အလင်းမရှိသောမှောင်မိုက်ထဲ၌ စမ်းတဝါးဝါးသွားလာစေ၍ အရက်မူးသောသူကဲ့သို့ ဒယီးဒယိုင်ဖြစ်စေတော်မူ၏။
ယောဘဝတ္တု။ 18:6 - မြန်မာ့စံမီသမ္မာကျမ်း သူ၏တဲရှိအလင်းသည် မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဘေးရှိမီးခွက်သည်လည်း ငြိမ်းသွားလိမ့်မည်။ Common Language Bible သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့် မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။ Garrad Bible သူ့ တဲ တွင် အ လင်း မိုက်၍၊ အ ပေါ် ရှိ မီး အိမ် လည်း ငြိမ်း လိမ့် မည်။ Judson Bible သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။ |
အလင်းမရှိသောမှောင်မိုက်ထဲ၌ စမ်းတဝါးဝါးသွားလာစေ၍ အရက်မူးသောသူကဲ့သို့ ဒယီးဒယိုင်ဖြစ်စေတော်မူ၏။
သူသည် ချမ်းသာမည်မဟုတ်။ သူ့ဥစ္စာပစ္စည်းလည်း တည်မြဲမည်မဟုတ်။ မြေကြီးပေါ်တွင် သူပိုင်ဆိုင်သောအရာလည်း တိုးပွားမည်မဟုတ်။
သူခိုလှုံရာတဲထဲမှ သူ့ကိုဆွဲထုတ်ပြီး ထိတ်လန့်ခြင်းဘုရင်ထံသို့ သူ့ကိုခေါ်ဆောင်သွားမည်။
လူဆိုးတို့၏မီးခွက်သည် ဘယ်နှကြိမ် ငြိမ်းဖူးသနည်း။ သူတို့သည် ဘယ်နှကြိမ် ဒုက္ခရောက်ဖူးသနည်း။ ဘုရားသခင်၏အမျက်တော်ဒဏ်ကို ဘယ်နှကြိမ် ခံရဖူးသနည်း။
ထိုစဉ်က ကိုယ်တော်၏မီးခွက်သည် ငါ့ဦးခေါင်းထက်တွင် မီးခွက်သဖွယ် ထွန်းလင်းတော်မူသဖြင့် ထိုအလင်းဖြင့် မှောင်မိုက်ထဲတွင် ငါသွားလာရ၏။
ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
ဆိုးယုတ်သောသူတို့၏မီးခွက်တည်းဟူသော ထောင်လွှားသောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးတို့သည် အပြစ်ဖြစ်၏။
အကြောင်းမူကား ဆိုးညစ်သောသူတို့အတွက် အနာဂတ်မရှိ။ ဆိုးယုတ်သောသူတို့၏မီးခွက်သည် ငြိမ်းသွားလိမ့်မည်။
ဆိုးယုတ်သောသူတို့၏လမ်းသည် မှောင်မိုက်ကဲ့သို့ဖြစ်၍ သူတို့သည် မည်သည့်အရာနှင့်ခလုတ်တိုက်မိသည်ကို မသိကြ။
သင့်ဘဝကို နိဂုံးချုပ်စေသောအချိန်တွင် မိုးကောင်းကင်ကို ဖုံးထားမည်။ ကြယ်တို့ကိုလည်း အမှောင်ကျစေမည်။ နေကို တိမ်ဖြင့်ကာထားမည်။ လသည် အလင်းရောင်ကို ပေးမည်မဟုတ်။
ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။