သူသည် အမှောင်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။ မီးလျှံသည် သူ့အညွန့်တို့ကို ခြောက်သွေ့စေလိမ့်မည်။ နှုတ်တော်မှထွက်သက်လေတစ်ချက်တည်းဖြင့် သူသည် ကွယ်ပျောက်သွားရလိမ့်မည်။
ယောဘဝတ္တု။ 18:5 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် လူဆိုးတို့၏မီးအိမ်သည် ငြိမ်းသွားလိမ့်မည်။ သူ၏မီးလျှံသည်လည်း လင်းထိန်နေမည်မဟုတ်။ Common Language Bible အကယ်စင်စစ်ဆိုးသောသူ၏ အလင်းသည် ကွယ်လိမ့်မည်။ သူ၏မီးလျှံမတောက်ရ။ Garrad Bible အ ကယ် စင် စစ်၊ လူ ဆိုး၏ အ လင်း ပျောက်၍၊ မီး လျှံ လည်း တောက် လောင် တော့ မည် မ ဟုတ်။ Judson Bible အကယ်စင်စစ် ဆိုးသောသူ၏အလင်းသည် ကွယ်လိမ့်မည်။ သူ၏မီးလျှံ မတောက်ရ။ |
သူသည် အမှောင်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။ မီးလျှံသည် သူ့အညွန့်တို့ကို ခြောက်သွေ့စေလိမ့်မည်။ နှုတ်တော်မှထွက်သက်လေတစ်ချက်တည်းဖြင့် သူသည် ကွယ်ပျောက်သွားရလိမ့်မည်။
သင်အမျက်ထွက်၍ သင့်ကိုယ်သင် ဆွဲဆုတ်ပစ်လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်းသွားရမည်လော။ ကျောက်ဆောင်လည်း နေရာမှရွေ့ပေးရမည်လော။
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
လူဆိုးတို့၏မီးခွက်သည် ဘယ်နှကြိမ် ငြိမ်းဖူးသနည်း။ သူတို့သည် ဘယ်နှကြိမ် ဒုက္ခရောက်ဖူးသနည်း။ ဘုရားသခင်၏အမျက်တော်ဒဏ်ကို ဘယ်နှကြိမ် ခံရဖူးသနည်း။
ဖြောင့်မတ်သောသူတို့၏အလင်းသည် ထွန်းလင်းတောက်ပလိမ့်မည်။ ဆိုးယုတ်သောသူတို့၏မီးခွက်မူကား ငြိမ်းလိမ့်မည်။
မိမိ၏မိခင်နှင့်ဖခင်တို့ကို ကျိန်ဆဲသောသူ၏မီးခွက်သည် မှောင်မည်းသောအမှောင်ထဲတွင် ငြိမ်းသွားလိမ့်မည်။
ဆိုးယုတ်သောသူတို့၏မီးခွက်တည်းဟူသော ထောင်လွှားသောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးတို့သည် အပြစ်ဖြစ်၏။
အကြောင်းမူကား ဆိုးညစ်သောသူတို့အတွက် အနာဂတ်မရှိ။ ဆိုးယုတ်သောသူတို့၏မီးခွက်သည် ငြိမ်းသွားလိမ့်မည်။
ဆိုးယုတ်သောသူတို့၏လမ်းသည် မှောင်မိုက်ကဲ့သို့ဖြစ်၍ သူတို့သည် မည်သည့်အရာနှင့်ခလုတ်တိုက်မိသည်ကို မသိကြ။
မီးမွှေးသောသူအပေါင်းတို့၊ မီးတုတ် အသင့်ပြင်ထားသောသူအပေါင်းတို့၊ သင်တို့၏မီး၊ သင်တို့မီးစွဲစေသောမီးတုတ်၏အလင်းထဲ၌ သွားလာကြလော့။ ငါ့လက်မှသင်တို့ရရှိမည့်အကျိုးကား သင်တို့သည် ဆင်းရဲခြင်းဝေဒနာထဲ၌ အိပ်ရလိမ့်မည်။
ဆိုးယုတ်သောသူတို့သည် မငြိမ်မသက်လှိုင်းထနေသောပင်လယ်နှင့်တူ၏။ ပင်လယ်ရေသည် ရွှံ့နှင့်အမှိုက်တို့ကို ထကြွလှုပ်ရှားစေတတ်၏။
သင့်ဘဝကို နိဂုံးချုပ်စေသောအချိန်တွင် မိုးကောင်းကင်ကို ဖုံးထားမည်။ ကြယ်တို့ကိုလည်း အမှောင်ကျစေမည်။ နေကို တိမ်ဖြင့်ကာထားမည်။ လသည် အလင်းရောင်ကို ပေးမည်မဟုတ်။