Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 98:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို သီကျူး​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​ပြီ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​နှင့် ကိုယ်တော်​၏​သန့်ရှင်း​သော​လက်ရုံး​တော်​သည် ကိုယ်တော့်​အဖို့ ကယ်တင်​ခြင်း​အမှု​ကို ပြု​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထာ​ဝ​ရ​ဘု​ရား​အား​သီ​ချင်း​သစ်​ကို​ဆို​၍ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည်​အံ့​သြ​ဖွယ်​ရာ​အ​မှု​တော်​တို့​ကို ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​တန်​ခိုး​တော်​ဖြင့် လည်း​ကောင်း၊ ခွန်​အား​စွမ်း​ရည်​တော်​ဖြင့်​လည်း​ကောင်း အောင်​ပွဲ​ကို​ရ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထာ ဝ ရ ဘု ရား ထံ သီ ချင်း သစ် ကို ဆို ကြ လော့။ ကိုယ် တော် သည် အံ့ ဖွယ် ရာ အ မှု တော် များ ကို ပြု လျက်၊ ညာ လက် တော်၊ သန့် ရှင်း သော လက် ရုံး တော် ဖြင့်၊ ကယ် တင် တော် မူ ခြင်း ကို စီ ရင် တော် မူ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ လက်​ယာ​လက်​တော်​နှင့် သန့်​ရှင်း​သော လက်​ရုံး​တော်​သည် ကိုယ်​တော်​အ​ဖို့ ကယ်​တင်​ခြင်း​အ​မှု​ကို​ပြု​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 98:1
39 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင်​နှင့်​မိန်းမ​ကို​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကို​လည်းကောင်း ရန်ငြိုး​ဖွဲ့​စေ​မည်​။ သူ​သည် သင်​၏​ခေါင်း​ကို​ကြိတ်​လိမ့်မည်​။ သင်​သည်​လည်း သူ​၏​ဖနောင့်​ကို​ကြိတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​ဘုရားသခင်​၏​လက်ရုံး​မျိုး သင်​၌​ရှိ​သလော​။ မိုးချုန်းသံ​ကဲ့သို့သော​အသံ​မျိုး သင်​၌​ရှိ​သလော​။


ကိုယ်တော်​၏​အစေအပါး အာဗြဟံ​၏​အမျိုးအနွယ်​၊ ကိုယ်တော်​ရွေးကောက်​တော်မူ​သော ယာကုပ်​၏​သားသမီး​တို့​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း​၊ ပြု​တော်မူ​သော​တန်ခိုးလက္ခဏာ​များ​နှင့် နှုတ်​တော်​ထွက်​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်းကောင်း အောက်မေ့​ကြ​လော့​။


ကြီးမား​၍​အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ ပြု​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။


အကျွန်ုပ်​ကို ကြောက်ရွံ့​အံ့ဩဖွယ်​ကောင်း​သော လက္ခဏာ​တို့​ဖြင့် ဖန်ဆင်း​တော်မူ​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩဖွယ်​ဖြစ်ကြောင်း​ကို အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကောင်း​စွာ​သိ​ပါ​၏​။


ဟာလေလုယ​။ ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို သီဆို​ကြ​လော့​။ သန့်ရှင်း​သူ​တို့​၏​အစုအဝေး​၌ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို​ချီးမွမ်း​ကြ​လော့​။


ကိုယ်တော်​ထံသို့ သီချင်း​အသစ်​ကို​သီကျူး​ကြ​လော့​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​သော​အသံ​နှင့်တကွ ကျွမ်းကျင်​စွာ​တီးခတ်​ကြ​လော့​။


အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ​ပြု​တော်မူ​သော အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင် ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။


ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​တို့​ကို ပြု​တော်မူ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကို လူမျိုး​တကာ​တို့​အား သိမြင်​စေ​တော်မူ​ပြီ​။


အကြောင်းမူကား ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​၏​။ ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ဘုရားသခင်​ဖြစ်​တော်မူ​၏​။


ဖြောင့်မတ်​ခြင်း​နှင့်​တရားမျှတ​ခြင်း​သည် ပလ္လင်​တော်​၏​အခြေတည်​ရာ​ဖြစ်​ပါ​၏​။ မေတ္တာကရုဏာ​နှင့်​သမ္မာတရား​သည် ကိုယ်တော်​၏​ရှေ့​တော်​မှ​သွား​ကြ​ပါ​၏​။


ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို​သီကျူး​ကြ​လော့​။ မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ သီကျူး​ကြ​လော့​။


ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို တိုင်းနိုင်ငံ​တို့​အလယ်​၌​လည်းကောင်း​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို လူမျိုး​အပေါင်း​တို့​အလယ်​၌​လည်းကောင်း ပြောကြား​ကြ​လော့​။


အို ထာဝရဘုရား​၊ ဘုရား​တို့​တွင် အဘယ်မည်သော​ဘုရား​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။ သန့်ရှင်း​ခြင်း​ကြောင့် ဘုန်းကြီး​တော်မူ​သော​၊ ဘုန်းအသရေ​ကြောင့် ကြောက်ရွံ့ဖွယ်​ဖြစ်​တော်မူ​သော​၊ အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​သော ကိုယ်တော်​နှင့် အဘယ်သူ​တူ​ပါ​သနည်း​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် တန်ခိုး​တော်​ဖြင့် ဘုန်းကြီး​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ရန်သူ​ကို ချိုးဖဲ့ခြေမွှ​တော်မူ​၏​။


ထာဝရဘုရား​ကို သီဆိုချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​၏​။ ဤ​အမှု​ကို မြေကြီး​တစ်ပြင်လုံး သိ​စေ​ကြ​လော့​။


ပင်လယ်​တွင်​သွားလာ​သော​သူ​တို့​မှစ၍ ပင်လယ်​ထဲရှိ​ရှိသမျှ​၊ ပင်လယ်​ကမ်းရိုးတန်းဒေသ​များ​နှင့် ထို​အရပ်​တို့​၌​နေထိုင်​သော​သူ​ရှိရှိသမျှ​တို့​၊ ထာဝရဘုရား​အား အသစ်​သော​သီချင်း​ကို​သီဆို​ကြ​လော့​။ မြေကြီး​စွန်း​မှ ချီးမွမ်း​ကြ​လော့​။


ထာဝရဘုရား​သည် လူမျိုး​တကာ​တို့​၏​မျက်မှောက်​၌ မိမိ​၏​သန့်ရှင်း​သော​လက်ရုံး​တော်​ကို​ပြ​တော်မူ​သဖြင့် မြေကြီး​စွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်​။


ကိုယ်တော်​သည် ကြားဝင်စေ့စပ်​သော​သူ​တစ်ဦးတစ်ယောက်​မျှ​မ​ရှိ​ကြောင်း​ကို မြင်​၍ အံ့ဩ​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​လက်ရုံး​တော်​သည် ကယ်တင်​ခြင်း​အမှု​ကို​ပြု​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် ကိုယ်တော့်​ကို​ထောက်မ​ပေး​၏​။


ငါ​ကြည့်လိုက်​သော် ကူညီမစ​မည့်​သူ​မ​ရှိ​။ ထောက်မ​မည့်​သူ​လည်း​မ​ရှိ​သည်​ကို ငါ​အံ့ဩ​၏​။ ထို့ကြောင့် ငါ့​လက်ရုံး​သည် ကယ်တင်​ခြင်း​အမှု​ကို​ပြု​ပြီ​။ ငါ့​အမျက်ဒေါသ​သည် ငါ့​ကို​ထောက်မ​ပြီ​။


အို ဖောက်ပြန်​သော​သမီးပျို​၊ မည်သည့်​အချိန်​အထိ လှည့်လည်​နေ​မည်နည်း​။ ထာဝရဘုရား​သည် မြေကြီး​ပေါ်တွင် အသစ်သောအရာ​ကို ဖန်ဆင်း​တော်မူ​ပြီ​။ မိန်းမ​သည် ယောက်ျား​ကို ဝိုင်းရံ​လိမ့်မည်​။


အဘယ်ကြောင့်​ဆိုသော် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​သည် ကြီးမား​သော​အမှု​တို့​ကို ငါ့​အတွက်​ပြု​တော်မူ​ပြီ။ ကိုယ်တော်​၏​နာမ​တော်​သည် သန့်ရှင်း​တော်မူ​၏။


သင်​တို့​သည် ငါ့​အားဖြင့် ငြိမ်သက်​ခြင်း​ရှိ​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ဟောပြော​ပြီ။ သင်​တို့​သည် ဤ​လောက​၌ ဆင်းရဲ​ဒုက္ခ​နှင့်​ကြုံတွေ့​ရ​ကြ​လိမ့်မည်။ သို့သော် မစိုးရိမ်​ကြ​နှင့်။ ငါ​သည် ဤ​လောက​ကို​အောင်နိုင်​ပြီ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ဤသို့ဖြင့် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် တန်ခိုး​အရှိန်အဝါ​ဖြင့်​ကြီးထွား​လျက် ဩဇာလွှမ်း​လေ​၏။


ကရေတေ​ကျွန်းသား​များ၊ အာရပ်​ပြည်သား​များ​လည်း​ရှိ​ကြ​၏။ သို့ဖြစ်လျက်နှင့် ဤ​သူ​တို့​သည် ဘုရားသခင်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ငါ​တို့​၏​ဘာသာ​စကား​များ​ဖြင့် ပြောဆို​နေ​ကြ​သည်​ကို ငါ​တို့​ကြား​ရ​ပါ​သည်​တကား”​ဟု ပြောဆို​ကြ​၏။


အုပ်ချုပ်မှု​များ​နှင့်​အာဏာစက်​များ​ကို​လည်း အစွမ်းမဲ့​စေ​၍ လက်ဝါးကပ်တိုင်​အားဖြင့် ၎င်း​တို့​ကို အောင်ပွဲ​ခံ​ပြီး အများတကာ​ရှေ့တွင် ထင်ရှား​စွာ​အရှက်ကွဲ​စေ​တော်မူ​၏။


သူ​တို့​သည် ပလ္လင်​တော်​ရှေ့​၌​လည်းကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် သက်ကြီးဝါကြီး​တို့​၏​ရှေ့​၌​လည်းကောင်း သီချင်း​သစ်​ကို​သီဆို​ကြ​၏။ ကမ္ဘာ​မြေကြီး​ပေါ်မှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​မှတစ်ပါး မည်သူ​က​မျှ ထို​သီချင်း​ကို​မ​သင်ယူ​နိုင်​ပေ။


သူ​တို့​သည် သိုးသငယ်​တော်​နှင့်​စစ်တိုက်​ကြ​လိမ့်မည်။ သို့သော် သိုးသငယ်​တော်​သည် သူ​တို့​ကို​အနိုင်ရ​တော်မူ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် အရှင်​တကာ​တို့​၏​အရှင်၊ ဘုရင်​တကာ​တို့​၏​ဘုရင်​ဖြစ်​တော်မူ​၏။ ကိုယ်တော်​နှင့်အတူ​ရှိ​သော​သူ​များ​သည်​လည်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ၊ ရွေးကောက်​ခံရ​သော​သူ​နှင့် သစ္စာ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏”​ဟု ဆို​၏။


ငါ​သည် အောင်မြင်​၍ ငါ့​ခမည်းတော်​နှင့်အတူ ခမည်းတော်​၏​ပလ္လင်​ပေါ်တွင်​ထိုင်​ရ​သကဲ့သို့ အောင်မြင်​သော​သူ​အား ငါ​၏​ပလ္လင်​ပေါ်တွင် ငါ​နှင့်အတူ​ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​မည်။


ထို့နောက် သူ​တို့​သည် သီချင်း​အသစ်​ကို​သီဆို​လျက် “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ ၎င်း​၏​တံဆိပ်​များ​ကို​ဖွင့်​ရန် ထိုက်တန်​သော​သူ​ဖြစ်​ပါ​၏။ အကြောင်းမူကား ကိုယ်တော်​သည် အသေ​သတ်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​သွေး​တော်​အားဖြင့် မျိုးနွယ်စု၊ ဘာသာ​စကား၊ လူမျိုး​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​ထဲမှ လူ​တို့​ကို ဘုရားသခင်​အတွက် ရွေးနုတ်​ဝယ်ယူ​ပြီး


ထိုအခါ ငါ​ကြည့်​လိုက်​ရာ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​၌ လေး​တစ်​လက်​ပါ​၏။ သူ​သည် သရဖူ​တစ်​ခု​ကို​ရရှိ​ပြီး အောင်မြင်​ခြင်း​အပေါ်၌ ဆက်၍​အောင်မြင်​ရန် ထွက်ခွာ​သွား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ