ကိုယ်တော်သည် သူ့အား ကောင်းချီးမင်္ဂလာများကို ထာဝစဉ်ချပေး၍ ရှေ့တော်မှဝမ်းမြောက်ခြင်းဖြင့် သူ့ကိုဝမ်းသာအားရဖြစ်စေတော်မူ၏။
ယုဒ 1:24 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော Common Language Bible သင်တို့မပြိုမလဲကြစေရန် စောင့်ရှောက်တော် မူနိုင်၍၊ သင်တို့အားအပြစ်ကင်းစင်စေလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုန်းအသရေထွန်း တောက်ရာရှေ့တော်မှောက်သို့ ဝင်ရောက်ခွင့်ကို ပေးတော်မူနိုင်သော၊- Garrad Bible သင် တို့ ကို မ လဲ မ ပြို စေ ရန် ကွယ် ကာ လျက် အ ပြစ် အ နာ မ ရှိ ဘဲ ရွှင် လန်း သော စိတ် နှင့် ဘုန်း တော် ရှေ့ ဆက် သ နိုင် တော် မူ ထ သော၊ Judson Bible ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာလည်းကောင်း တတ်နိုင်တော်မူသော သူတည်းဟူသော၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့် |
ကိုယ်တော်သည် သူ့အား ကောင်းချီးမင်္ဂလာများကို ထာဝစဉ်ချပေး၍ ရှေ့တော်မှဝမ်းမြောက်ခြင်းဖြင့် သူ့ကိုဝမ်းသာအားရဖြစ်စေတော်မူ၏။
ထိုအခါ အကျွန်ုပ်သည် ဘုရားသခင်၏ယဇ်ပလ္လင်တော်သို့လည်းကောင်း၊ အကျွန်ုပ်၏ဝမ်းမြောက်ရွှင်လန်းခြင်းဖြစ်တော်မူသော ဘုရားထံသို့လည်းကောင်း သွားပါမည်။ အို ဘုရားသခင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် စောင်းတီး၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။
စင်ကြယ်သည်ဟုကြေညာပေးမည့်ယဇ်ပုရောဟိတ်သည် ထိုအရာတို့ကို စင်ကြယ်စေခြင်းခံသောသူနှင့်အတူ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၌ ထားရမည်။
အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား အလုံးစုံတို့ကိုအသစ်ပြုပြင်သောကာလ၌ လူ့သားသည် မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောပလ္လင်ပေါ်တွင်ထိုင်သောအခါ ငါ့နောက်သို့လိုက်သောသင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုကို တရားစီရင်ရကြလိမ့်မည်။
လူ့သားသည် မိမိ၏ဘုန်းအသရေကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာသောအခါ ဘုန်းအသရေနှင့်ပြည့်စုံသော မိမိ၏ပလ္လင်ပေါ်၌ ထိုင်တော်မူလိမ့်မည်။
ဝမ်းမြောက်ရွှင်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့သည် သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းတူညှဉ်းဆဲခဲ့ကြ၏။
မည်သူမဆို ငါနှင့်ငါ့တရားစကားအတွက်ရှက်လျှင် လူ့သားသည်လည်း မိမိ၏ဘုန်းအသရေ၊ ခမည်းတော်၏ဘုန်းအသရေနှင့် သန့်ရှင်းသောကောင်းကင်တမန်များ၏ဘုန်းအသရေတို့ကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်။
သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏အစေခံကို စီရင်သနည်း။ ထိုသူရပ်သည်ဖြစ်စေ၊ လဲသည်ဖြစ်စေ သူ့သခင်နှင့်ဆိုင်၏။ သို့ရာတွင် သူသည်ရပ်လိမ့်မည်။ အကြောင်းမူကား သခင်ဘုရားသည် သူ့ကိုရပ်စေနိုင်တော်မူ၏။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
ဤသို့ဆိုရခြင်းမှာ ငါသည် ဘုရားသခင်၏သဝန်တိုစိတ်မျိုးဖြင့် သင်တို့ကို သဝန်တို၏။ အကြောင်းမူကား ငါသည် သင်တို့ကို ဖြူစင်သန့်ရှင်းသောအပျိုကညာအဖြစ် ခရစ်တော်အားဆက်သလျက် ထိုတစ်ဦးတည်းသောခင်ပွန်းနှင့်စေ့စပ်ကြောင်းလမ်းထားပြီဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကို ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေရှုနှင့်အတူထမြောက်စေ၍ သင်တို့နှင့်အတူ ရှေ့တော်သို့ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ၏။
အကြောင်းမူကား ငါတို့ခေတ္တခံရသော ပေါ့ပါးသည့်ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ထူးမြတ်၍လေးနက်သော ထာဝရဘုန်းအသရေကို ငါတို့အတွက်ဖြစ်စေ၏။
ငါတို့ထဲ၌ သက်ဝင်လှုပ်ရှားနေသောတန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက်သောအရာ၊ သို့မဟုတ် ဆင်ခြင်သောအရာအားလုံးတို့ထက် သာလွန်ထူးခြားစွာပြုနိုင်သောအရှင်၌
အစွန်းအထင်း၊ အတွန့်အရှုံ့မှစ၍ ထိုသို့သောအရာတစ်စုံတစ်ခုမျှမရှိဘဲ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသည့် ဂုဏ်သရေရှိသောအသင်းတော်ကို မိမိအားဆက်သနိုင်ရန်အတွက်ဖြစ်၏။
ယခုမူကား သွေးသားနှင့်ဆိုင်သောကိုယ်ခန္ဓာ၌ သားတော်ကိုအသေခံစေခြင်းအားဖြင့် ဘုရားသခင်သည် သင်တို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူ၏။ ဤသည်ကား သန့်ရှင်းလျက်အပြစ်အနာအဆာကင်း၍ အပြစ်တင်စရာမရှိသောသင်တို့ကို မိမိ၏ရှေ့တော်သို့ ဆက်သနိုင်ရန်ဖြစ်၏။
ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
သင်တို့၏အသက်ဖြစ်သောခရစ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းအသရေ၌ထင်ရှားကြလိမ့်မည်။
သခင်ဘုရားသည် မကောင်းသောအမှုအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၍ အထက်ကောင်းကင်အရပ်၌ရှိသော မိမိ၏နိုင်ငံတော်ထဲသို့ လုံခြုံစွာပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကိုစောင့်ထိန်းသော်လည်း တစ်ပါးကိုမှားလျှင် ပညတ်တရားအလုံးစုံကို ကျူးလွန်ရာရောက်၏။
ခရစ်တော်၏ဒုက္ခဝေဒနာများ၌ ပါဝင်ရသည့်အတွက် ဝမ်းမြောက်ကြလော့။ ဤသည်ကား ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှားသောအချိန်၌ သင်တို့သည် ဝမ်းမြောက်ရွှင်မြူးကြမည့်အကြောင်းတည်း။
ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်ယူတော်မူခြင်းနှင့်ရွေးကောက်တော်မူခြင်းကို တည်မြဲစေရန် သာ၍ကြိုးစားကြလော့။ အကြောင်းမူကား ထိုသို့ပြုနေသရွေ့ သင်တို့သည် မည်သည့်အခါမျှ မှားယွင်းကြမည်မဟုတ်။
ဘုရားသခင်၏မေတ္တာတော်၌ မိမိကိုယ်ကိုစောင့်ထိန်း၍ ထာဝရအသက်သို့ပို့ဆောင်သည့် ငါတို့သခင်ယေရှုခရစ်တော်၏ကရုဏာတော်ကို စောင့်မျှော်ကြလော့။
သူတို့၏နှုတ်၌ မုသားမရှိ။ သူတို့သည် အပြစ်အနာအဆာကင်းသောသူများဖြစ်ကြ၏။