ နှစ်ဆယ့်လေးရက်နေ့တွင် အစ္စရေးအမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ်ကိုဝတ်လျက်၊ ခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက် စုဝေးကြ၏။
ထိုအကြောင်းအရာအလုံးစုံကို မော်ဒကဲ ကြားသိသောအခါ မိမိအဝတ်တို့ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီးလျှင် ပြာ၌လူးလေ၏။ ထို့နောက် မြို့လယ်ခေါင်သို့သွားကာ ကျယ်လောင်စွာ ခါးခါးသီးသီး အော်ဟစ်ငိုကြွေးလေ၏။
ထိုအခါ ယောဘသည် ထ၍ ဝတ်လုံကိုဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်ပြီး မြေပေါ်တွင် ပျပ်ဝပ်ကိုးကွယ်လျက်
ငါ့ဆွေမျိုးသားချင်းတို့သည် ငါ့ကို စွန့်ခွာသွားကြ၏။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို မေ့သွားကြ၏။
ဇိအုန်သမီးပျို၏သက်ကြီးဝါကြီးတို့သည် လျှော်တေအဝတ်ကိုဝတ်လျက်၊ မြေကြီးပေါ်၌ တိတ်ဆိတ်စွာထိုင်လျက်၊ မိမိတို့ခေါင်းပေါ်သို့ မြေမှုန့်ကိုပစ်တင်ကြပြီ။ ဂျေရုဆလင်အပျိုကညာတို့သည် မြေကြီးသို့ ခေါင်းငိုက်စိုက်ကျလေပြီ။
သူတို့သည် သင့်အတွက် ခါးသီးစွာအော်ဟစ်ငိုကြွေးကြလေပြီ။ မြေမှုန့်ကို ခေါင်းပေါ်ပစ်တင်ကြလေပြီ။ ပြာ၌ လူးကြလေပြီ။
ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။
သူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်သို့ပစ်တင်၍ ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြကာ ‘မိမိ၏အဖိုးတန်ပစ္စည်းများကြောင့် ပင်လယ်ထဲရှိသင်္ဘောများကို ပိုင်ဆိုင်သူရှိသမျှတို့အား ချမ်းသာစေခဲ့သည့် ကြီးမားသောမြို့၊ သင်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ လုံးလုံးဖျက်ဆီးခြင်းခံရသည်ဖြစ်၍ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား’ဟု အော်ဟစ်ပြောဆိုကြ၏။
ထိုသို့ ထာဝရဘုရား၏ကောင်းကင်တမန် မိန့်ဆိုသောအခါ အစ္စရေးအမျိုးသားအပေါင်းတို့ အော်ဟစ်ငိုကြွေးကြလေ၏။
တမန်တို့သည် ရှောလုရှိရာဂိဗာမြို့သို့ရောက်လာ၍ ထိုသတင်းကို လူတို့ကြားသိအောင်ပြောကြားသောအခါ လူအပေါင်းတို့သည် အော်ဟစ်ငိုကြွေးကြလေ၏။
ဒါဝိဒ်နှင့်သူ့လူတို့သည် ငိုကြွေးဖို့ အားမရှိတော့လောက်အောင်ပင် အသံကုန်ငိုကြွေးကြလေ၏။
ထိုနေ့တွင်ပင် ဗင်္ယာမိန်အမျိုးသားတစ်ဦးသည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်တွင်မြေမှုန့်ကို တင်လျက် စစ်မြေပြင်မှ ရှိလောမြို့သို့ အပြေးအလွှားရောက်လာ၏။