အို ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ သီချင်းအသစ်ကို သီကျူးပါမည်။ ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
ဗျာဒိတ် 5:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး Common Language Bible ``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။ Judson Bible ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။ |
အို ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ သီချင်းအသစ်ကို သီကျူးပါမည်။ ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
ဟာလေလုယ။ ထာဝရဘုရားထံသို့ သီချင်းအသစ်ကို သီဆိုကြလော့။ သန့်ရှင်းသူတို့၏အစုအဝေး၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
ကိုယ်တော်ထံသို့ သီချင်းအသစ်ကိုသီကျူးကြလော့။ ဝမ်းမြောက်စွာကြွေးကြော်သောအသံနှင့်တကွ ကျွမ်းကျင်စွာတီးခတ်ကြလော့။
အကျွန်ုပ်တို့၏ဘုရားသခင်ကို ချီးမွမ်းရာသီချင်းအသစ်ကိုလည်း အကျွန်ုပ်၏နှုတ်၌ သွင်းပေးတော်မူ၏။ များစွာသောလူတို့သည် မြင်၍ကြောက်ရွံ့လျက် ထာဝရဘုရားကို ယုံကြည်ကိုးစားကြလိမ့်မည်။
ထာဝရဘုရားထံသို့ သီချင်းအသစ်ကိုသီကျူးကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံသို့ သီကျူးကြလော့။
ထာဝရဘုရားထံသို့ သီချင်းအသစ်ကို သီကျူးကြလော့။ အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူပြီ။ ကိုယ်တော်၏လက်ယာလက်တော်နှင့် ကိုယ်တော်၏သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော့်အဖို့ ကယ်တင်ခြင်းအမှုကို ပြုတော်မူပြီ။
ပင်လယ်တွင်သွားလာသောသူတို့မှစ၍ ပင်လယ်ထဲရှိရှိသမျှ၊ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ထိုအရပ်တို့၌နေထိုင်သောသူရှိရှိသမျှတို့၊ ထာဝရဘုရားအား အသစ်သောသီချင်းကိုသီဆိုကြလော့။ မြေကြီးစွန်းမှ ချီးမွမ်းကြလော့။
သံတော်ဆင့်တစ်ဦးက “အို နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုကြသောလူမျိုးအပေါင်းတို့၊ သင်တို့အတွက် အမိန့်တော်ရှိ၏။
နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော ကမ္ဘာအရပ်ရပ်ရှိလူမျိုးအပေါင်းတို့ထံသို့ ငါနေဗုခဒ်နေဇာမင်းကြီး ပြောကြားလိုက်ပါ၏။ သင်တို့ ကြီးပွားတိုးတက်ကြပါစေသော။
ထိုသို့ ဘုန်းတန်ခိုးကို ပေးတော်မူသောကြောင့် နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ၏ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်ကြရပါ၏။ သူသည် သတ်လိုသောသူကို သတ်၍ အသက်ချမ်းသာပေးလိုသောသူကို ပေးပါ၏။ ချီးမြှောက်လိုသောသူကို ချီးမြှောက်၍ နှိမ့်ချလိုသောသူကို နှိမ့်ချပါ၏။
ထို့နောက် ဒါရိမင်းကြီးသည် မြေတစ်ပြင်လုံးရှိနိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအပေါင်းတို့ထံသို့ စာရေးလိုက်၏။ ထိုစာတွင် “သင်တို့၌ ငြိမ်ဝပ်ချမ်းသာ တိုးပွားပါစေသော။
ဤသည်ကား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။
သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ဂရုစိုက်ကြလော့။ ကိုယ်တော်၏သွေးတော်နှင့်ဝယ်ယူထားသော ဘုရားသခင်၏အသင်းတော်ကို သင်တို့အုပ်ထိန်းစေရန် ထိုသိုးစုကိုကြီးကြပ်သူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုခန့်အပ်ထားတော်မူ၏။
သင်တို့ကို အဖိုးအခပေး၍ ဝယ်ယူထားတော်မူ၏။ ထို့ကြောင့် သင်တို့၏ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေကြလော့။
ဘုရားသခင်၏ကျေးဇူးတော်ကြွယ်ဝတော်မူသည်နှင့်အညီ ငါတို့သည် သားတော်၏သွေးတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော ကျူးလွန်သည့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ထိုသားတော်အားဖြင့်ရရှိကြ၏။
ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို အချင်းချင်းမြွက်ဆိုလျက် သခင်ဘုရားထံသို့ သင်တို့၏စိတ်နှလုံးထဲမှ သီဆိုကျူးဧကြလော့။
ငါတို့သည် ထိုသားတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ရရှိကြ၏။
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့နေရင်းပြည်ကို ကြိုးစားရှာဖွေနေကြောင်း ထင်ရှားစေကြ၏။
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
ထိုအရှင်သည် ငါတို့အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာဖြစ်တော်မူ၏။ ငါတို့အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း ဖြစ်တော်မူ၏။
ထိုအခါ “သင်သည် များစွာသောလူမျိုး၊ တိုင်းနိုင်ငံ၊ ဘာသာစကား၊ ရှင်ဘုရင်များနှင့်ပတ်သက်၍ ထပ်မံ ပရောဖက်ပြုဟောပြောရမည်”ဟူသောအမိန့်ကို ငါခံရ၏။
ထိုအခါ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှ လူတို့သည် သူတို့၏အလောင်းများကို သုံးရက်ခွဲတိုင်တိုင်ကြည့်ရှုကြပြီး ထိုအလောင်းများကို သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ခွင့်မပေးဘဲနေကြလိမ့်မည်။
သူသည် သန့်ရှင်းသူတို့ကိုစစ်တိုက်၍ အောင်နိုင်သောအခွင့်ကိုရရှိပြီး မျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှလူတို့အား အုပ်စိုးရသောအခွင့်ကိုလည်းရရှိ၏။
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်၌ပျံသန်းနေသည်ကို ငါမြင်ရ၏။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြသူများတည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးတို့အား ဟောပြောရန် ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကိုယူဆောင်လာ၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။
ထို့နောက် ထိုကောင်းကင်တမန်က “သင်မြင်ရသော ပြည့်တန်ဆာထိုင်နေသည့်ရေများသည် တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးများနှင့် လူထုပရိသတ်များဖြစ်ကြ၏။
“အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသဖြင့် ထိုအရာတို့သည် ကိုယ်တော်၏အလိုတော်အားဖြင့်ဖြစ်တည်၍ ဖန်ဆင်းခြင်းခံရပြီဖြစ်သောကြောင့် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်နှင့် တန်ခိုးတော်တို့ကို ခံယူထိုက်တော်မူ၏”ဟု ဆိုကြ၏။
သူတို့သည် ကျယ်လောင်သောအသံဖြင့် “အသေသတ်ခြင်းခံရသောသိုးသငယ်တော်သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် ကောင်းချီးမင်္ဂလာတို့ကိုခံယူထိုက်သောအရှင်ဖြစ်ပါ၏”ဟု ကြွေးကြော်ကြ၏။
ထို့နောက် အသေသတ်ခြင်းခံခဲ့ရပုံပေါ်သော သိုးသငယ်တော်သည် ပလ္လင်တော်နှင့်သတ္တဝါလေးပါးတို့၏အကြား၊ သက်ကြီးဝါကြီးတို့၏အလယ်၌ ရပ်လျက်နေသည်ကို ငါမြင်ရ၏။ ထိုသိုးသငယ်တော်၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိ၏။ ထိုမျက်စိတို့သည် မြေကြီးတစ်ပြင်လုံးသို့စေလွှတ်ခြင်းခံရသော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်ကြ၏။