Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 13:36 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ယောနဒပ်​၏​စကား​ဆုံး​သည်​နှင့် ရှင်ဘုရင်​၏​သား​တော်​တို့​သည် ရောက်လာ​၍ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။ ရှင်ဘုရင်​နှင့်တကွ မင်းမှုထမ်း​အပေါင်း​တို့​သည်​လည်း ပြင်းစွာ​ငိုကြွေး​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 သူ​၏​စ​ကား​ဆုံး​သည်​နှင့်​တစ်​ပြိုင်​နက်​ဒါ​ဝိဒ် ၏​သား​တော်​တို့​သည်​ရောက်​ရှိ​လာ​ကြ​၏။ သူ တို့​သည်​စ​တင်​ငို​ကြွေး​ကြ​သ​ဖြင့်​ဒါ​ဝိဒ် နှင့်​မှူး​မတ်​တို့​သည်​လည်း​ပြင်း​စွာ​ငို​ကြွေး ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 တင် လျှောက် ဆဲ တွင် မင်း သား တို့ ရောက် လာ၍ အော် ဟစ် ငို ကြွေး ကြ၏။ ဘု ရင် မင်း နှင့် မှူး မတ် အ ပေါင်း တို့ လည်း သည်း စွာ ငို ကြွေး ကြ ကုန် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ရှင်​ဘု​ရင်၏​သား​တော်​တို့​သည်​ရောက်​လာ၍ အ​သံ​ကို​လွှင့်​လျက် ငို​ကြွေး​ကြ၏။ ရှင်​ဘု​ရင်​နှင့် ကျွန်​တော်​အ​ပေါင်း​တို့​သည် ပြင်း​စွာ​ငို​ကြွေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 13:36
5 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူ​၏​အမှုထမ်း​တို့​က သူ့​အား “​မင်းကြီး​သည် သူငယ်​အသက်ရှင်​သေး​စဉ်က အစာရှောင်​လျက်​၊ ငိုကြွေး​လျက်​နေ​၏​။ သူငယ်​ဆုံး​သွား​သောအခါ​မူကား ထ​၍​စားသောက်​၏​။ မင်းကြီး ဤသို့ ပြု​သည်​မှာ အဘယ်​အကြောင်း​ကြောင့်​နည်း​”​ဟု မေးလျှောက်​ကြ​၏​။


ထို့နောက် အာမနုန်​သည် သူ့​ကို အမုန်းကြီး​မုန်း​သွား​ပြန်​၏​။ ယခင်​ချစ်​သော​စိတ်​ထက် မုန်း​သော​စိတ်​ပို၍​ကြီး​သဖြင့် အာမနုန်​က သူ့​အား “​ထ​လော့​၊ ထွက်သွား​လော့​”​ဟု ဆို​၏​။


ယောနဒပ်​က ရှင်ဘုရင်​အား “​ကြည့်​ပါ​။ ရှင်ဘုရင်​၏​သား​တော်​တို့ ပြန်လာ​ကြ​ပါ​ပြီ​။ ကျွန်တော်မျိုး​၏​စကား မှန်​သည် မ​ဟုတ်​လော​”​ဟု ဆို​၏​။


အဗရှလုံ​သည် ထွက်ပြေး​၍ ဂေရှုရ​ဘုရင်​အမိဟုဒ်​မင်းကြီး​၏​သား​တော် တာလမဲ​ထံသို့ ရောက်သွား​၏​။ ဒါဝိဒ်​မင်းကြီး​မူကား သား​တော်​ကြောင့် နေ့စဉ်​နှင့်အမျှ ငိုကြွေးမြည်တမ်း​ရ​လေ​၏​။


ထိုအခါ ရှင်ဘုရင်​သည် တုန်လှုပ်​လျက်​၊ မြို့​တံခါး​အထက်ခန်း​သို့ တက်သွား​ပြီးလျှင် လမ်းလျှောက်​ရင်း ငိုကြွေး​လျက် “​အို ငါ့​သား​၊ ငါ့​သား အဗရှလုံ​၊ ငါ့​သား အဗရှလုံ​၊ အဘယ်ကြောင့် သင့်​အစား ငါ​မ​သေ​ရ​သနည်း​။ အို ငါ့​သား​၊ ငါ့​သား အဗရှလုံ​”​ဟု မြည်တမ်း​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ